ပုလဲကွန်ဒိုမှာ... အသစ်ဖွင့်တဲ့ဆိုင်တို့ရဲ့ထုံစံအတိုင်း ကြိတ်ကြိတ်တိုးပါတယ်... ညနေစာ စားချိန်ရောက်သွားတာမို့ စောင့်လည်းစောင့်ရပါတယ်.. ဆိုင်အပြင်က ခုံတန်းလေးမှာ တိုကင်ကတ်ပြားလေး ကိုင်ပြီး ထိုင်စောင့်ရတာပါ.... ဆိုင်အပြင်မှာ မီနူးကိုပြထားတာမို့ တခါတည်း ရွေးထားလိုက်တယ်... မိနစ် ၂၀ လောက်စောင့်အပြီး ခုံရပြီဆိုတဲ့အချိန်မှာ ဗိုက်ကလည်း အတော်ဆာနေပြီလေ.. မှာစရာရှိတာမှာပြီးတော့ သူတို့က ခုံမှာလာကြော်ပေးတာပါ.... စိတ်မရှည်ချင်စရာကောင်းအောင် ကြာတာပေါ့နော်.. ကိုယ်က မဟားတရားဆာနေပြီကိုး...
ပဲကြာဇံကြော်တဲ့.. စားပွဲထိုးလေးကြော်ပေးနေတဲ့အချိန်မှာ.. အဆာပြေစားထားနှင့်တာပေါ့.. ချိုတိုတိုလေးနဲ့ စားကောင်းတယ်ပြောရမှာပါ... ၆၀၀၀ လို့တော့ထင်တာပဲ..
မစားဖူးမသောက်ဖူးဆိုတော့ ကြက်ဥလိပ်ကြော်ပါမှာစားတယ်.. ကွကိုယ်ကြော်တာဆို ပိုကောင်းမယ်လို့ထင်တယ်.. အလေးစားသူမို့ သူ့ကြက်ဥကြော်က ပေါ့ရွှတ်ရွှတ်လိုဖြစ်နေတယ်.. ၃၀၀၀ တဲ့..
နောက်ဆုံးတော့ ပဲကြာဇံတပွဲကုန်သွားတဲ့ အချိန်မှာ ကြော်ပြီးသွားပါတယ်.. ကြော်ပြီးသားပုံကတော့ ဖျက်ပစ်လိုက်မိတယ်ထင်ပါတယ်.. ပို့စ်ရေးတဲ့အချိန်မှာ မရှိရှာတော့ဘူး... ကြော်တဲ့အထဲမယ် ထမင်းပါပါတယ်.. ပုံမှာမြင်ရတာက ၂ယောက်စာပါ.. ရေဘ၀ဲမထည့်ခင်အခြေနေ.. စကြော်ခါစ အချိန်ကပုံပါ... တယောက်စာကို ၁၀၀၀၀ လားမသိဘူး...
စုစုပေါင်း ၃၀၀၀၀ လောက်ကျပါတယ်... တက်စ်ကောက်ပြီး တံဆိပ်ခေါင်းကပ်မလာလို့ ပြန်ကပ်ခိုင်းရပါတယ်..
ပြောရရင်တော့ ပုံမှန်ပါပဲ... အရမ်းစားကောင်းလှချည်ရဲ့လို့လဲမဟုတ်ပါဘူး.. အပြန်ကျတော့လည်း ရွံစရာကောင်းလောက်အောင် အကျီင်္တွေမှာ ညှော်လာပါတယ်..
နောက်တခါ သွားစားမဲ့ ဆိုင်ထဲတော့ မပါပါဘူး...
နောက်ဆိုင်တဆိုင်က Rangoon Tea House ပါ.. မဖွင့်ခင်တည်းက ဖေ့ဘုတ်မှာတွေ့ပြီး စိတ်ဝင်စားနေတာ... ခုထိလည်း ဆော့ဖ်အိုးပင်းနင်းပဲရှိသေးတယ်... သွားချင်နေတာလည်း ကြာပြီ... ပန်းဆိုးတန်းမှာဆိုတော့ ကွကိုယ် နန့်နန့် နန့်နန့်နဲ့ သွားဖို့ စိတ်ကူးမရှိပါဘူး.. ချစ်သူကလည်း ပြန်လာတော့မှာဆိုတော့ ချစ်သူပြန်အလာကို စောင့်နေခဲ့တာ... စကားမစပ်ချစ်သူလည်း ပြန်ရောက်ပါပြီ... ၂ယောက်လုံးမျှော်လင့်ထားသလို ပြန်တွေတဲ့အချိန်မှာ ပျော်ရွှင်ကြည်နူး တစ်တီမတူးနိုင်ဘဲ.. ရန်ပွဲနဲ့စပါတယ်... ဖြစ်ပုံက သူ ကာစတမ်မဖြတ်ခင် ကျီးကြည့်ကြောင်ကြည့် ကြည့်နေတည်းက ကိုယ်က သူ့ကိုမြင်တယ်.. မျက်လုံးချင်းစုံအောင် လိုက်ကြည့်သော်ငြားမြင်နိုင်ဖွယ်မရှိတော့.. အေးအေးဆေးဆေး သူထွက်လာမဲ့ အပေါက်ကသွားစောင့်တယ်.. လေယာဉ် ၃ စီးလောက်ပြိုင်ဆိုက်နေတာဆိုတော့ လူတွေကတော့ရုတ်ရုတ်သဲသဲပဲ.. ကြာလှချည်လားဆိုပြီး ကာစတမ်ဘက်မြင်နိုင်တဲ့နား သွားထပ်ချောင်းတယ်.. မတွေ့.. ဒါနဲ့ ခုနက အပေါက်နား သွားထပ်စောင့်တယ်.. ကြာတယ်ပေါ့.. လူတောင်ကုန်တော့မယ်.. ဒင်းဘာကြာနေပြန်ပလဲပေါ့... ခဏနေတော့ ကိုယ့်နာမည် အပြည့်အစုံကို ခပ်မာမာခေါ်သံကြားတယ်... ၁ခါခေါ်တယ်.. ၂ခါမြောက်မှာ ကြည့်လိုက်တော့ ဒင်း.. အနားကပ်သွားတော့ လူကို စပြီး ငေါက်ပါတော့တယ်.. ဘယ်ကိုကြည့်နေလို့ မမြင်ရတာလဲ.. ပြန်လာတဲ့သူက သူ့ကိုပြန်ရှာရတယ် ဘာညာနဲ့ မျိုးစုံ အော်ဟစ်ပါတော့တယ်.. ဒါနဲ့ပဲ လေဆိပ်အကြို အိုးပင်းနင်းစင်းလေးက သိပ်ကိုလှပနေတာပေါ့.. ခစ်ခစ်..
ထားတော့... ပြောမှာက ရန်ဂူးတီးဟောက်စ်..
စားခဲ့တာတွေတော့ အောက်မှာရှု..
လက်ဖက်ရည်အအေး.. ချိုစိမ့်... ကိုယ်သောက်တာ...
လက်ဖက်ရည် ၁၆ မျိုးလောက်ရှိပါတယ်.. အအေးအပူနှစ်သက်ရာ ရွေးချယ်လို့ရသည်ပေါ့... သူ့ ဖေ့ဘုတ်မှာ မိနုရှိ
ဒါက အပူ.. ဘာလဲတော့မသိဘူး.. ချစ်သူသောက်တာ...
ပြည်ပလာတာ.. ဖေးဗရိတ်လေ... ပဲနီလေးနဲ့ချက်ထားတဲ့ ပဲဟင်း..ကောင်းပါတယ်..
ကိုယ်စမ်းသပ်ချင်လို့ ချစ်သူကို အတင်းစားခိုင်းတဲ့ အော်ဂန်းနစ် မွင်းငါး... မဆိုးပါဘူးပေါ့.. အကောင်းကြီးတော့ မဟုတ်ဘူး..
ဒါကတော့ ကွကိုယ်စမ်းသပ်တဲ့ သုံးထပ်သားပေါက်စီ.. အချဉ်ရည်တွေ အများကြီး ထည့်ထားတာကို မကြိုက်ဘူး..
ပြီးတော့ အိမ်အတွက် ပဲပလာတာ တပွဲ.. ပြည်ပလာတာ တပွဲ.. ပါဆယ်ဆွဲတယ်.. စုစုပေါင်း ၂သောင်းကျော်လောက်ကျတယ်.. အဆင်မြင့် လက်ဖက်ရည်သောက်သည်ပေါ့.. အိမ်ရောက်တော့ ဘောက်ချာကြည့်ပြီး အိမ်က အငယ်ကောင်က ကိုယ့်ကိုလှောင်ပါတယ်.. လက်ဖက်ရည်သောက်တာ ၂၀၀၀၀ ကျော်ပေးသောက်တယ်ဆိုပြီး..
ကိုယ်ကတော့ သိပ်သွားဖူးချင်တဲ့ဆိုင်.. အသစ်ဖွင့်တဲ့ ဆိုင်ရောက်လိုက်ရလို့ ကျေကျေနပ်နပ်ပဲ..
တကယ်တော့ ဒီပို့စ်ကို လွန်ခဲ့တဲ့ ၂ပတ်လောက်တည်းက ရေးထားတာ.. အလုပ်တွေရှုပ်လွန်းလို့ အပြီးမသတ်နိုင်ဘူး... ဒီကြားထဲ ခရီးတခုထွက်ပြီးပြီ.. ခရီးသွားပို့စ်အမည်ခံ စားစရာပုံတွေချည်းပဲ တပို့စ်လာပါဦးမယ်...

No comments:
Post a Comment