စပ်စပ်ဆော့ဆော့နဲ့ ဒီဇိုင်နာ တယောက်ဆီမှာ အပ်မိတော့ သူ့ဆီကို ၄-၅ ကြိမ်လောက်သွားရတယ်..
အစပေးရင်း ကိုယ်တိုင်းယူဖို့ တခါ... သူဒီဇိုင်းဆွဲပြီးတော့ ဒီဇိုင်းရွေးဖို့ တခါ.. fitting အတွက် ၂ ခါ.. (ပုံမှန်ဆိုရင်တော့ ၁ခါပေါ့ .. ပထမတခါက လုံးဝအဆင်မပြေတော့ ၂ခါ ဖြစ်သွားတယ်..) နောက်ဆုံး ရွေးတော့ တခါ.. စုစုပေါင်း.. ၅ ခါပေါ့... တခါတခါ ကြာတာကလည်း နာရီဝက်ကနေ ၁နာရီလောက်ကြာတတ်တယ်...
၅ခါလုံး ချစ်သူကိုယ်တိုင် မညီးမညူလိုက်ပို့ပေးပါတယ်... ဒီတိုင်းနေတော့ ချစ်သူက ဒါမျိုးတွေ လုပ်ပေးနေကျဆိုတော့ သိပ်မသိပါဘူး... အခြားလူ တယောက်က ဘေးကကြည့်တဲ့ အမြင်နဲ့ပြောလိုက်မှ သိသလိုလို ဖြစ်သွားတတ်တာ ကျမရဲ့ မကောင်းတဲ့ အကျင့်ပါ... (ကောင်းတဲ့ အကျင့်ကလည်း ခပ်ရှားရှားကိုး) .. အကျီင်္ချုပ်ပေးတဲ့ အမက .. မနေ့ညကချစ်သူကိုပြောလိုက်ပါတယ်.. " အရမ်း စိတ်ရှည်တယ်နော်.. အမြဲလိုက်စောင့်ပေးတယ်" ဆိုပြီး... ကျေနပ်လိုက်တာဆိုတာ.. အတိုင်းထက်အလွန်ပါပဲ.. အစစ အရာရာ လိုက်လုပ်ပေးလွန်းလို့.. မသိတဲ့လူတွေကဆို.. အမျိုးသားလား.. အိမ်ထောင်ကျပြီးပြီလား မေးကြပါတယ်... သွားနေကျ spa ကဆိုလည်း အဲ့လိုပဲမေးပါတယ်.. ချစ်သူက ဘာမှလုပ်တာ မဟုတ်ဘဲ ကျမအတွက်ကို အမြဲလိုလို ငုတ်တုတ်လိုက်စောင့်ပေးလို့ပါ.......
ဒါမျိုးကိစ္စတွေကို တော်ရုံတန်ရုံ ယောကျာ်းတယောက်က သူ့ချစ်သူ သူ့မိန်းမကို လိုက်လုပ်ပေးမယ်မထင်လို့ပါ... ကျမကိုယ်ကျမတော့ ရပိုင်ခွင့်လို့ထင်နေပေမဲ့.. အဲ့လို ဘေးလူတွေရဲ့ပြောစကားတွေကြောင့် ဒါဟာ လူတိုင်းရနေတဲ့ အခွင့်ရေးမဟုတ်ဘူးဆိုတာ သိလာရတယ်..

ချစ်စခင်စ ကြင်နာစမို့ မဟုတ်ပါဘူး... ချစ်သူသက်တမ်း ၃ နှစ်ပြည့်တော့မှာပါ.. နောင် နှစ်ပေါင်းများစွာမှာ ဘယ်လိုဖြစ်လာဦးမလဲဆိုတာ မသိပေမဲ့ .. ခုလောလောဆယ်.. ခုလို အချိန်လေးတွေကို အရမ်းကျေနပ်ပါတယ်.. ချစ်သူကို ကျေးဇူးလည်းတင်ပါတယ်.. ချစ်သူ့အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဆိုတော့ ဆက်ရန်များစွာ ရှိပါသေးတယ်..
No comments:
Post a Comment