Monday, December 14, 2015

ကျွန်မနှင့်မင်္ဂလာဆောင်အလွဲများ

လွဲတာတွေကများလွန်းလို့ မင်္ဂလာဆောင်ခါနီး တရက်အလိုကဟာတွေလောက်ပဲပြောပါတော့မယ်..
မင်္ဂလာဆွမ်းကျွေးမတိုင်ခင်တရက် နေ့လည် ၁ နာရီလောက်ကစပြီး ရန်ဖြစ်လိုက်တာ ညနေ ၄နာရီလောက်မှ ထမင်းသုတ်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ပြီး ဘုန်းကြီးကျောင်းမှာ ပန်းကန်သယ်ချင်းအမှုကိုပြုနိုင်တယ်.. ဘုန်းကြီးကျောင်းက ဟင်းချက်ရုံမှအပ ဘာမှမလုပ်ပေးနိုင်ဘူးရယ်လို့ အတိအလင်းပြောကြားပြီး ပန်းကန်လာသယ်ပေးဆိုတာကြောင့် ထိုနေ့ညနေမှာ ပန်းကန်သယ်ခြင်း ပန်းကန်ရွေးခြင်း (အပဲ့များမှ အကောင်းကို ရွေးထုတ်ခြင်း) ၊ ပန်းကန်စီခြင်းအမှုကို ပြုလုပ်ရပေသည်... အိမ်ပြန်ရောက်တော့ ၇နာရီကျော် ၈နာရီထိုးခါနီးပြီ.. အဲ့အချိန်ထိ လက်သည်း ခြေသည်း အလှပြင်ခြင်းအမှုကိုလည်း မပြုရသေးတော့ ရေကမန်းကတန်းချိုးပြီး လမ်းထဲက အလှပြင်ဆိုင်ကို ချီတက်တော့ ၈နာရီခွဲ.. ဒါနဲ့ လက်သည်းခြေသည်းလုပ်.. ဒီဇိုင်းရွေးရတာလည်း မူးလာတော့ လှမဲ့ပုံသာကြည့်လုပ်ပေတော့လို့ လုပ်ပေးတဲ့ ကလေးမကိုပြောတော့.. ၁၀ နာရီခွဲသွားတယ်.. သူလုပ်ချင်တာထိုင်လုပ်တာ.. ပက်ဆံရှင်းတော့ ၄၄၈၀၀ တိတိကျတာကို ၈၀၀ လျှော့ပေးရှာတယ်.. ထမင်းမစားရသေးတာ အတော်ပဲဖြစ်သွားတယ်.. တခါတည်းရင်ကိုခံရော.. အဲ့အချိန်ထိ လက်ဖွဲ့ကမ်းကို မရွေးရသေးတာကြောင့် စမ်းချောင်းကို ချီတက်ပြီး လက်ဖွဲ့ကမ်းသွားရွေး.. အိမ်နားပြန်ရောက်တော့ ၁၁ နာရီကျော်နေပြီ.. ချစ်သူက ဗိုက်ဆာပြီဆိုတော့ အိမ်နားမယ်ပဲ ဒုတ်ထိုးဝင်စား.. အိမ်ပြန်ရောက်တော့ ညသန်းခေါင်ပဲ.. ရောက်တာနဲ့ မျက်နှာပေါင်းတင် ဆားဝက်ခြံထုတ်နဲ့ ည၁နာရီကျော်မှ အိပ်ဖြစ်တယ်.. မနက်ကို ၅နာရီ မိတ်ကပ်ပြင်တဲ့သူလာမှာလေ.. ဒါနဲ့ပဲ နှိုးစက်မြည်တော့ ဖုန်းသံကိုပိတ်ပြီး ချစ်သူက လက်ထဲဖုန်းထဲ့ပေးတယ်... ၂ယောက်သားပြန်အိပ်ပျော်သွားတာ.. ၄း၄၅မှာ မိတ်ကပ်လာပြင်တဲ့သူဆီက အိမ်နားရောက်နေပြီဆိုတဲ့ ဖုန်းဝင်လာမှ လန့်ဖြန့်ပြီး လူးလဲထ.. ရေချိုးခန်းထဲအပြေးဝင်ရေချိုး.. ပြန်ထွက်လာတော့ ပြင်မဲ့သူတွေက စောင့်နေပြီ.. ဒါနဲ့လည်း အားမနာနိုင်ဘူး.. အိမ်သာလေးတော့ တခေါက်ပြေးတက်လိုက်သေးတယ်.. အမေ့ကို ပြင်နှင့်ဖို့ရာ သူကလည်း ကိုယ့်နီးပါးဆိုတော့ကာ.. အဲ့ချိန်ထိ အပြင်ခံဖို့ အဆင်မသင့်သေး.. ကိုယ်အိမ်သာက ထွက်လာတော့ အမေ့ကို ပြင်နှင့်နေပြီ..ဒါနဲ့ ကိုယ့်ကို ဆံပင်မှုတ်ပေးဖို့ ကိုယ့်ကို တကယ်ပြင်ပေးမဲ့ အလှဖန်တီးရှင်ရဲ့ အစစ်စတွန့်က သူ့အစစ်စတွန့်ကို ပြန်ညွှန်ကြားတယ်.. ကိုယ်လည်း ရတယ်ဆိုပြီး ကွကိုယ်မှုတ်လိုက်မယ်ဆိုပြီး ဆံပင်မှုတ်ရင်း အမေ့ပြင်တာ စောင့်နေလိုက်တယ်.. ဆံပင်ခြောက်တော့ ကော်ဖီသောက် ကပ်ကိတ်လေး တခုစားရင်း ထပ်စောင့်နေတုန်း.. အမေပြင်တာပြီးသွားတော့.. ကိုယ့်ကို ဆံပင်လိပ်မယ်တဲ့.. ဆံပင်အလိပ်ခံနေတုန်း မနေနိုင်မထိုင်နိုင်အောင် ဗိုက်ကရစ်ပြီးနာလာတာမို့ ဆံပင်လိပ်ပေးတဲ့သူကို တောင်းပန်ပြီး အိမ်သာပြေးတက်ရပြန်တယ်.. ကိစ္စပြီးတော့ ပြန်ထွက်လာ.. ဆံပင်ပြန်အလိပ်ခံနေတုန်းလေးပဲ.. ကိုယ့်ကို ပြင်ပေးမဲ့ အလှဖန်တီးရှင်က ၀ုန်းဒိုင်းဝုန်းဒိုင်းနဲ့ရောက်ချလာပြီး နောက်မှဆံပင်ဆက်လုပ်ဆိုပြီး မိတ်ကပ်စပြင်ပါတယ်.. မိတ်ကပ်ပြင်နေတုန်း ဟိုမေးဒီမေးတွေ ကိုယ့်ကိုမေးတော့.. ရုတ်တရက်ဆိုမညာတတ်တဲ့ ကိုယ့်အကျင့်ကြောင့် မထော်မနန်းတွေဖြစ်ကုန်ပါတယ်.. ပွဲကြီးလဲ သူနဲ့ပဲ အပ်ထားတာမှလားကစပါတယ်.. ကိုယ်ကလည်း မဟုတ်ဘူးပေါ့.. ဒါဆို ဘယ်မှာတုံးတဲ့.. နေရာမေးတယ်.. နောက်ဘယ်သူနဲ့တုန်းထပ်မေးတယ်.. ပီးတော့ သမီးကဒီပွဲကို သူနဲ့ပြင်ပြီး ပွဲကြီးကို အန်တီနဲ့ပြင်ရမှာလို့ ပြောပြီး ဆက်ပြင်သည်ပေါ့နော်.. ဒါနဲ့ပဲ ပြင်ပြီးသွားတော့ ၀ုန်းဒိုင်းဝုန်းဒိုင်းပဲ ပြန်သွားပါတယ်.. သူ့အစစ်စတွန့်က ကိုယ့်ကို ဆံပင်ဆက်လုပ်ပေးပေါ့.. အကုန်ပြီးစီးတော့... အိမ်သာတက်ချင်သေးတာမို့ အိမ်သာထပ်တက်ပါတယ်.. ဒါပေသိ မထွက်ဘူးပေါ့နော်.. ကဲမထူးပါဘူးဆိုပြီး သွားကြရအောင်ဆိုပြီး ဘုန်းကြီးကျောင်းကို ချီတက်ကြပါတယ်.. ဘုန်းကြီးကျောင်းကို ရောက်တာနဲ့ ဗိုက်က မတရားရစ်နာလာပြန်တယ်.. ဒါနဲ့ ချစ်သူကို ကားပေါ်ကဆင်းတာနဲ့ ချက်ချင်း အိမ်သာကိုသွားကြည့်ပေး.. ဘယ်သူနဲ့မှလည်း နှုတ်မဆက်နဲ့ ကျမကအရေးကြီးတယ် ဘာညာဆိုပြီး လုပ်ပါတယ်.. သူလည်း ကားပေါ်ကဆင်းတာနဲ့ သူ့အမျိုးတွေရောက်နှင့်နေတာတောင် ပြေးရင်းလွှားရင်း နှုတ်ဆက်သွားပြီး အိမ်သာကို သွားကြည့်တယ်.. မီးစိမ်းပြတော့ ကိုယ်လိုက်သွားပြီး ကိစ္စရှင်းတယ်ပေါ့.. ကိုယ်ပြန်ထွက်လာတော့ သိရတာ.. ပန်းကန်တွေက မနေ့က ကိုယ်စီခဲ့တဲ့အတိုင်းပဲတဲ့.. စားပွဲတွေပေါ်မရောက်သေးတဲ့.. ဘာမှလည်း မလုပ်ရသေးတဲ့.. မနေ့ညကပြောတော့ သူတို့လုပ်ထားမယ်ဆိုပြီး ကိုယ်တို့ကို ပြန်လွှတ်လိုက်တာလေ.. နောက်တော့ ဟင်းအိုးတွေကို မီးဖိုချောင်ထဲကနေ အပေါ်ဆောင်ကို ကားနဲ့သယ်တင်ရမယ်ဆိုပြီး ကိုယ်တို့ကို ထပ်ကျစ်တယ်.. ဘုန်းကြီးကျောင်းအလွဲတွေကို အကျယ်မချဲ့ချင်တော့လို့ အသေးစိတ်မပြောတော့ပါဘူး... အမေ့ကိုသာ ကြည့်စီစဉ်လိုက်တော့ဆိုပြီး ချစ်သူကို လက်ဆွဲခေါ် ဓါတ်ပုံဆရာကိုခေါ်ပြီး အလှပုံရိုက်ဖို့ထွက်လာခဲ့လိုက်တော့တယ်.. ဒါနဲ့ ဘုန်းကြီးကျောင်းဝင်းကို  ပတ်ပြီး ဓါတ်ပုံရိုက်ရင်း ခဏတဖြုတ်နေတော့ တယောက်က ဘုန်းကြီးတရားနာရတော့မယ်.. ဘုန်းကြီးကလူစုံတာနဲ့ကြွမယ်ဆိုတာကြောင့် ဓါတ်ပုံရိုက်တာကိုရပ် ကျောင်းပေါ်တက်ပြီး လူယောင်ပြရတယ်.. ဒါနဲ့လဲ ဘုန်းကြီးက ကြွမလာ.. ၁၀ မိနစ်လောက်နေတော့ မဟုတ်သေးဘူးဆိုပြီး ကိုယ်တိုင်ပြန်ဆင်းပြီး အဆင်သင့် ဖြစ်ပြီဆိုတဲ့အကြောင်းကို ထပ်ပြော.. ဒါလည်း ကြွမလာ.. မဟုတ်သေးပါဘူးပေါ့.. ခဏနေတော့ ကပ္ပိယက ကျောင်းပေါ်က ပန်ကာတွေကို တလုံးချင်း စိမ်ပြေနပြေလိုက်ဖွင့်.. မိနစ်၃၀လောက်နေတော့ ဘုန်းကြီးက တခြားကျောင်းက သွားပင့်တာတဲ့.. ငင် ဆိုပြီး အီလည်လည်ဆက်စောင့်ပေါ့.. ဒါလည်း ရောက်မလာ.. ကဲနေတော့ဟာ.. တရားလည်း မနာတော့ဘူး.. ဘာမှလည်း မကပ်တော့ဘူး.. လူကြီးတွေသာကြည့်လုပ်လိုက်တော့.. ကျမ ဓါတ်ပုံသွားရိုက်တော့မယ်.. လာ.. ဓါတ်ပုံဆရာရေဆိုပြီးခေါ်တဲ့အချိန်ကျမှ ဘုန်းကြီးက ကြွလာတယ်.. အော်.. ကဲ.. ဒါဆိုလည်း ထိုင်ပေါ့.. ငင်.. အဲ့အချိန်မှာ ကွကိုယ်ပြန်ကြည့်မိတော့ ဘယ်ဘက်လက်က လက်ရှည်အကျီင်္က ခေါက်လျက်သား... ဘုန်းကြီးကျောင်းရောက်ရောက်ချင်း အိမ်သာတက်တုန်းက ကိစ္စရှင်းတော့ ခေါက်တင်ထားတဲ့လက်တဖက်က ဒီတိုင်း.. ငွီ.. ဒါဆို ရိုက်သမျှ ရှိစုမဲ့စုအလှပုံအကုန်လုံးက လက်တဖက်ပုံးဆိုးပန်းဆိုး ခေါက်လျက်သားပေါ့.. သွားဘီလေ.. ဒါနဲ့ သီလယူဘာညာပီး ပစ္စည်းကပ်ပီးပြန်ဆင်းဖို့ လုပ်ပေမင့် ဘုန်းကြီးက ချက်ချင်းဆိုသလို တရားဆက်ပေးတာမို့ ဓါတ်ပုံဆက်ရိုက်ဖို့ အခွင့်မသာပြန်ဘူး.. တရားပြီးလို့ အောက်လည်း ဆင်းလာရော ကိုယ့်စောင့်နေတဲ့ အည့်သည်တွေက ရောက်နှင့်နေပြီ.. ဒီတော့ကာ ဘာပုံမှ ထပ်ရိုက်လို့မရတော့ဘဲ လိုအပ်သည်များကို စီစဉ်ညွှန်ကြားနဲ့ အည့်ခံခြင်းအမှုကိုစရတာနဲ့ပဲ ပြီးသွားလေသည်ပေါ့နော်.. ၁၂ထိုးတော့ ဓါတ်ပုံဆရာက ရိုက်စရာမရှိရင် ပြန်တော့မတဲ့.. နောက်တပွဲကူးစရာရှိတယ်ဆိုတော့ သူ့လည်း ဆွဲထားလို့မရတာနဲ့ ဓါတ်ပုံစခန်းကမပြီးလိုက်ဘူးပေါ့နော်.. ဒီဓါတ်ပုံကို ရိုက်ချင်လွန်းလို့မှ မင်္ဂလာဆောင်ကိစ္စ စစီစဉ်တည်းက ဓါတ်ပုံကိစ္စကို အရင်စုံစမ်း အရင်လုပ်နဲ့လုပ်ထားတာကိုလေ.. ခုတော့..
သူများတင်တဲ့ပုံတွေပြန်ကြည့်တော့လည်း စိတ်ကျေနပ်စရာမကောင်း... ဘုန်းကြီးကျောင်းရောက်မှ အိမ်သာတက်လိုက်တဲ့အမှုကြောင့် ထမီက ပုံမကျပန်းမကျနဲ့ ရင်ဘတ်ရောက်နေတာကိုတွေ့တယ်.. ငါ့နှယ့်နော်လို့ပြောပြီး စိတ်ပျက်ရုံအပြင် ဘာမှလည်း မတတ်နိုင်တော့ဘူးဆိုတော့ကာ....... အီတွင် နိတ်ထိတံပေါ့..

No comments:

Post a Comment