Wednesday, July 22, 2015

သွားလာ စားသောက်-၃

ကဲ.. ရှည်ကြာနေသော ခရီးသွားပို့စ်လေးလာပါဘီ.. ခရီးသွားပို့စ်ဆိုတာထက် စားသောက်စရာပုံတွေချည်းပဲဆို ပိုမှန်ပါ့မယ်.. ထူးထူးထွေထွေ ဒေသန္တရ ဗဟုသုတလည်း မပါလေတော့ သွားလာစားသောက်လို့သာ နာမည်ပေးလိုက်ပါတော့မယ်..
ပြီးခဲ့တဲ့ အေပရယ်လတုန်းက ချင်းမိုင်ကိုရောက်ပါတယ်.. ဘာလို့သွားတယ် ဘာ့ကြောင့်သွားတယ်ဆိုတာကိုတော့ အရင်ပို့စ်တခုမှာ ရေးဖူးပြီးသားပါ.. အဲ့တုန်းက စားသောက်ခဲ့တာလေးတွေပါ..
ဒါကတော့ ချိစ်ကို ရေညှိနဲ့အုပ်ကြော်ထားတာပါ.. အီစိမ့်တာကို ကြိုက်သူမို့.. အရမ်းအဆင်ပြေပါတယ်..
မထူးဆန်းတဲ့ ကိုးရီးယန်း ထမင်းဘူးပေါ့..
ဒါလည်း အထူးတလည်မဟုတ်တဲ့ ဘီဘင်ဘတ်ခေါ်တဲ့ ကိုးရီးယန်း ထမင်းသုပ်ပါ..
ရောက်ရောက်ချင်းညမှာ အနီးနားရှိတဲ့ Maya ဆိုတဲ့ shopping mall က Tudari Express ဆိုတဲ့ ကိုရီးယားဆိုင်မှာ စားတာပါ.. နောက်လည်း ကျနေဘီဆိုတော့ ဘာမှလည်း ရွေးစရာသိပ်မရှိတာနဲ့ တွေ့တဲ့ဆိုင် ကောင်းမယ်ထင်တဲ့ဆိုင် ၀င်လိုက်တာ... ကောင်းတယ်လို့ပြောရမယ်.. ဈေးလည်း အတော်အသင့်ပါပဲ.. မပေါသလို ဈေးလည်း မကြီးဘူး..
နောက်နေ့မနက်ကျတော့လည်း အဲ့လိုပဲ.. အနီးနားမှာ ရှိတာတွေလျှောက်ကြည့်ရင်း အင်ဒီးယန်းဆိုင် တဆိုင်တွေ့တယ်.. ဆိုင်တောင်မဖွင့်သေးဘူး.. ပြင်ဆင်တုန်း.. ဒါနဲ့စားလို့ရမလားဆိုတော့ အစုံတော့မရသေးပေမင့် တချို့တ၀က်တော့ရမယ်ဆိုတာကြောင့် ၀င်စားဖြစ်တယ်.. ဒါက chicken tikka ပါတဲ့.. ကြက်သားကို ဒိန်ချဉ်နဲ့ နှပ်ပြီး ကင်ထားတာလို့ထင်တယ်.. နူးညံ့ပီး အတော်စားကောင်းတယ်..
သတ်သတ်လွတ် ထမင်းဆက်လိုက်.. ပဲဟင်းရယ်.. ဟိုဘက်ကဘာခေါ်လဲမသိ.. ဒါလည်း အတော်စားကောင်း.. ဆန်လေးဒေကလည်း ကော့ညွတ်ပီး စင်းနေတာပဲ..
ကြက်သား ဒန်ပေါက်.. မွှေးပြီး အရမ်းစားကောင်းတယ်.. မအီဘူး..
ပြောရမယ်ဆိုရင်တော့ တကယ့်ကို စားကောင်းတဲ့ဆိုင်လေးပါ.. တပတ်လောက်နေတဲ့တလျှောက်မှာ ၃ခါလောက်ရောက်ဖြစ်တယ်ထင်တယ်.. Accha Fusion India ဆိုတဲ့ဆိုင်လေးပါ.. ဆိုင်ရှင်တွေက သဘောကောင်းတဲ့အပြင် အင်္ဂလိပ်စကားကိုလည်း မွှတ်နေအောင်ပြောနိုင်ပါတယ်.. စာဖတ်သူလူကြီးမင်းဟာ ယိုးဒယားကို ရောက်ဖူးမယ်ဆိုရင်ဖြင့် ဒီစကားကို ဘာလို့ထည့်ပြောလည်း သိနိုင်ပါမယ်.. မရောက်ဖူးဘူးဆိုရင်ဖြင့် ယိုးဒယားမှာ အင်္ဂလိပ်လိုမွှတ်နေအောင်ပြောတတ်တဲ့ ဒီလို local ဆိုင်လေးတွေအရမ်းရှားလို့ပါ.. လက်ဟန်ခြေဟန်နဲ့ပဲ ကိုယ်ပြောတာ သူနားမလည်.. သူရှင်းပြတာ ကိုယ်မသိနဲ့ ဖြစ်တတ်ပါတယ်..
ဒီလို သစ်ပင်ရိပ်လေးမှာ ထိုင်စားရတာ..
ခုနက အင်ဒီးယန်းစာလေးဒေစားပီး မ၀လို့ ဒါတွေထပ်စားပါတယ်.. ဟိုးဘက်ကဟာလေးက whoopie pie လို့ခေါ်တဲ့ဟာလေးပါ.. ၂ခုလုံးကိုယ်စားတာပါ.. ကော်ဖီလည်း ကိုယ်သောက်တာပါ.. ခုနက ထမင်းတလုံးနဲ့ကြက်ကင်ကလည်း ကိုယ်ပါပဲ.. ငိငိငိ..
ဒီဆိုင်မှာ ကိုယ်မကြိုက်တာမရှိသလောက်ပဲ.. ပတ်ဖ်တွေကလွဲရင် အကုန်ကြိုက်တယ်.. အကုန်နီးပါးလည်း တနေ့တမျိုးစားခဲ့တယ်လေ..







ဒါတွေက မြင်မြင်ရာ ရိုက်လာတာဒေပါ.. Central festival လို့ခေါ်တဲ့ shopping center မှာပါ...
အဲ့မျိုးဒေလျှောက်ရိုက်ပြီး ဒါမျိုးလေး ၃ထုပ်ဝယ်စားတယ်.. ကြက်တောင်ပံသေးသေးလေးဒေရယ် ၀က်သားကြော်ရယ် ငါးဖယ်ကြော်ရယ်.. ငါးဖယ်ကိုတော့မကြိုက်ဝူး.. တုံ့ယမ်းအရသာစူးတယ်.. ၀က်သားကလည်း အနဲငယ်မာ.. ကြက်သားကြော်တခုပဲကြိုက်မိတယ်..


ဖုကုတ်က ဟိုဟိုဒီဒီဒေပါ.. မကောင်းပါဘူး..



ညဘက်ကျတော့လည်း နီးနီးနားနား လျှောက်ရှာတာ ဘာမှမတွေ့တာနဲ့ ဆလတ်နဲ့ပဲညားပါတယ်.. Salad concept ဆိုတဲ့ဆိုင်ပါ.. လူတွေအများကြီးတော့ လာစားကြတယ်.. ဆလတ်ဆိုတော့ ကိုယ့်အကြိုက်မဟုတ်ဘူးလေ..
နောက်တနက် မနက်စာ... အဲ့တော့မှ ၀ယ်တဲ့ ခွက်အသစ်စက်စက်.. :P
ချောကလက် ဘရောင်နီနဲ့ ချောကလက် မာ့ဖင်.. မိုခါးကာဖီရည်..


နေ့လည်စာကို.. MK ဆိုတဲ့ ဟော့ပေါ့ဆိုင်မှာ ဘဲကင်နဲ့ ၀က်ခေါင်ကင်စားတယ်.. Central festival မှာပဲ..
ကိုယ်သိပ်ကြိုက်တဲ့ Kane Mochi ဆိုတဲ့ ရေခဲမုန့်ပါ.. အိစိအိစိနဲ့ ...
အပေါ်ကလို ရေခဲမုန့်နဲ့ရောစားလို့ရသလို သူ့ချည်းပဲလည်း စားလို့ရတယ်.. ကိုယ်ကတော့ သူ့ချည်းသက်သက် စားရတာပိုကြိုက်တယ်..
အာ့လိုဒေ နေ့လည်စာ စားသောက်ပြီး ညနေပိုင်းကျတော့ ဒါမျိုးလေး အဆာပြေဆွဲသေးတယ်..
အဲ့နေ့ညက ညစာစားတဲ့ဆိုင်က မှောင်တော့ ဘာပုံမှမရိုက်ခဲ့ရဘူး.. ညစာမစားဘူးထင်နေမဆိုးလို့.. :P
နောက်နေ့မနက်ဘရိတ်ဖတ်.. ချောကလက်ကိတ်ရယ် ဟိုးဘက်က ချိစ်ဒေနဲ့ ဆင်းဒ၀စ်လိုဟာက ကိုယ်စားတာ.. အပေါ်မှာ ချိစ်...အထဲမှာက ဟမ်နဲ့ချိစ်.. ခိခိ..



ဒါဒေက နေ့လည်စာ.. ဘေးချင်းကပ်ရက်နားမှာရှိတဲ့ ဆိုင်လေးက.. ကြက်ဆီထမင်းရယ် အကြော်အလှော်လေးဒေရယ် သရက်သီးသုပ်ရယ်.. ကောင်းမှကောင်း..

ချင်းမိုင် နိုက်ဘဇားက ဆိုင်လေးတဆိုင်.. နိုင်ငံတကာ ဘီယာပေါင်းစုံရတယ်.. ဆိုင်နာမည်တော့မသိ.. မဆိုးပါဘူး.. သိပ်စားအကောင်းကြီးထဲကတော့ မဟုတ်ဘူး..
 အုန်းရေ၀ယ်သောက်တယ်.. အထဲကို ရေခဲလေးဒေပါထည့်ခိုင်းတယ်.. ချင်းမိုင်မှာ ဈေးဆိုင်တခုခုကိုသွားရင် ဗမာလိုအရင်ပြောတယ်.. သူတို့ နားမလည်ဟန်ပြမှ အင်္ဂလိပ်လိုကိုယ်ပြောတယ်.. ၅ဆိုင်မှာ ၃ဆိုင်လောက် ဗမာလိုပြန်ပြောတယ်.. :) အထူးသဖြင့် ညဈေးမှာပေါ့..
အဲ့တလောလေးက ဖေ့ဘုတ်မယ် တအားရှဲကြတဲ့ ရေခဲမုန့်လိပ်ပေါ့... မြင်တဲ့အတိုင်းပဲ အပေါ်က ခရင်မ်ဒေ အစာပလာဒေအရမ်းများတော့ အီစိမ့်နေတာပဲ.. အီစောင့်နေတာပဲဆို ပိုမှန်မယ်.. ညဈေးမှာပဲ..

ညဈေးမှာ ရိုက်ခဲ့တဲ့ပုံလေးတွေပါ.. အမြဲလိုလို လက်ထဲမှာ စားစရာတခုခုအမြဲရှိနေတော့ ဓါတ်ပုံရိုက်ဖို့က သိပ်မလွယ်ပါဘူး... :P
နောက်နေ့မနက်ကျတော့ စပ်စပ်ဆော့ဆော့နဲ့ အွန်လိုင်းကနေ မုန့်မှာ စားပါတယ်.. ဘာခရက်ဒစ်ကတ်မှမလိုဘဲ မှာလို့ရတယ်.. လာပို့တယ်.. Mac တွေက မှာလိုက်တာတာပါ.. website နာမည်တော့ မမှတ်မိတော့ဘူး..
ပြီးတော့ Promenada လို့ခေါ်တဲ့ resort mall ကိုသွားပါတယ်.. လှတပတလေးတွေ လုပ်ထားပေမင့် ခြောက်ခြောက်ကပ်ကပ်နဲ့ ဘာမှဝယ်စရာမရှိတာနဲ့ အဲ့မိုချိကိုပဲ ထပ်စားခဲ့တယ်.. အဲ့နေ့ညက ဘယ်မှာရှိမှန်းမသိတဲ့ဆိုင်ကို ရှာရင်းနဲ့ ဘာမှန်းမသိတဲ့ဆိုင်မှာ ၀င်စားမိတယ်.. ဆားဗစ်လည်း မကောင်း.. ကြာကလည်း ကြာ.. လှေလိုဟာကြီးပေါ်မှာ လှုပ်တုတ်တုတ်စားရတာဆိုတော့ စိတ်တိုတာနဲ့ပဲ ဘာပုံမှ မရိုက်ခဲ့ပါဘူး..

နောက်နေ့ကျတော့လည်း မရိုးနိုင်တဲ့ အဲ့ဆင်းဒ၀စ်နဲ့ ကာဖီပါပဲ.. ရောက်တုန်းလေး စားရတာကိုးး...
မနက်စာစားပြီးတော့ သူတို့ဆီက ရေပူစမ်းဆိုတာကို သွားကြပါတယ်.. ဝေးတော့ဝေးတယ်.. ၁-၂နာရီလောက်တော့ မောင်းရတယ်ထင်တယ်.. ပူပူလောင်လောင်မှာ ရေပူစမ်းသွားတာဆိုတော့ သိပ်တော့ မသာယာလှဘူးပေါ့.. ဆောင်းတွင်းဆိုရင်တော့ အဲ့ဒီ့ဘက်မယ် အရမ်းအေးတယ်တဲ့... အခုလည်း ပူနေပေမယ့် လူတွေတော့ အများကြီးပဲလေ.. သူတို့လိုကယ်လ်တွေပါပဲ.. အေးအေးလူလူ ထမင်းချိုင့်ထုပ်ပြီး လာအပန်းဖြေကြတာပါပဲ..  ထုံးစံအတိုင်း ရေပူစမ်းကြက်ဥတော့ စားခဲ့သည်ပေါ့... သူတို့ဆီက ကြက်ဥပြုတ်ခြင်းထဲမှာ ပဲငံပြာရည်ထုပ်လေးတခါတည်း ပေးထားတယ်.. အဲ့တာနဲ့တို့စားပေါ့.. ကိုယ်ကတော့ မကြိုက်တတ်လို့ ဆားတဘူးဝယ်ရတယ်.. ဆားကတော့ အထုပ်မရှိဘူးတဲ့လေ.. ကွကိုယ်ပဲ ဓါတ်ပုံရိုက်နေလို့ ဘေးပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ဖို့တော့ ဘယ်တော့မှသတိမရပါဘူး.. အပြန်ကြတော့မှ သူတို့ အ၀င်နားက ပန်းခြံလေးကို ဓါတ်ပုံရိုက်ခဲ့တယ်..
 အဲ့ကအပြန် Huay Tung Tao Lake လို့ခေါ်တဲ့ တောင်ခြေလေးမှာရှိတဲ့ ကန်လေးကို သွားလည်ကြပါတယ်.. အသံဘယ်လိုထွက်ရမှန်းတော့မသိပါဘူး.. သူတို့ဆီက လိုကယ်လ်တွေ အသွားများတဲ့နေရာလေးပေါ့.. အဲ့ကန်ထဲမယ် ရေဆော့ကြပါတယ်.. နေရာလေးကတော့ အရမ်းသာသာယာယာလေးပါ... ဒေသခံမပါရင်တော့ အဆင်မပြေလောက်ဘူးထင်ပါတယ်.. အဲ့နားက ဆိုင်လေးတွေက အင်္ဂလိပ်စကားနားမလည်ကြပါဘူး..
ဒီလိုတဲလေးတွေထဲမှာ ထိုင်စားရတာ..



သင်ပေါင်းပိုးနဲ့တူတယ်.. သင်ပေါင်းပိုးတော့မဟုတ်ဘူးး...
ဟင်းအရသာလေးတွေက ကောင်းတယ်ပြောရမယ်.. အကုန်အစပ်အဟပ်တည့်တယ်...
မြို့ထဲကို ပြန်လာတော့ အေးအေးလူလူ အအေးသောက်ကြမယ်ဆိုတာနဲ့ ကာဖီရည်ထပ်သောက်ပါတယ်.. မန်းဂိုး ချိစ်ကိတ်ပါ.. စိမ့်စိမ့်ချိုချိုလေး.. သမီးတို့အကြိုက်မွန်းလိုက်ပါပဲ..

ညစာကို အင်ဒီးယန်းဆိုင်လေးမှာပဲ ထပ်စားပါတယ်.. Nan လို့ခေါ်တဲ့ နံပြားပါပဲ.. ထောပတ်နံပြား.. မွှေးမွှေး အိအိလေးပါ.. မရိုးနိုင်တဲ့ ဒံပေါက်နဲ့ ဒီဘက်က Chicken vindaloo လို့ခေါ်တဲ့ ကြက်သားဟင်းပါပဲ.. အနှစ်တစက်ကျံထိအောင် ကောင်းပါတယ်...


နောက်နေ့ကျတော့ မနက်စာစားလား မစားလား မမှတ်မိတော့ဘူး.. ဓါတ်ပုံမရှိတော့လို့... နေ့လည်စာ အုန်းနို့ခေါက်ဆွဲလိုဟာနဲ့ မုန့်ကြာစိအုန်းနို့လိုဟာမျိုးကိုစားတယ်.. ဈေးသည်က ကိုယ်ပြောတာပဲနားမလည်တာလား အကြောပဲမာတာလားမသိ.. အဲ့မုန့်ကြာစိထဲကို ရေခဲထည့်ပေးလို့ရလားဆိုတာကို မရဘူးဇွတ်ညင်းတယ်.. ဒါနဲ့ ကိုယ်ကလည်း အပူမစားချင်.. အာ့ကိုလည်း စားရမှဖြစ်မယ်ဆိုတော့ကာ..... အုန်းရည်တခွက်ဝယ်သောက်တယ်.. သူ့မုန့်ကြာစိမှာပြီး အုန်းရည်ထဲက ရေခဲဒေအားလုံးပစ်ထည့်ပြီး စားပလိုက်တယ်လေ.. Airport Plaza မှာပါ..
ဒီမှာကလည်း ဇာတ်လမ်းရှိတယ်.. ကိုယ်က ဒီ Airport plaza ဆိုတာကို လွန်ခဲ့တဲ့ ဘယ်နနှစ်ကမှန်းမသိရောက်ဖူးတယ်.. ခြောက်ခြောက်ကပ်ကပ်နဲ့ .. ဟိုမစုံဒီမစုံပေါ့.. ဒါပေသိ အမေက ဒီကို သိပ်သွားချင်တယ်.. ကိုယ်ကလည်း မစုံတော့ မသွားချင်ဘူးပေါ့.. ဒါနဲ့ Central festival ကိုပဲ ၂ရက်လောက်ရောက်တယ်ထင်တယ်.. ဒီကို နောက်ဆုံးပြန်ခါနီးရက်မှရောက်တော့ အချိန်ကလည်း မရှိတော့ ၀ယ်ချင်တာတွေကမကုန်နဲ့.. အမေဆိုတာ တဗျစ်တောက်တောက်.. အစတည်းက ငါလာမယ်ပြောရဲ့သားနဲ့ဘာညာပေါ့.. ကိုယ်ဆိုတာလည်း ဇက်ပုပြီး ဘာမှပြန်မပြောနိုင်ဘူးလေ.. အခုကြတော့ ဒါကြီးက ကြီးကျယ်ခမ်းနာပြီး ဆိုင်တွေက ဟို ဖက်စတေဗယ်လ် ဆိုတာကြီးထက်စုံ ဒိကောင့်ဒေကလည်း အကြီးကျယ်ချတောကိုး..



ညကျတော့ အဲ့မရိုးနိုင်တဲ့ အင်ဒီးယန်းစာလေးကို ထပ်စားပြန်ပါတယ်..
နောက်နေ့ကျတော့ ပြန်မဲ့ရက်.. မနက်စာ.. မိုခါးနဲ့ဆင်းဒ၀စ်..
လေဆိပ်ဆင်းခါနီးကျတော့ အချိန်ပိုနေလို့ လေဆိပ်နီးနီးနားနားက ဆိုင်လေးတခုမှာ စားကြတာ..
 ဖတ်ထိုင်း..
 သင်္ဘောသီးထောင်းလေး အစားပိတ်.. အာ့လို ဆိုင်ဒေက သင်္ဘောသီးထောင်းကို သိပ်ခံတွင်းမတွေ့ဘူး.. လမ်းဘေးလိုဟာမျိုးကမှ ပိုစားကောင်းသလိုပဲ.. ဒါတွေက နိုင်ငံခြားသား အကြိုက်ပြုပြင်ထားတဲ့စတိုင်မျိုး..
 သံပုရာရည်နဲ့ လက်ဖက်ရည်..
 ဖရဲသီးကကိုယ်သောက်တာ..
ဒီမုံ့ကြာစေ့လေးလည်း အစာပိတ်ပေါ့...
ကဲဒါပါပဲ.. ပြီးပါပြီ..
နောက်ထပ်ပုံတွေ ထပ်ရှိလာတာမို့ ဒီပို့စ်ကို အမြန်ပြီးအောင်ရေးလိုက်တာပါ....
ဒါမျိုးပုံတွေချည်းပဲ နောက်ပို့စ်တခုထပ်တင်ဦးမယ်.. :)

No comments:

Post a Comment