Monday, May 26, 2014

ရည်းစားပူ

လာပါဦးမည်.. ချစ်သူ့အကြောင်း...း)
အရင်ပို့စ်တွေမှာ ရေးခဲ့တဲ့အတိုင်း ချစ်သူက ဘာမဆို လိုက်လုပ်ပေးလေ့ရှိပါတယ်....
သေးသေးကွေးကွေး ပုစိပေါက်စကိစ္စကအစ ချစ်သူပါမှ ပြီးပါတယ်.... လက်သည်းခြေသည်းကို ကိုယ့်ဟာကိုယ် မညှပ်တတ်ဘူး ဆိုတဲ့အမှုနဲ့အစပြုပြီး လက်သည်းခြေသည်းညှပ်တာက အစ ချစ်သူက လုပ်ပေးပါတယ်.. တခါတလေ ဆိုင်လိုက်ပို့ပေးပြီး များသောအားဖြင့်တော့ သူပဲ လုပ်ပေးတတ်တယ်...
မနက် ရုံးလိုက်ပို့.. မနက်စာကျွေးတဲ့ တာဝန်နဲ့.. ညနေရုံးလာကြိုတဲ့တာဝန်ကိုလည်း သူပဲယူထားပါတယ်..
အရင့်အရင် ရုံးနေရာတွေက အိမ်နဲ့ သိပ်မဝေးလှတော့ ကိုယ့်ဟာကိုယ် ကြုံသလိုသွားနေရင်းကနေ.. အိမ်နဲ့ ဝေးတဲ့နေရာမှာ လုပ်ရတော့ ကြိုတဲ့ပို့တဲ့ အလုပ်တခုပိုပါတယ်..... ၉ လလောက်ရှိပြီပေါ့.. အစကတော့ ဖခမည်းတော်က တာဝန်ယူထားပြီး နောက်ပိုင်း ခဏခဏခရီးထွက်တာ စိတ်လာတော့ ဒီဂျူတီက ချစ်သူဆီ လုံးလုံးရောက်သွားပါတယ်.... ကျမကလည်း တက်စီငှားစီးရင်ဖြစ်ရဲ့သားနဲ့ ကားငှားရခက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဂျီကျပါတယ်.. (တကယ်လည်း ငှားရခက်ပါတယ်)..
ဒါကရုံးကြိုရုံးပို့..
ဒါတင်ပဲလားဆိုတော့... မဟုတ်ပါဘူး.. ပိတ်ရက်မှာ.. ဒါမှမဟုတ် ညနေဘက်တွေမှာ သွားချင်သမျှနေရာတိုင်းကို လိုက်ပို့တာ.. စားချင်သမျှလိုက်ကျွေးတာလည်း ချစ်သူပါပဲ.. စီးတီးမတ်မှာ ဈေးဝယ်တာ.. တခါတလေ.. ဖိနပ်.. အိတ် အစရှိသည်ဝယ်တာကို လည်း မညီးမညူလိုက်ရပါတယ်.. (ဖိနပ်တို့ အိတ်တို့ ၀ယ်ရင် ဂျီးများတတ်လွန်းလို့ ၃နေရာလောက် မရောက်ဘဲနဲ့ မပြီးတတ်ပါဘူး)
နယ်က သူငယ်ချင်းတွေလာလို့ သွားတွေ့တာမျိုးဆိုလည်း ဘေးနားမှာ ငုတ်တုတ်လိုက်စောင့်ခိုင်းတတ်ပါသေးတယ်..
မင်္ဂလာဆောင်ဆိုလည်း ထိုနည်းလည်းကောင်း... အတူတူလိုက်ခိုင်းတာမျိုးရှိသလို... လိုက်ပို့ပြီး ဟိုတယ်မှာဆိုလည်း လော်ဘီမှာ ထိုင်စောင့်ခိုင်းတာမျိုးလည်းရှိတယ်.. 
နောက်ပိုင်း ချစ်သူက အလိုလိုက်တော့...... ချစ်သူကို ပိတ်ရက်ဆို ဘယ်မှ မလွှတ်တော့ပါဘူး..
ဘယ်သူငယ်ချင်းနဲ့မှ မသွားခိုင်းဘဲ ပိတ်ရက်မှာ ကျမနဲ့ပဲနေရမယ်ဆိုတဲ့ rule နဲ့ အနားမှာပဲခေါ်ထားပါတယ်...
ွှအဲ့တော့ တောက်တိုမယ်ရ ချစ်သူက အကုန်လုပ်ပေးရပါတယ်.. တခါတရံ စိတ်လိုလက်ရ ၂ယောက်သားဟင်းချက်စားမယ်ဆိုလည်း.. ကိုယ်က အမည်ခံ.. ချစ်သူပဲ ချက်ပါတယ်.. စားပြီးသောက်ပြီးလို့ ဆေးကြောစရာများနေလည်း ကူဆေးပေးပါသေးတယ်....
အသီးခွာတယ် ဘာညာဆိုလည်း ကိုယ်လုပ်တာ သဘောမကျလို့ သူပဲလုပ်ပေးပါတယ်..
ကော်ဖီဆိုလည်း ချစ်သူဖျော်တာမှကောင်းတယ်.. ချစ်သူဖျော်တာပဲ သောက်ချင်တယ်ဆိုပြီး ဂျီတော့.. ချစ်သူပဲဖျော်ပေးပါတယ်....
အိမ်ကခွေးလေး သွာျးေကျာင်းဖို့ အိမ်က ခိုင်းရင်လည်း ချစ်သူကို အပါခေါ်ပြီးကျောင်းပါတယ်....
(ခွေး ၂ကောင် ကျောင်းရတယ်လို့ ချစ်သူကပြောပါတယ်... ကျမကိုပါ အတင်းဆွဲပြီး လမ်းလျှောက်ခိုင်းရလို့ပါ)..
ကားမောင်းသင်တာကစလို့.. ကျွမ်းကျွမ်းကျင်မောင်းတတ် ပါကင်ထိုးတတ်အောင် သင်ပေးတာလည်း ချစ်သူပါပဲ.. လိုင်စင်ရဖို့ ၄-၅-၆ရက် လိုင်စင်ရုံးလိုက်ပို့ပေးရတာလည်း ချစ်သူပါပဲ..
အဲ့လို အစစအရာရာ လိုက်လုပ်ပေးတတ်တဲ့ ချစ်သူက တနယ်ရပ်ခြားမှာ အလုပ်လုပ်ဖို့ အချိန်ကျလာတော့ ရူးမလိုလိုဖြစ်သွားပါတယ်.. ငါဘယ်လိုနေခဲ့ရမလဲဆိုပြီး....
ဒါပေမဲ့ ဒီလိုပဲ အဆင်ပြေသွားလိမ့်မယ်လို့ တွေးထင်ထားခဲ့ပါတယ်.. ချစ်သူမရှိမှ ချစ်သူ မကြိုက်တာတွေလုပ်မယ်ဆိုတဲ့ အတွေးဆိုးတွေလည်း တွေးပါတယ်... (လက်သည်းရှည်ထားတာ.... ၀စေသော အစာတွေ နင်းကန်စားတာကိုပြောတာပါ)...
ဒီလိုနဲ့ သွားရတော့မယ်ဆိုပြီး နေ့ရွှေ့ညရွေ့ဖြစ်လာရင်းနဲ့ .. တကယ်လည်း သွားရတော့မယ်ဆိုပြီး ဖြစ်လာတော့..... ၂ပတ်လောက်အလိုကစပြီး တငိုငို တရီရီလုပ်ပါတယ်...
ချစ်သူကတော့ အမျိုးစုံချော့ရတာပေါ့....
ပြောရင်းနဲ့ ကျန်သွားတာက.. ဒီလောက်အလိုလိုက် .. နေရာတကာ အလျှော့ပေး လိုက်လုပ်ပေးနေတဲ့ကြားထဲကနေ... ကျမက ကိစ္စမျိုးစုံကို ပြသနာရှာပြီး ရန်ဖြစ်ပါသေးတယ်.. နေ့တိုင်းလိုလို ကိစ္စတခုမဟုတ် တခုနဲ့ ရန်ဖြစ်ကြပါသေးတယ်...
ဒီလိုနဲ့ မနက်ဖြန်လို သွားမယ်ဆိုတာကို ဒီနေ့လိုညမှာ ရန်ဖြစ်ကြတုန်းပါ.. လေဆိပ်ကို ကျမတယောက်တည်းပဲ ပို့ချင်ပါတယ်ဆိုတာကို သူငယ်ချင်းတွေခေါ်မယ်ဆိုတဲ့ အမှုနဲ့ပါ... ထုံးစံအတိုင်းနောက်ဆုံးတော့လည်း ချစ်သူကပဲလျှော့ပါတယ်..... အဲ့ဒါကိုလည်း လျှော့တဲ့မျက်နှာက ပြေပြေလည်လည် မဟုတ်ဘူးဆိုပြီး ပြသနာထပ်ရှာရင်း အတော်ကြာပါတယ်... သွားရမဲ့ရက်မှာတော့ စကားလည်းကောင်းကောင်း မပြောနိုင်တော့ပါဘူး.... ဖုန်းဆက်နော် .. မေ့မသွားနဲ့နော်ဆိုတဲ့ ရောက်မိရောက်ရာ စကားတွေပြောရင်း လေဆိပ်မှာ ငိုလိုက် ယိုလိုက်နဲ့ လိုက်ပို့ပါတယ်..
ပြောချင်တာက ခုမှစတာ...
အဲ့ဒီ့လေဆိပ်က ပြန်လာထဲက ငိုလိုက်တဲ့ အငိုဟာ အဲ့တညလုံးလဲ တိတ်မရဘူး.... နောက်နေ့တွေလည်း ရုံးတက်နေရပေမဲ့ ငိုချင်လာလိုက် အိမ်သာထဲဝင်ငိုလိုက်.. စားပွဲမှာ မသိမသာ မျက်ရည်သုတ်လိုက်နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ပါတယ်... လေယာဉ် ၃ ဆင့်စီးရတော့ wifi ရတဲ့နေရာကနေ ချစ်သူက ဆက်သွယ်ပါတယ်... ချစ်သူအသံကြားတော့ ငိုလိုက် ရီလိုက်ပါပဲ..
ဒီနေ့ဟာ ချစ်သူမရှိတဲ့ ၅ ရက်မြောက်နေ့ပါ..... ၃နှစ်လောက် အတူတူနီးပါးရှိခဲ့တဲ့ချစ်သူနဲ့ ဒီလိုမျိုးခွဲရတာ ဘယ်လိုမှ မသက်သာပါဘူး.... တခြားလူတွေတော့ ဘယ်လိုနေမလဲ မတွေးတတ်ပေမဲ့.. ပိုတယ်ကဲတယ် ပြောချင်ပြော.. ခုထိငိုတုန်းပါ.... ထမင်းလည်း ကောင်းကောင်းမစားနိုင်ပါဘူး.. နေ့ခင်းနေ့လည်း ရုံးမှာ အဖော်အပေါင်းနဲ့ စားလို့ ၀င်တာကလွဲရင် အိမ်ပြန်ရောက်ရင် စားချင်စိတ်လည်း မရှိပါဘူး....
လူတယောက်ပေါ်မှာ အရာရာမှီခိုမိတဲ့ အကျိုးအပြစ်ကတော့ ဒါပါပဲ..
ရူးတော့မလိုလို နှမ်းတော့မလိုလိုဖြစ်ပြီး... အလုပ်လုပ်တဲ့ ချစ်သူကိုလည်း မျိုးစုံ ဂျီကျ.. စိတ်မချမ်းသာအောင်လုပ်... ချစ်သူခမျာ ပင်ပန်းရတဲ့ကြားတဲ့ မကောင်းတဲ့ကွန်နက်ရှင်နဲ့ ကျမကို နည်းမျိုးစုံနဲ့ ချော့ရ စကားတွေ အများကြီးပြောရနဲ့....

တကယ်တော့ ကိုယ်စိတ်ဆင်းရဲသလို.. အဲ့ဒါတွေ မြင်ရကြားရတဲ့ ချစ်သူလည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး...
ဒါပေမဲ့လည်းလေ.. ကလေးဆန်တယ်ပြောချင်ပြော.. ခုချိန်ထိ စိတ်ကို ဘယ်လိုပြင်ဆင်ပြီးနေရမယ်ဆိုတာ မသိသေးပါဘူး...... ချစ်သူကိုလည်း စသွားတည်းက မရောက်သေးဘူး.. လမ်းခုလတ်မှာတင် ပြန်လာခဲ့ဖို့ ခေါ်ပြီးပြီ... နောက်လည်း မလွှတ်တော့ဘူးလို့ တကိုယ်ကောင်းဆန်စွာ ပြောပြီးပြီ... 



No comments:

Post a Comment