ဆောင်းတွင်းရောက်ပြီဆိုတော့ ရှမ်းပြည်ဘက်သွားချင်တယ်...
ရှမ်းစာ စားချင်တယ်..
အဲ့တော့ ငါးထမင်းနယ်ကို စားချင်တယ်.. ဆိုင်လားတော့မသိ.. :P
တရက် ရုံးကိစ္စနဲ့ တောင်ကြီးဟိုတယ်တွေစုံစမ်းရတဲ့အခါ... ငါးထမင်းနယ်ကို ချက်ချင်းလက်ငင်းဆိုသလို စားချင်တာနဲ့ ခဏချင်းမှာပဲ သွားမယ်စားမယ်ဆိုပြီး ရုံးက အပေါင်းအဖော်တွေနဲ့ ဟက်ပီးကို လန့်ခ်ျအောက်ကြတယ်..
စားချင်နေတဲ့အချိန်မို့လား.. တကယ်ပဲ အရမ်းကောင်းတာလားတော့မသိ... အဲ့ဆိုင်က ငါးထမင်းနယ်ကို တခါမှမစားဖူးပေမဲ့ အရမ်းကြိုက်သွားတယ်... မိုးကုတ်ငါးထမင်းနယ်ပါတဲ့..
ကျိုင်းတုံဝက်အူချောင်း...
ကိုယ်သိပ်ကြိုက်တဲ့ ပဲကြာဇံ အော်စွန်းသုပ်.. အဲ့ဆိုင်ကို ရောက်တိုင်းစားဖြစ်တယ်...
ဖေ့ဘုတ်မှာ ခဏခဏတက်လာတဲ့ parfait ဆိုတဲ့ဟာမျိုးကို အတတ်စမ်းပြီး ဒိန်ချဉ်နဲ့လျှောက်လုပ်တာ.. ခရင်မ်နဲ့ဆိုရင်တော့ စားလို့ကောင်းမှာ သေချာပေမဲ့ ဒိန်ချဉ်နဲ့ဆိုတော့ ချဉ်တူးနေလို့ ဓာတ်ပုံသာရိုက်လိုက်နိုင်ပြီး တကယ်တမ်းတော့ မစားနိုင်ပါဘူး...
ဒါကတော့ whipping cream ကို ဘာမှမလုပ်ဘဲ ဒီတိုင်းဖောက်ထည့်ပြီး စတော်ဘယ်ရီထည့်ထားတာ..
whipping cream ကိုမခေါက်ဘဲ စားကောင်းချင်ရင် ရေခဲသေတ္တာအအေးခန်းထဲမယ် ထည့်ထားပြီး အတော်လေးခဲသွားမှစားရင် ခရင်မ်ခဲခဲ ပြစ်ပြစ်လေးရပါမယ်... ခုကတော့ လုံးဝ မစောင့်ချင်လို့ ဒီတိုင်းပဲ ထည့်လိုက်တာ..
ကိုးမိုင်မှာ Feel က ဆိုင်အသစ်ဖွင့်ပါတယ်.. တခြား Feel ဆိုင်ခွဲတွေလို ဆူညံပြီး ထိုင်စားရတာ စိတ်ချမ်းသာစရာမကောင်းတဲ့ ဆိုင်မျိုးမဟုတ်တာက အဓိက အဲ့ဆိုင်ကို ရောက်သွားစေတဲ့ အကြောင်းပြချက်ပါ... ဓါတ်ပုံကြည့်ပြီး ရောက်သွားခဲ့တာ.. တကယ်တမ်းလည်း သန့်သန့်ရှင်းရှင်းနဲ့ အေးအေးချမ်းချမ်းလေးဆိုတော့.. အစားအသောက်ကို အပြည့်အ၀ အာရုံပေးလို့ရတယ်လေ.. ပူလောင်အိုက်စပ်မနေတာကိုလည်း အမှတ်ပေးပါတယ်.. ဒါပေသိ.. လတ်တလော ခေတ်စားနေတဲ့ အခွန်တံဆိပ်ခေါင်းတော့ ဘောက်ချာမယ် မပါပါဘူး.. ဂါးဗားမင့်တက်စ်ဆိုပြီးတော့တော့ ရေးထားပြီး တောင်းပါတယ်.. အေးအေးဆေးဆေးရှိတဲ့ တနေ့တော့ ရစ်ပါဦးမယ်..
ပုံက အစုံသုပ်နဲ့ အင်းလေးငါးထမင်းနယ်ပါ.. အစုံသုပ်ကိုကြိုက်တယ်.. ငါးထမင်းနယ်ကတော့ ကိုယ့်အကြိုက်မဟုတ်ပါဘူး..
ဒီပို့စ်ကို ရေးလက်စနဲ့ဘဲ ဒရပ်ဖ်လုပ်ထားတာ.. ကြားထဲမှာ ၂ခါလောက် အဲ့ဆိုင်ကို ထပ်ရောက်ဖြစ်တယ်... အခုတော့ အခွန်တံဆိပ်ခေါင်းကပ်ပေးနေပါပြီ..
ဟိုတနေ့ကလည်း ဆရာစံလမ်းပေါ်က ယူနန်အကင်ဆိုင်မှာ.. တက်စ်ကို ၉၀၀ ကျော်ဆိုပြီး ထည့်တွက်ထားသည်ပေါ့... တံဆိပ်ခေါင်းလေးတွေကို မကပ်ဘဲ ၅ခုလောက်ထပ်ပြီး ဘောက်ချာမယ် စတေပလာနဲ့ ချုပ်ပေးလိုက်တယ်... တွက်ကြည့်လိုက်တော့ ၅၀တန် ၅ခု.. ၂၅၀ပဲရှိလို့ ပြန်ပြောတော့မှပဲ.. ၁၀၀၀ တန်ပြန်ပေးလာတယ်...
ဘာမှ မဟုတ်တဲ့ ရောက်တတ်ရာရာတွေပါပဲ...
No comments:
Post a Comment