ချစ်သူမရှိတဲ့ ဘ၀က ခက်ခဲလွန်းပါတယ်..
အသက် ၂၂ နှစ်လုံးလုံး ချစ်သူမရှိဘဲ ဘယ်လို အသက်ရှင် ရပ်တည်ခဲ့လဲ ဆိုတာကို ခပ်မေ့ချင်ချင်ပါပဲ..
စဉ်းစားလို့တောင် မရဘူး...
ချစ်သူ ဖျက်ထားတဲ့ အကျင့်တွေကြားထဲမှာ ရှင်သန်နေထိုင်ရတာ တော့်တော့်ကို ခက်ခဲပါတယ်...
မနက်အိပ်ယာနိုးရင် စားဖို့သောက်ဖို့ ပူပန်ရတယ်.. အရင်က ကိုယ်စားဖို့ကို ချစ်သူက ကြားထဲက ၀င်ပူပန်ပေးတယ်..
ရုံးကို စောစောမရောက်မှာ ပူရတယ်.. ကားပါကင်မရမှာစိုးလို့... ၇း၃၀ လောက်ထိပေကပ်ပြီး အိပ်နေကျကို အခုဆို ၆နာရီမှာ အလူးလဲထရတယ်.. အရင်က ချစ်သူလိုက်ပို့ပေးတာကို အေးအေးဆေးဆေး ထိုင်စီးရတယ်... (ကားကျပ်လွန်းလို့ စောစောထပါဆိုတဲ့ ချစ်သူ့စကားကို ဘယ်တော့မှ နားမထောင်.. ချော့ပြောမရ ခြောက်ပြောမရတော့ နောက်ပိုင်း လက်လျှော့သွားတဲ့အထိကို ဆိုးတယ်)
ညနေရုံးပြန်ရင် မိုးရွာမှာ လမ်းမှာ ကားတခုခုဖြစ်မှာ ပူပန်ရတယ်.. မိုးရွာနေရင် မတိတ်မချင်း ရုံးမှာ ထိုင်စောင့်ရတယ်.. အရင်က မိုးရွာရွာနေပူပူ ချစ်သူ အချိန်မှန်လာကြိုတယ်..
(ချစ်သူကပြောပါတယ်... ခုဆို ညနေ ၄-၅နာရီလောက်ဆို... အကျင့်ပါပြီး ရုံးလာကြိုဖို့ ကားသော့ လိုက်ရှာနေမိတယ်တဲ့.. ကိုယ်ကိုယ်တိုင်ကလည်း ညနေဆို ချစ်သူလာတော့မလားဆိုပြီး ယောင်ယောင်ပြီး ဖုန်းကို ထိုင်ကြည့်နေမိတယ်.. :( )
အိမ်အပြန်လမ်း မီးပွိုင့်တွေက ကြာလွန်းတယ်.. ချစ်သူနဲ့တုန်းက ရန်ဖြစ်ရင်ဖြစ်.. မဖြစ်ရင်လည်း စကားတွေဖောင်ဖွဲ့နေရလို့ ဘယ်တုန်းကမှ ကြာတယ်လို့ မထင်ဖူးဘူး......
ဈေးဝယ်ထွက်ရင် ပစ္စည်းတွေ အရမ်းလေးသွားမလားဆိုပြီး တချို့ပစ္စည်းတွေ လိုရဲ့သားနဲ့ မ၀ယ်မိဘူး... အရင်က ချစ်သူက အကုန်ဝိုင်းသယ်ပေးတော့ ဈေးဝယ်ရတဲ့အမှုက အဲ့လောက်ခက်ခဲတယ်လို့ တခါမှ မထင်ထားခဲ့ဘူး... ခုတော့ ပစ္စည်းတွေအပြည့်နဲ့ ကားနားရောက်တာတောင် ကားတံခါးဖွင့်ဖို့ ခက်ခဲလွန်းတယ်.....
ကားပျက်နေရင် ပြင်ဖို့ကို ပိတ်ရက်ရောက်တဲ့အထိစောင့်ရတယ်..... အရင်က ချစ်သူကပဲ တနေကုန် တနေခန်း ကားသွားပြင်ပေးတယ်...
ရုံးဖွင့်ရက်တွေဆို ကားမစစ်နိုင်လို့.. ပိတ်ရက် အပြင်သွားခါနီး လှတပတ ၀တ်ဆင်ပြီးသားနဲ့ ကားစက်ဖုံးဖွင့်ပြီး ဆီ ရေ စစ်နိုင်တယ်.. တခါတခါ စက်ဂျီးတွေ ပေပြီး အပြင်ရောက်သွားတယ်... အရင်က ဒါမျိုးတွေဆိုတာ ပူရကောင်းမှန်းသိခဲ့တာမဟုတ်ဘူး......
ခုဆို သွားချင်တဲ့ နေရာတိုင်းကို မသွားနိုင်.. ပါကင်မှ ရပါ့မလား.. ရရင်ရော ပါကင်ထိုးဖို့ အဆင်ပြေပါ့မလား ပူပန်ပြီး နေရာတကာ မသွားရဲဘူး... အရင်က ဘယ်လောက်ကျပ်တဲ့နေရာဖြစ်ဖြစ် ချစ်သူကို ပို့ခိုင်းတယ်..
ကားပါကင်ခက်လွန်းလို့ Junction square လိုနေရာကို မသွားပါနဲ့လို့ ချစ်သူက တောင်းပန်တာတောင် အတင်းအဓမ္မ ဂျီကျပြီး ပို့ခိုင်းတတ်တယ်..
ငှက်ပျောသီး အခွံနွှာစားရတာတောင် ခက်ခဲလွန်းတယ် ထင်ရအောင် ချစ်သူက အစစအရာအရာ လိုက်လုပ်ပေးခဲ့တော့ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့အခါ လောကကြီးက မသာယာတော့ပါဘူး...
အဲ့လောက် သူများအပေါ် မှီခိုနေရမယ်လို့လည်း တသက်လုံး မစဉ်းစားဖူးဘူး.....
ခုတော့ ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်ရမှာပေါ့..... ကိုယ်မဟုတ်တဲ့ အခြားလူတယောက်အပေါ် ကိုယ့်ရဲ့ရပ်တည်မှု ကိုယ်ရဲ့ ပျော်ရွှင်မှုအားလုံးကို တည်မှီလိုက်တဲ့အတွက်....
ချစ်သူက သူစိမ်းတွေကြားထဲမှာ နေရတဲ့အတွက် သူလွမ်းတာက ပိုပါသတဲ့...
ကိုယ်ကတော့ နေရာတိုင်း အရာရာတိုင်းက ချစ်သူ အငွေ့အသက်တွေပဲမို့ ကိုယ်လွမ်းတာက ပိုပါတယ်လို့ပြောပါတယ်.....
အိပ်ယာနိုးတော့လွမ်း....
သွားရင်းလာရင်းလွမ်း....
စားရင်းသောက်ရင်းလွမ်း...
မိုးရွာတော့လွမ်း..
မီးပျက်တော့လွမ်း..
ဟင်းချက်ရင်လည်းလွမ်း..
အိပ်ခါနီးလွမ်း....
အိပ်မက်ထဲမှာ လွမ်း....
ပိုတယ်ပြောချင်ပြော.. အဲ့ထက်ကိုပိုလွမ်းပါတယ်......
No comments:
Post a Comment