လွဲတာတွေကများလွန်းလို့ မင်္ဂလာဆောင်ခါနီး တရက်အလိုကဟာတွေလောက်ပဲပြောပါတော့မယ်..
မင်္ဂလာဆွမ်းကျွေးမတိုင်ခင်တရက် နေ့လည် ၁ နာရီလောက်ကစပြီး ရန်ဖြစ်လိုက်တာ ညနေ ၄နာရီလောက်မှ ထမင်းသုတ်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ပြီး ဘုန်းကြီးကျောင်းမှာ ပန်းကန်သယ်ချင်းအမှုကိုပြုနိုင်တယ်.. ဘုန်းကြီးကျောင်းက ဟင်းချက်ရုံမှအပ ဘာမှမလုပ်ပေးနိုင်ဘူးရယ်လို့ အတိအလင်းပြောကြားပြီး ပန်းကန်လာသယ်ပေးဆိုတာကြောင့် ထိုနေ့ညနေမှာ ပန်းကန်သယ်ခြင်း ပန်းကန်ရွေးခြင်း (အပဲ့များမှ အကောင်းကို ရွေးထုတ်ခြင်း) ၊ ပန်းကန်စီခြင်းအမှုကို ပြုလုပ်ရပေသည်... အိမ်ပြန်ရောက်တော့ ၇နာရီကျော် ၈နာရီထိုးခါနီးပြီ.. အဲ့အချိန်ထိ လက်သည်း ခြေသည်း အလှပြင်ခြင်းအမှုကိုလည်း မပြုရသေးတော့ ရေကမန်းကတန်းချိုးပြီး လမ်းထဲက အလှပြင်ဆိုင်ကို ချီတက်တော့ ၈နာရီခွဲ.. ဒါနဲ့ လက်သည်းခြေသည်းလုပ်.. ဒီဇိုင်းရွေးရတာလည်း မူးလာတော့ လှမဲ့ပုံသာကြည့်လုပ်ပေတော့လို့ လုပ်ပေးတဲ့ ကလေးမကိုပြောတော့.. ၁၀ နာရီခွဲသွားတယ်.. သူလုပ်ချင်တာထိုင်လုပ်တာ.. ပက်ဆံရှင်းတော့ ၄၄၈၀၀ တိတိကျတာကို ၈၀၀ လျှော့ပေးရှာတယ်.. ထမင်းမစားရသေးတာ အတော်ပဲဖြစ်သွားတယ်.. တခါတည်းရင်ကိုခံရော.. အဲ့အချိန်ထိ လက်ဖွဲ့ကမ်းကို မရွေးရသေးတာကြောင့် စမ်းချောင်းကို ချီတက်ပြီး လက်ဖွဲ့ကမ်းသွားရွေး.. အိမ်နားပြန်ရောက်တော့ ၁၁ နာရီကျော်နေပြီ.. ချစ်သူက ဗိုက်ဆာပြီဆိုတော့ အိမ်နားမယ်ပဲ ဒုတ်ထိုးဝင်စား.. အိမ်ပြန်ရောက်တော့ ညသန်းခေါင်ပဲ.. ရောက်တာနဲ့ မျက်နှာပေါင်းတင် ဆားဝက်ခြံထုတ်နဲ့ ည၁နာရီကျော်မှ အိပ်ဖြစ်တယ်.. မနက်ကို ၅နာရီ မိတ်ကပ်ပြင်တဲ့သူလာမှာလေ.. ဒါနဲ့ပဲ နှိုးစက်မြည်တော့ ဖုန်းသံကိုပိတ်ပြီး ချစ်သူက လက်ထဲဖုန်းထဲ့ပေးတယ်... ၂ယောက်သားပြန်အိပ်ပျော်သွားတာ.. ၄း၄၅မှာ မိတ်ကပ်လာပြင်တဲ့သူဆီက အိမ်နားရောက်နေပြီဆိုတဲ့ ဖုန်းဝင်လာမှ လန့်ဖြန့်ပြီး လူးလဲထ.. ရေချိုးခန်းထဲအပြေးဝင်ရေချိုး.. ပြန်ထွက်လာတော့ ပြင်မဲ့သူတွေက စောင့်နေပြီ.. ဒါနဲ့လည်း အားမနာနိုင်ဘူး.. အိမ်သာလေးတော့ တခေါက်ပြေးတက်လိုက်သေးတယ်.. အမေ့ကို ပြင်နှင့်ဖို့ရာ သူကလည်း ကိုယ့်နီးပါးဆိုတော့ကာ.. အဲ့ချိန်ထိ အပြင်ခံဖို့ အဆင်မသင့်သေး.. ကိုယ်အိမ်သာက ထွက်လာတော့ အမေ့ကို ပြင်နှင့်နေပြီ..ဒါနဲ့ ကိုယ့်ကို ဆံပင်မှုတ်ပေးဖို့ ကိုယ့်ကို တကယ်ပြင်ပေးမဲ့ အလှဖန်တီးရှင်ရဲ့ အစစ်စတွန့်က သူ့အစစ်စတွန့်ကို ပြန်ညွှန်ကြားတယ်.. ကိုယ်လည်း ရတယ်ဆိုပြီး ကွကိုယ်မှုတ်လိုက်မယ်ဆိုပြီး ဆံပင်မှုတ်ရင်း အမေ့ပြင်တာ စောင့်နေလိုက်တယ်.. ဆံပင်ခြောက်တော့ ကော်ဖီသောက် ကပ်ကိတ်လေး တခုစားရင်း ထပ်စောင့်နေတုန်း.. အမေပြင်တာပြီးသွားတော့.. ကိုယ့်ကို ဆံပင်လိပ်မယ်တဲ့.. ဆံပင်အလိပ်ခံနေတုန်း မနေနိုင်မထိုင်နိုင်အောင် ဗိုက်ကရစ်ပြီးနာလာတာမို့ ဆံပင်လိပ်ပေးတဲ့သူကို တောင်းပန်ပြီး အိမ်သာပြေးတက်ရပြန်တယ်.. ကိစ္စပြီးတော့ ပြန်ထွက်လာ.. ဆံပင်ပြန်အလိပ်ခံနေတုန်းလေးပဲ.. ကိုယ့်ကို ပြင်ပေးမဲ့ အလှဖန်တီးရှင်က ၀ုန်းဒိုင်းဝုန်းဒိုင်းနဲ့ရောက်ချလာပြီး နောက်မှဆံပင်ဆက်လုပ်ဆိုပြီး မိတ်ကပ်စပြင်ပါတယ်.. မိတ်ကပ်ပြင်နေတုန်း ဟိုမေးဒီမေးတွေ ကိုယ့်ကိုမေးတော့.. ရုတ်တရက်ဆိုမညာတတ်တဲ့ ကိုယ့်အကျင့်ကြောင့် မထော်မနန်းတွေဖြစ်ကုန်ပါတယ်.. ပွဲကြီးလဲ သူနဲ့ပဲ အပ်ထားတာမှလားကစပါတယ်.. ကိုယ်ကလည်း မဟုတ်ဘူးပေါ့.. ဒါဆို ဘယ်မှာတုံးတဲ့.. နေရာမေးတယ်.. နောက်ဘယ်သူနဲ့တုန်းထပ်မေးတယ်.. ပီးတော့ သမီးကဒီပွဲကို သူနဲ့ပြင်ပြီး ပွဲကြီးကို အန်တီနဲ့ပြင်ရမှာလို့ ပြောပြီး ဆက်ပြင်သည်ပေါ့နော်.. ဒါနဲ့ပဲ ပြင်ပြီးသွားတော့ ၀ုန်းဒိုင်းဝုန်းဒိုင်းပဲ ပြန်သွားပါတယ်.. သူ့အစစ်စတွန့်က ကိုယ့်ကို ဆံပင်ဆက်လုပ်ပေးပေါ့.. အကုန်ပြီးစီးတော့... အိမ်သာတက်ချင်သေးတာမို့ အိမ်သာထပ်တက်ပါတယ်.. ဒါပေသိ မထွက်ဘူးပေါ့နော်.. ကဲမထူးပါဘူးဆိုပြီး သွားကြရအောင်ဆိုပြီး ဘုန်းကြီးကျောင်းကို ချီတက်ကြပါတယ်.. ဘုန်းကြီးကျောင်းကို ရောက်တာနဲ့ ဗိုက်က မတရားရစ်နာလာပြန်တယ်.. ဒါနဲ့ ချစ်သူကို ကားပေါ်ကဆင်းတာနဲ့ ချက်ချင်း အိမ်သာကိုသွားကြည့်ပေး.. ဘယ်သူနဲ့မှလည်း နှုတ်မဆက်နဲ့ ကျမကအရေးကြီးတယ် ဘာညာဆိုပြီး လုပ်ပါတယ်.. သူလည်း ကားပေါ်ကဆင်းတာနဲ့ သူ့အမျိုးတွေရောက်နှင့်နေတာတောင် ပြေးရင်းလွှားရင်း နှုတ်ဆက်သွားပြီး အိမ်သာကို သွားကြည့်တယ်.. မီးစိမ်းပြတော့ ကိုယ်လိုက်သွားပြီး ကိစ္စရှင်းတယ်ပေါ့.. ကိုယ်ပြန်ထွက်လာတော့ သိရတာ.. ပန်းကန်တွေက မနေ့က ကိုယ်စီခဲ့တဲ့အတိုင်းပဲတဲ့.. စားပွဲတွေပေါ်မရောက်သေးတဲ့.. ဘာမှလည်း မလုပ်ရသေးတဲ့.. မနေ့ညကပြောတော့ သူတို့လုပ်ထားမယ်ဆိုပြီး ကိုယ်တို့ကို ပြန်လွှတ်လိုက်တာလေ.. နောက်တော့ ဟင်းအိုးတွေကို မီးဖိုချောင်ထဲကနေ အပေါ်ဆောင်ကို ကားနဲ့သယ်တင်ရမယ်ဆိုပြီး ကိုယ်တို့ကို ထပ်ကျစ်တယ်.. ဘုန်းကြီးကျောင်းအလွဲတွေကို အကျယ်မချဲ့ချင်တော့လို့ အသေးစိတ်မပြောတော့ပါဘူး... အမေ့ကိုသာ ကြည့်စီစဉ်လိုက်တော့ဆိုပြီး ချစ်သူကို လက်ဆွဲခေါ် ဓါတ်ပုံဆရာကိုခေါ်ပြီး အလှပုံရိုက်ဖို့ထွက်လာခဲ့လိုက်တော့တယ်.. ဒါနဲ့ ဘုန်းကြီးကျောင်းဝင်းကို ပတ်ပြီး ဓါတ်ပုံရိုက်ရင်း ခဏတဖြုတ်နေတော့ တယောက်က ဘုန်းကြီးတရားနာရတော့မယ်.. ဘုန်းကြီးကလူစုံတာနဲ့ကြွမယ်ဆိုတာကြောင့် ဓါတ်ပုံရိုက်တာကိုရပ် ကျောင်းပေါ်တက်ပြီး လူယောင်ပြရတယ်.. ဒါနဲ့လဲ ဘုန်းကြီးက ကြွမလာ.. ၁၀ မိနစ်လောက်နေတော့ မဟုတ်သေးဘူးဆိုပြီး ကိုယ်တိုင်ပြန်ဆင်းပြီး အဆင်သင့် ဖြစ်ပြီဆိုတဲ့အကြောင်းကို ထပ်ပြော.. ဒါလည်း ကြွမလာ.. မဟုတ်သေးပါဘူးပေါ့.. ခဏနေတော့ ကပ္ပိယက ကျောင်းပေါ်က ပန်ကာတွေကို တလုံးချင်း စိမ်ပြေနပြေလိုက်ဖွင့်.. မိနစ်၃၀လောက်နေတော့ ဘုန်းကြီးက တခြားကျောင်းက သွားပင့်တာတဲ့.. ငင် ဆိုပြီး အီလည်လည်ဆက်စောင့်ပေါ့.. ဒါလည်း ရောက်မလာ.. ကဲနေတော့ဟာ.. တရားလည်း မနာတော့ဘူး.. ဘာမှလည်း မကပ်တော့ဘူး.. လူကြီးတွေသာကြည့်လုပ်လိုက်တော့.. ကျမ ဓါတ်ပုံသွားရိုက်တော့မယ်.. လာ.. ဓါတ်ပုံဆရာရေဆိုပြီးခေါ်တဲ့အချိန်ကျမှ ဘုန်းကြီးက ကြွလာတယ်.. အော်.. ကဲ.. ဒါဆိုလည်း ထိုင်ပေါ့.. ငင်.. အဲ့အချိန်မှာ ကွကိုယ်ပြန်ကြည့်မိတော့ ဘယ်ဘက်လက်က လက်ရှည်အကျီင်္က ခေါက်လျက်သား... ဘုန်းကြီးကျောင်းရောက်ရောက်ချင်း အိမ်သာတက်တုန်းက ကိစ္စရှင်းတော့ ခေါက်တင်ထားတဲ့လက်တဖက်က ဒီတိုင်း.. ငွီ.. ဒါဆို ရိုက်သမျှ ရှိစုမဲ့စုအလှပုံအကုန်လုံးက လက်တဖက်ပုံးဆိုးပန်းဆိုး ခေါက်လျက်သားပေါ့.. သွားဘီလေ.. ဒါနဲ့ သီလယူဘာညာပီး ပစ္စည်းကပ်ပီးပြန်ဆင်းဖို့ လုပ်ပေမင့် ဘုန်းကြီးက ချက်ချင်းဆိုသလို တရားဆက်ပေးတာမို့ ဓါတ်ပုံဆက်ရိုက်ဖို့ အခွင့်မသာပြန်ဘူး.. တရားပြီးလို့ အောက်လည်း ဆင်းလာရော ကိုယ့်စောင့်နေတဲ့ အည့်သည်တွေက ရောက်နှင့်နေပြီ.. ဒီတော့ကာ ဘာပုံမှ ထပ်ရိုက်လို့မရတော့ဘဲ လိုအပ်သည်များကို စီစဉ်ညွှန်ကြားနဲ့ အည့်ခံခြင်းအမှုကိုစရတာနဲ့ပဲ ပြီးသွားလေသည်ပေါ့နော်.. ၁၂ထိုးတော့ ဓါတ်ပုံဆရာက ရိုက်စရာမရှိရင် ပြန်တော့မတဲ့.. နောက်တပွဲကူးစရာရှိတယ်ဆိုတော့ သူ့လည်း ဆွဲထားလို့မရတာနဲ့ ဓါတ်ပုံစခန်းကမပြီးလိုက်ဘူးပေါ့နော်.. ဒီဓါတ်ပုံကို ရိုက်ချင်လွန်းလို့မှ မင်္ဂလာဆောင်ကိစ္စ စစီစဉ်တည်းက ဓါတ်ပုံကိစ္စကို အရင်စုံစမ်း အရင်လုပ်နဲ့လုပ်ထားတာကိုလေ.. ခုတော့..
သူများတင်တဲ့ပုံတွေပြန်ကြည့်တော့လည်း စိတ်ကျေနပ်စရာမကောင်း... ဘုန်းကြီးကျောင်းရောက်မှ အိမ်သာတက်လိုက်တဲ့အမှုကြောင့် ထမီက ပုံမကျပန်းမကျနဲ့ ရင်ဘတ်ရောက်နေတာကိုတွေ့တယ်.. ငါ့နှယ့်နော်လို့ပြောပြီး စိတ်ပျက်ရုံအပြင် ဘာမှလည်း မတတ်နိုင်တော့ဘူးဆိုတော့ကာ....... အီတွင် နိတ်ထိတံပေါ့..
Monday, December 14, 2015
Thursday, October 1, 2015
သွားလာစားသောက်-၎
သွားရင်လာရင်းစားသောက်တဲ့ပုံတွေပဲဆိုတော့ ဒီခေါင်းစဉ်ပဲတပ်လိုက်ပါတယ်...
အထွေအထူးလည်း မစဉ်းစားတတ်ပါဘူး..
ဘာမှမတင်ဖြစ်တာကြာပီလားလို့လေ.. ဒါနဲ့ ဖွန်းထဲမယ် ဓါတ်ပုံဒေရှင်းမယ်ဆိုတော့ ပုံဒေတွေ့တာနဲ့ တင်လိုက်တာပါ.. :P
စားထားတာတော့ ၂လ-၃လလောက်ရှိဘီပေါ့.. တကယ်တော့ သွားဒုက္ခပေးလို့ ဆေးခန်းသွားပြတာပါ... ဒါပေသိ ၀တ္တရားရှိတဲ့အတိုင်းတော့ စားသောက်ရတယ်လေ.. ခဏဆိုတော့ စားဖို့အချိန်ကလည်း သိပ်မရတော့ အကျေနပ်ကြီးတော့ မဟုတ်လှဘူးရယ်..
အဲ့တလောလေးက ရန်ကုန်မယ် ကေအက်ဖ်စီဖွင့်စဆိုတော့ အတော့်ကို ဂရော်ယကက်ထပါတယ်.. ဒါနဲ့ပဲ ဒလောက်ဖြစ်လှတာ ဆိုပီး ဘယ်ရမလဲ ရောက်ရောက်ချင်းကို စားပလိုက်တယ်.. အမေက ဘေးဘက်က chicken wrap ရယ် egg tart တခုရယ်စားတယ်.. ကျန်တာက ကိုယ်ချည်းစားတာ..
egg tart ကဘယ်တုန်းက အသစ်ထွက်မှန်းမသိပေမင့် အခုမှမြင်ဖူးတဲ့ ကိုယ့်အတွက်တော့ အထူးတဆန်းမို့ ကြိုက်မိပါတယ်.. အထဲမယ် ဘရောင်နီအတုံးလေးဒေပါတော့ တကယ့်ကို ဘ၀ရဲ့အရသာလို့တောင် ပြောရမလားပဲ.. ခစ်ခစ်.. အာ့ပီးတော့ သွားနှုတ်ရပါတယ်.. ဒုက္ခပေးတဲ့တချောင်းအပြင် ကြုံတုန်းဆိုပီး အံဆုံးလည်းမကောင်းတော့ဝူးး နှုတ်ပလိုက်မယ် ချာဝန်က ပြောလာတာကြောင့် ၂ချောင်းနှုတ်ပီးသကာလမှာ အစားသိပ်မသောင်းကျန်းနိုင်တော့ပါဘူးး... လူကို သဂျီုးလို့မထင်ပါနဲ့.. ဒုက္ခပေးတဲ့သွားဆိုတာ အပိုတချောင်းဘေးမှာလာကပ်ပေါက်နေတာမို့ အဲ့အချောင်းကို နှုတ်ရတာပါ.. ကျန်တာအကုန်ရှိပါတယ်လို့.. :P
ဒါနဲ့ ညဘက်ထုံဆေးပြယ်တဲ့အချိန် အိပ်လည်းပျော်သွားတာကြောင့် အချိန်မီဆေးမသောက်ဖြစ်တဲ့အခါ နာကျင်လာတော့ ဒီလို ဖက်ထုပ်ပြုတ်နဲ့ပဲ ၂ပါးသွားနိုင်ပါတော့တယ်လေ..
နောက်နေ့မနက်ကျတော့ ထုံးစံအတိုင်းပေါ့နော်... ကာဖီရည်လေးသောက်.. မ၀ါးနိုင်ဝူးးဆိုတော့ မတ်ဖင်လေးပဲ စားရရှာတယ်.. ကျံတာက မာမီမားသားဝါးတာ..
ပီးတော့ မာမီ့ကို ဆေးခန်းထပ်ပြ.. အပြန်ကျတော့ လမ်းက ဆံပင်ဆိုင်လားဘာလားမသိပါဝူးး... အဲ့ဆိုင်ထဲက အာ့လိုလေးထိုင်ကျိနေတဲ့ ကောင်လေးချစ်လို့လေ.. သနားဈာရုပ်လေး...
ဒါနဲ့ သားအမိ၂ယောက်ဗိုက်ဆာတယ်ဆိုပီး လမ်းဘေးစာဝင်စားကြတယ်.. စပ်ပြဲနေအောင်ထောင်းပေးပါဆိုပီး ပြောလိုက်တာ... တကယ့်ကို အိုအိရှီပါပဲ..
ဝက်ကင်.. အမြစ်ကင်... အမေကတော့ သွားလုပ်ထားတာမို့ ခေါက်ဆွဲပြုတ်လား ဘာလား စားတယ်.. ဓါတ်ပုံမဆွဲမိဝူးး...
ရေငတ်တော့ အအေးဝယ်သောက်.. မီနီယမ်ရုပ်ရှင်ပြတဲ့အချိန်မို့ ဒီလိုဘူးလေးနဲ့ရပါတယ်..
ညကျတော့ သိပ်စားချင်နေတဲ့ ဒါလေးကို စားပါတယ်.. ကော်ကြော်လိုဟာမျိုးပဲ.. ကြက်ဥနဲ့ စီးဖုနဲ့...
ပီးတော့ မီနီယမ်ရုပ်ရှင်ကြည့်..
နောက်နေ့မနက်ကျတော့ ဆင်းဒ၀စ်နဲ့ခူခီးစားတယ်.. အဲ့ဆိုင်က မုံ့တော်တော်များများကို ကြိုက်တယ်လေ..
ဒါမျိုးပျစ်ပျစ်နှစ်နှစ်လေး..
ပြီးတော့ ဆုတောင်းပြည့်တဲ့ဘုရားသွားကြတယ်.. ဒီဘုရားမှာဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့အဆိုရှိပါတယ်.. အဲ့မှာ သပိတ်လေးဒေ လျှောက်လမ်းလေးတလျှောက် တန်းစီပီးချထားတယ်.. လျှောက်လမ်းအစမှာ အကြွေစေ့ခွက်လေးရောင်းတယ်.. ဘတ်၂၀.. လျှောက်လမ်းအစအဆုံး သပိတ်လေးတွေထဲ တစေ့ချင်းစီထည့်သွားပြီး လျှောက်လမ်းဆုံး သပိတ်ကုန်တဲ့အခါ ကိုယ့်ခွက်ထဲက အကြွေစေ့လည်း ကုန်ရင် ဆုတောင်းပြည့်တယ်လို့ ကိုယ်မှတ်ထားခဲ့ဖူးတယ်.. အကြွေစေ့ကသပိတ်နဲ့ ကွက်တိထည့်ပေးထားတာပါ.. တကယ်လည်း တိုက်ဆိုင်မှုပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ့်ဆုတောင်း ပြည့်ခဲ့ဖူးတယ်.. အမေကလည်းပဲ သူ့ဆုတောင်းပြည့်တဲ့အတွက် ဒီကို တခုတ်တရလာချင်တယ်... ဒီတခါမယ်တော့ အကြွေစေ့တွေက ကွက်တိထည့်ပေးထားတာမဟုတ်တော့ဘဲ ပိုနေပါတယ်.. ခရီးသွားအရမ်းများလာတာနဲ့အမျှ သူတို့လည်း အကြွေစေ့တွေ ထိုင်မရေနိုင်တော့ဘူး ထင်ပါရဲ့...
ဒါကတော့ အဲ့ဘုရားကျောင်းထဲက တနေရာပါ..
ဟိုးအရင်တွေတုန်းကတော့ အဲ့ဘုရားတို့ နန်းတော်တို့သွားချင်တဲ့အခါ တက်စီနဲ့ပဲ သွားလေ့ရှိတယ်.. တမေ့တမောပေါ့.. နောက်ပိုင်းကျတော့ ဒီလိုရေလမ်းကလည်း သွားလို့ရတာ သိတော့ အချိန်ကုန်ပိုသက်သာလာတယ်.. ဘုတ်လေးတွေစီးပီးသွားလိုက်ရင် ဘုရားရှိတဲ့နား ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လို့... public transport ရဲ့ အကျိုးကျေးဇူးတွေပေါ့.. အဲ့လှေဆိပ်ရှိတဲ့နေရာကို ရထားလေး သက်တောင့်သက်သာစီး.. ဘူတာကဆင်းတော့ လှေဆိပ်တန်းရောက်... မြစ်ထဲမှာ ဟိုကြည့်ဒီကြည့်နဲ့ပဲ ရောက်သွားရောပေါ့လေ...
ညနေဘက် ဗိုက်ဆာတော့ ရှော့ပင်းစင်တာပေါ်မယ် ကြုံတာလေးပဲ ၀င်ဆွဲ..
သူတို့ရဲ့ အုန်းနို့ခေါက်ဆွဲပေါ့...အမေစားတာ..
ပြီးတော့ အမေက အိုက်စခရင်မ်စားချင်တယ်ဆိုတာနဲ့ ဒါလေးကို သားအမိ၂ယောက်စားကြတယ်..
အဲ့နေ့ညဘက်ကျတော့ ထပ်စားတာတွေ မရိုက်မိလိုက်ဘူး.. ကိုယ်သိပ်စားချင်နေတဲ့ ငါးဆားကင်စားတယ်.. ဒါပေသိ စားချင်တဲ့နေရာက မဟုတ်ဘဲ ကြုံတဲ့နေရာက စားရတာကြောင့် သိပ်ခံတွင်းမတွေ့တာနဲ့ နောက်ပြီး ဆိုင်ခန်းကျဉ်းကျဉ်းကြုတ်ကြုတ်ထဲမှာ စားရတာကြောင့် ဘာပုံမှ မရိုက်ဖြစ်ခဲ့တော့ဘူး...
ပြန်မဲ့နေ့ကျတော့ အစားပိတ်ပေါ့.. ချောကလက်ခရင်မ်ချိစ် မတ်ဖင်.. အဟက်ဟက်.. ကျေနပ်မိတယ်.. အာ့မျိုးဒေ စားနေရရင်လေ..
အပြန်ကျတော့ ထရက်ဖစ်ရှိလို့ထင့်... လေယာဉ်က အဲ့မနိမ့်မမြင့်လေးမှာ အကြာရီး ၀ဲနေရသေးတယ်.. မထွက်ခင်ကလည်း ပြေးလမ်းပေါ်မယ် အကြာရီး ရပ်စောင့်ရတယ်.. တခါမှ မကြုံဖူးသေးတဲ့ ကိုယ့်အတွက်တော့ အဆန်းချည်းပဲ...
ဒါကတော့ ပုံလက်ကျန်ရှင်းတဲ့ ထူးမခြားနားပို့စ်လေးပါ..

Tuesday, August 18, 2015
ဟိုတုန်းက မန္တလေးညရယ်..
ပိုက်ဆံအိတ်အဟောင်းလေး (အဟောင်းဆိုမှ တကယ့်ကို ဟောင်းဟောင်းဟောင်း မြည်နေတဲ့ အဟောင်း) ထဲကနေ ဒီကတ်လေးထွက်လာတော့ ကိစ္စတချို့က ရုပ်ရှင်လိုပဲ တကွက်ချင်းပြန်ပေါ်လာတယ်..
လက်တင်ရုံလေးပဲရှိတဲ့ ခုံတန်းသေးသေးကျပ်ကျပ်လေးမှာ ၃-၄ယောက်ပူးကပ်ထိုင်ပြီး စာသင်ရတဲ့ ပူလောင်အိုက်စပ်နေ့လည်ခင်းလေးတွေ..
တရက် အဲ့ဒီ့ကိုမသွားခင် မိုးတွေအရမ်းရွာလို့ ကျူရှင်မတက်ခင်လေး အပြေးအလွှားသွားသောက်ရတဲ့ seasons က ကော်ဖီပူပူလေးး (အရမ်းကိုအရသာရှိလွန်းလို့ ခုထက်ထိတွေးမိတိုင်း ကျေနပ်တဲ့ ကော်ဖီတခွက်)..
သူငယ်ချင်းနဲ့၂ယောက်တည်း အုတ်တံတိုင်းကို ဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်ခဲ့တဲ့ ညနေခင်းတခု..
ကျူရှင်ကပြန်ထွက်တိုင်း ကိုယ့်ကိုလိုက်စတတ်တဲ့ အုပ်စုတစု.. (အဲ့တုန်းက ကိုယ့်ကိုလိုက်ကြိုက်ခဲ့တဲ့ ကောင်လေးပါတဲ့သူ့သူငယ်ချင်းအုပ်စုပေါ့.. :P )
အော.. အဲ့ကျူရှင်က သတိရစရာလေးတွေပြီးတော့ နောက်တနေရာကို ဆက်သတိရ.. နောက်တနေရာကလည်း မြို့လယ်ကောင်ပဲဆိုတော့ အခန်းကျဉ်းကျဉ်းမှာ ကျပ်ကျပ်တည်းတည်း တိုးတိုးဝှေ့ဝှေ့ပဲပေါ့..
အဲ့မယ်လည်း အဲ့လိုက်စတဲ့တအုပ်စုကြောင့် ဆရာတောင်သိသွားပြီး ပြုံးစစဖြစ်ခဲ့တဲ့ ချောချောခန့်ခန့်ဆရာ..
ဒါနဲ့ ဒီအုပ်စုအကြောင်းဆက်စဉ်းစားမိတော့ ကျောင်းသွားတဲ့တမနက်မှာ အတန်းရှေ့ကနေစောင့်ပြီး စခဲ့တာတောင် ကိုယ့်ကြိုက်မှန်းမသိ.. သူငယ်ချင်းကိုလိုက်တယ်ထင်လို့ အာပေါင်းအာရင်းသန်သန်နဲ့ သူငယ်ချင်းကို ကိုယ်တိုင် ပြန်စခဲ့တာတွေ.. နောက်တော့ ကိုယ်ဆိုတာကို ရှိသမျှသူငယ်ချင်းအကုန်သိသွားတော့ မျက်နှာဘယ်ထားရမှန်းမသိဘဲ ရှက်ခဲ့မိတဲ့ တရက်..
အတန်းဆိုတာလေး စဉ်းစားမိပြန်တော့ ကျောင်းနားက ထိုင်နေကျ လဖက်ရည်ဆိုင်လေး.. နာမည်က အချစ်ရွာတဲ့.. သူ့ဘေးက အအေးဆိုင်လေးက အဲ့နှစ် နွေရာသီကမှ စဖွင့်တာမို့ စစချင်းအားပေးခဲ့တဲ့ ကိုယ်တို့တတွေကို ကောင်းကောင်းသိတယ်.. အအေးသောက်တိုင်း ၂ခွက်သောက်တဲ့ကိုယ့်ကို ပိုမှတ်မိခဲ့တယ်.. (ကိုယ်မရှိတော့တဲ့ နောက်ပိုင်းမှာ အဲ့ဦးလေးကြီးက ကိုယ့်ကို ခဏခဏမေးတယ်တဲ့..)
နောက်တော့ အဆောင်ဘေးလမ်းကြားထဲက အိမ်ထမင်းဆိုင်လေး.. ဈေးအရမ်းပေါတယ်.. သူငယ်ချင်းတွေ ၀ယ်စားလို့ ခဏခဏလိုက်သွားဖူးပေမဲ့ ကိုယ်လုံးဝစားမရတဲ့ဆန်နဲ့မို့ ဘယ်တုန်းကမှ မစားဖြစ်တဲ့ဆိုင်လေးပေမဲ့ မှတ်မိနေတုန်းပဲ..
ခုနက လဖက်ရည်ဆိုင်ဘေးက ဇလုံကြီးထမင်းဆိုင်.. (ခုတော့လည်း ၀န်ကြီးတောင် သွားစားနေပြီပေါ့)..
အော.. နောက်တော့ အဲ့နဲ့ ၂လမ်းကျော်လောက်က ကိုယ့်အကြိုက်ဆုံး ဒုတ်ထိုးဆိုင်နဲ့ နေရာမရတတ်လွန်းလို့ ဆိုင်မခင်းခင်ထဲကနေ သွားထိုင်စောင့်ဖြစ်တဲ့ နေ့လယ်ခင်းတွေ..
ဒုတ်ထိုးလို့ စဉ်းစားမိပြန်တော့ ကော်ပြန့်ကြော်ကိုပါဆက်စပ်သတိရပြန်တယ်.. မြောင်းလေးဘေးက ကော်ပြန့်ကြော်.. ကော်ပြန့်ကိုမျိုးစုံရောင်းတာ.. ပြောင်းဖူး အသီးရွက် အသား ငှက်ပျောသီး စသဖြင့် ထည့်လို့ရတာ အကုန်ထည့်လိပ်ပြီး ကြော်တာ..
အဲ့ကော်ပြန့်ကြော်အကြောင်းဆိုတော့ အဲ့နားက ကျူရှင်က ဆရာကြီးကို ထပ်သတိရ.. အေးအေး အေးအေးနဲ့ အရမ်းယဉ်ကျေးတဲ့ ဆရာကြီး.. အဲ့အချိန်တုန်းကတောင် ၆၀ ကျော်လောက်ရှိနေပေမဲ့ သူ့ကိုယ်သူ ကျတော်တဲ့.. ဟုတ်ကဲ့ပါတဲ့..
သူ့အကြောင်းရောက်ပြန်တော့ .. နောက်ထပ် သူ့လောက်အသက်မကြီးပေမဲ့ အသက်ခပ်ကြီးကြီးဆရာကြီးတယောက်ရဲ့ ကျူရှင်ကို ထပ်သတိရ.. သူက မနက်အစောကြီးတွေ ထသွားရတဲ့အချိန်တွေမို့ သူ့အိမ်နားက လက်ဖက်ရည်ဆိုင်အကြီးကြီးကိုပါ တွဲသတိရပြန်ရော..
ကျူရှင်ဆိုပြန်တော့.. တမြို့လုံးနီးနီး ကျူရှင်ပတ်တက်ရတာမို့ နောက်တနေရာက ဆရာမကို ထပ်သတိရ.. အဲ့နားမှာ မြောင်းလိုလို ကန်လိုလို ရှိတာမှတ်မိပေမဲ့ ကျန်တဲ့အမှတ်တရ အဲ့နားမှာမရှိဘူး..
နောက်တနေရာကျပြန်တော့ ကိုယ်သိပ်ကြိုက်တဲ့ မာလာဟင်းဆိုင်နဲ့အရမ်းနီးနေခဲ့တယ်.. ဒါပေမဲ့ အဲ့နားမှာ ကျူရှင်ရယ် ဆရာမရယ်ဆိုတာကလွဲရင် ဘာ ဘာသာသင်ခဲ့ရတယ်ဆိုတာရယ် စာသင်ခန်းကဘယ်လိုဆိုတာရယ်က ခေါင်းထဲမှာမရှိတော့ဘူး..
အဲ့ဆိုင်က မာလာဟင်းကို သိပ်ကြိုက်တာကြောင့် ကိုယ်တို့တတွေ ပိုက်ဆံရွှင်တဲ့ရက်တိုင်း အဲ့ဆိုင်ကိုပဲ ပြေးကြတယ်..
တခါတလေရောက်ဖြစ်တဲ့ ညဈေးကိုလည်း သတိရသွားပြန်ရော..
အဆောင်နား မနီးမဝေးက ထမင်းကြော်ကိုပါ တဆက်တည်းသတိရပြန်တော့.. ပုံစားရှမ်းထမင်းဆိုင်လေးတွေက အစီအရီပေါ်လာပြန်တယ်..
ပုံစားဆိုပြန်တော့လည်း နေ့လည်တိုင်းနီးနီးသွားစားဖြစ်တဲ့ အသုပ်စုံဆိုင်လေးကိုထပ်သတိရ.. ထမင်းသုပ်နဲ့ အမဲကြော်ကို အမြဲလိုလိုစားဖြစ်ခဲ့တဲ့ ပူစပ်စပ်နေ့လည်ခင်းတွေပေါ့...
သီချင်းလာဆိုတဲ့သူတွေရှိတဲ့ညတွေဆို ကိုယ်တို့ သိပ်ပျော်ခဲ့တယ်.. တကယ်တော့ ကိုယ်တို့ထဲက ဘယ်သူ့ကိုမှ လာဆိုတာမဟုတ်မှန်းလည်း အကုန်လုံးသိခဲ့တယ်.. ကိုယ်တို့ရဲ့စီနီယာမမလှလှဒေကို လာဆိုကြတာ.. ဒါပေမဲ့ ကိုယ်တို့က ကြားထဲကနေ သီချင်းနားထောင်ပြီး ပျော်နေတတ်ကြတယ်..
ဒါလောက်ပါပဲ.. ကျန်တာတွေကတော့ ၀ိုးတိုးဝါးတား မန်မိုရီတွေအဖြစ်သာ ကျန်ရှိတော့တာမို့ ထည့်မပြောတော့ပါဘူး...
ဘယ်လိုပဲဖြစ်ဖြစ် အဲ့အချိန်တွေတုန်းက စိတ်ညစ်သလောက် တခါတလေလည်း ကိုယ်ပျော်ခဲ့ဖူးပါတယ်လေ..
ဒီအချိန်မှာ ကိုယ်နောင်တရလားမေးရင် ကိုယ်နောင်တမရသေးပါဘူး...
နောင်တချိန်မှာ ကိုယ့်စိတ်ဘယ်လိုရှိမလဲမသိပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ခုချိန်ထိတော့ လုံးဝ နောင်တမရသေးဘူးပေါ့..
တခါတလေတော့ ကိုယ်စဉ်းစားကြည့်မိတယ်.. အဲ့တုန်းကသာ ကိုယ်တဇွတ်ထိုးတွေမလုပ်ခဲ့ဘူးဆို ကိုယ်ဘာဖြစ်မလဲဆိုပြီးလေ..
ခုချိန် ကိုယ်စာတွေ ဆက်ကျက်ချင်ကျက်နေမယ်.. ဒါမှမဟုတ်.. သမိုင်းပေးတာဝန်ကို လစာလေး မလောက်မငှနဲ့လုပ်ပြီး မိဘပိုက်ဆံကို ခုချိန်ထိ လက်ဖြန့်တောင်းပြီး သုံးနေရမယ်.. ဒါပေမဲ့ လူတွေပြောတဲ့ ဂုဏ်လေးတခုတော့ ရှိနေမပေါ့.. ကျောင်းက နီးစပ်ရာ လူတယောက်ယောက်နဲ့ပဲ ကိုယ်အကြောင်းပါလိမ့်မယ်..
အခုလက်ရှိချစ်သူဆိုတာ ကိုယ်နဲ့တွေ့လာလိမ့်မယ် မဟုတ်ဘူးလေ..
ဒါမျိုးတွေစဉ်းစားကြည့်တော့လည်း ခုကိုယ့်ဘ၀လေးကို အကျေနပ်ကြီးမဟုတ်ပေမင့် ကိုယ်စိတ်မပျက်ဘူး.. ကိုယ်ပျော်သင့်သလောက်ပျော်တာပဲလေ.. သူများဒေ စာကုန်းရုန်းကျက်နေခဲ့ရတဲ့အချိန်မှာ ကိုယ် အေးဆေးသက်သာစွာနဲ့ပဲ အလုပ်တခုလုပ်ရင်း မဖြစ်စလောက် ဒီပလိုမာလေးတခုရခဲ့တယ်လေ.. အခုအတန်အသင့်လစာလေးနဲ့လဲ ကိုယ်သုံးဖြုန်းနေနိုင်နေသေးတယ်လေ.. ကိုယ့်သူငယ်ချင်းတွေ ခုထိညည်းကောင်းတုန်းပါပဲ.. ချမ်းသာတဲ့မိဘက ပေါက်ဖွားလာတဲ့တချို့ကလွဲရင်ပေါ့..
ကိုယ့်မှာ သူတို့လို လူဒေပြောတဲ့ ဂုဏ် တော့မရှိဘူးပေါ့လေ...
တခုခုကို ဆက်စပ်စဥ်းစားမိတိုင်း ဒီလိုနေရာမှာ အဆုံးသတ်သည်ပေါ့ကွယ်...

Wednesday, July 22, 2015
သွားလာ စားသောက်-၃
ကဲ.. ရှည်ကြာနေသော ခရီးသွားပို့စ်လေးလာပါဘီ.. ခရီးသွားပို့စ်ဆိုတာထက် စားသောက်စရာပုံတွေချည်းပဲဆို ပိုမှန်ပါ့မယ်.. ထူးထူးထွေထွေ ဒေသန္တရ ဗဟုသုတလည်း မပါလေတော့ သွားလာစားသောက်လို့သာ နာမည်ပေးလိုက်ပါတော့မယ်..
ပြီးခဲ့တဲ့ အေပရယ်လတုန်းက ချင်းမိုင်ကိုရောက်ပါတယ်.. ဘာလို့သွားတယ် ဘာ့ကြောင့်သွားတယ်ဆိုတာကိုတော့ အရင်ပို့စ်တခုမှာ ရေးဖူးပြီးသားပါ.. အဲ့တုန်းက စားသောက်ခဲ့တာလေးတွေပါ..
ဒါကတော့ ချိစ်ကို ရေညှိနဲ့အုပ်ကြော်ထားတာပါ.. အီစိမ့်တာကို ကြိုက်သူမို့.. အရမ်းအဆင်ပြေပါတယ်..
မထူးဆန်းတဲ့ ကိုးရီးယန်း ထမင်းဘူးပေါ့..
ဒါလည်း အထူးတလည်မဟုတ်တဲ့ ဘီဘင်ဘတ်ခေါ်တဲ့ ကိုးရီးယန်း ထမင်းသုပ်ပါ..
ရောက်ရောက်ချင်းညမှာ အနီးနားရှိတဲ့ Maya ဆိုတဲ့ shopping mall က Tudari Express ဆိုတဲ့ ကိုရီးယားဆိုင်မှာ စားတာပါ.. နောက်လည်း ကျနေဘီဆိုတော့ ဘာမှလည်း ရွေးစရာသိပ်မရှိတာနဲ့ တွေ့တဲ့ဆိုင် ကောင်းမယ်ထင်တဲ့ဆိုင် ၀င်လိုက်တာ... ကောင်းတယ်လို့ပြောရမယ်.. ဈေးလည်း အတော်အသင့်ပါပဲ.. မပေါသလို ဈေးလည်း မကြီးဘူး..
နောက်နေ့မနက်ကျတော့လည်း အဲ့လိုပဲ.. အနီးနားမှာ ရှိတာတွေလျှောက်ကြည့်ရင်း အင်ဒီးယန်းဆိုင် တဆိုင်တွေ့တယ်.. ဆိုင်တောင်မဖွင့်သေးဘူး.. ပြင်ဆင်တုန်း.. ဒါနဲ့စားလို့ရမလားဆိုတော့ အစုံတော့မရသေးပေမင့် တချို့တ၀က်တော့ရမယ်ဆိုတာကြောင့် ၀င်စားဖြစ်တယ်.. ဒါက chicken tikka ပါတဲ့.. ကြက်သားကို ဒိန်ချဉ်နဲ့ နှပ်ပြီး ကင်ထားတာလို့ထင်တယ်.. နူးညံ့ပီး အတော်စားကောင်းတယ်..
သတ်သတ်လွတ် ထမင်းဆက်လိုက်.. ပဲဟင်းရယ်.. ဟိုဘက်ကဘာခေါ်လဲမသိ.. ဒါလည်း အတော်စားကောင်း.. ဆန်လေးဒေကလည်း ကော့ညွတ်ပီး စင်းနေတာပဲ..
ကြက်သား ဒန်ပေါက်.. မွှေးပြီး အရမ်းစားကောင်းတယ်.. မအီဘူး..
ပြောရမယ်ဆိုရင်တော့ တကယ့်ကို စားကောင်းတဲ့ဆိုင်လေးပါ.. တပတ်လောက်နေတဲ့တလျှောက်မှာ ၃ခါလောက်ရောက်ဖြစ်တယ်ထင်တယ်.. Accha Fusion India ဆိုတဲ့ဆိုင်လေးပါ.. ဆိုင်ရှင်တွေက သဘောကောင်းတဲ့အပြင် အင်္ဂလိပ်စကားကိုလည်း မွှတ်နေအောင်ပြောနိုင်ပါတယ်.. စာဖတ်သူလူကြီးမင်းဟာ ယိုးဒယားကို ရောက်ဖူးမယ်ဆိုရင်ဖြင့် ဒီစကားကို ဘာလို့ထည့်ပြောလည်း သိနိုင်ပါမယ်.. မရောက်ဖူးဘူးဆိုရင်ဖြင့် ယိုးဒယားမှာ အင်္ဂလိပ်လိုမွှတ်နေအောင်ပြောတတ်တဲ့ ဒီလို local ဆိုင်လေးတွေအရမ်းရှားလို့ပါ.. လက်ဟန်ခြေဟန်နဲ့ပဲ ကိုယ်ပြောတာ သူနားမလည်.. သူရှင်းပြတာ ကိုယ်မသိနဲ့ ဖြစ်တတ်ပါတယ်..
ဒီလို သစ်ပင်ရိပ်လေးမှာ ထိုင်စားရတာ..
ခုနက အင်ဒီးယန်းစာလေးဒေစားပီး မ၀လို့ ဒါတွေထပ်စားပါတယ်.. ဟိုးဘက်ကဟာလေးက whoopie pie လို့ခေါ်တဲ့ဟာလေးပါ.. ၂ခုလုံးကိုယ်စားတာပါ.. ကော်ဖီလည်း ကိုယ်သောက်တာပါ.. ခုနက ထမင်းတလုံးနဲ့ကြက်ကင်ကလည်း ကိုယ်ပါပဲ.. ငိငိငိ..
ဒီဆိုင်မှာ ကိုယ်မကြိုက်တာမရှိသလောက်ပဲ.. ပတ်ဖ်တွေကလွဲရင် အကုန်ကြိုက်တယ်.. အကုန်နီးပါးလည်း တနေ့တမျိုးစားခဲ့တယ်လေ..
ဒါတွေက မြင်မြင်ရာ ရိုက်လာတာဒေပါ.. Central festival လို့ခေါ်တဲ့ shopping center မှာပါ...
အဲ့မျိုးဒေလျှောက်ရိုက်ပြီး ဒါမျိုးလေး ၃ထုပ်ဝယ်စားတယ်.. ကြက်တောင်ပံသေးသေးလေးဒေရယ် ၀က်သားကြော်ရယ် ငါးဖယ်ကြော်ရယ်.. ငါးဖယ်ကိုတော့မကြိုက်ဝူး.. တုံ့ယမ်းအရသာစူးတယ်.. ၀က်သားကလည်း အနဲငယ်မာ.. ကြက်သားကြော်တခုပဲကြိုက်မိတယ်..
ဖုကုတ်က ဟိုဟိုဒီဒီဒေပါ.. မကောင်းပါဘူး..
ညဘက်ကျတော့လည်း နီးနီးနားနား လျှောက်ရှာတာ ဘာမှမတွေ့တာနဲ့ ဆလတ်နဲ့ပဲညားပါတယ်.. Salad concept ဆိုတဲ့ဆိုင်ပါ.. လူတွေအများကြီးတော့ လာစားကြတယ်.. ဆလတ်ဆိုတော့ ကိုယ့်အကြိုက်မဟုတ်ဘူးလေ..
နောက်တနက် မနက်စာ... အဲ့တော့မှ ၀ယ်တဲ့ ခွက်အသစ်စက်စက်.. :P
ချောကလက် ဘရောင်နီနဲ့ ချောကလက် မာ့ဖင်.. မိုခါးကာဖီရည်..
နေ့လည်စာကို.. MK ဆိုတဲ့ ဟော့ပေါ့ဆိုင်မှာ ဘဲကင်နဲ့ ၀က်ခေါင်ကင်စားတယ်.. Central festival မှာပဲ..
ကိုယ်သိပ်ကြိုက်တဲ့ Kane Mochi ဆိုတဲ့ ရေခဲမုန့်ပါ.. အိစိအိစိနဲ့ ...
အပေါ်ကလို ရေခဲမုန့်နဲ့ရောစားလို့ရသလို သူ့ချည်းပဲလည်း စားလို့ရတယ်.. ကိုယ်ကတော့ သူ့ချည်းသက်သက် စားရတာပိုကြိုက်တယ်..
အာ့လိုဒေ နေ့လည်စာ စားသောက်ပြီး ညနေပိုင်းကျတော့ ဒါမျိုးလေး အဆာပြေဆွဲသေးတယ်..
အဲ့နေ့ညက ညစာစားတဲ့ဆိုင်က မှောင်တော့ ဘာပုံမှမရိုက်ခဲ့ရဘူး.. ညစာမစားဘူးထင်နေမဆိုးလို့.. :P
နောက်နေ့မနက်ဘရိတ်ဖတ်.. ချောကလက်ကိတ်ရယ် ဟိုးဘက်က ချိစ်ဒေနဲ့ ဆင်းဒ၀စ်လိုဟာက ကိုယ်စားတာ.. အပေါ်မှာ ချိစ်...အထဲမှာက ဟမ်နဲ့ချိစ်.. ခိခိ..
ဒါဒေက နေ့လည်စာ.. ဘေးချင်းကပ်ရက်နားမှာရှိတဲ့ ဆိုင်လေးက.. ကြက်ဆီထမင်းရယ် အကြော်အလှော်လေးဒေရယ် သရက်သီးသုပ်ရယ်.. ကောင်းမှကောင်း..
ချင်းမိုင် နိုက်ဘဇားက ဆိုင်လေးတဆိုင်.. နိုင်ငံတကာ ဘီယာပေါင်းစုံရတယ်.. ဆိုင်နာမည်တော့မသိ.. မဆိုးပါဘူး.. သိပ်စားအကောင်းကြီးထဲကတော့ မဟုတ်ဘူး..
အုန်းရေ၀ယ်သောက်တယ်.. အထဲကို ရေခဲလေးဒေပါထည့်ခိုင်းတယ်.. ချင်းမိုင်မှာ ဈေးဆိုင်တခုခုကိုသွားရင် ဗမာလိုအရင်ပြောတယ်.. သူတို့ နားမလည်ဟန်ပြမှ အင်္ဂလိပ်လိုကိုယ်ပြောတယ်.. ၅ဆိုင်မှာ ၃ဆိုင်လောက် ဗမာလိုပြန်ပြောတယ်.. :) အထူးသဖြင့် ညဈေးမှာပေါ့..
အဲ့တလောလေးက ဖေ့ဘုတ်မယ် တအားရှဲကြတဲ့ ရေခဲမုန့်လိပ်ပေါ့... မြင်တဲ့အတိုင်းပဲ အပေါ်က ခရင်မ်ဒေ အစာပလာဒေအရမ်းများတော့ အီစိမ့်နေတာပဲ.. အီစောင့်နေတာပဲဆို ပိုမှန်မယ်.. ညဈေးမှာပဲ..
ညဈေးမှာ ရိုက်ခဲ့တဲ့ပုံလေးတွေပါ.. အမြဲလိုလို လက်ထဲမှာ စားစရာတခုခုအမြဲရှိနေတော့ ဓါတ်ပုံရိုက်ဖို့က သိပ်မလွယ်ပါဘူး... :P
နောက်နေ့မနက်ကျတော့ စပ်စပ်ဆော့ဆော့နဲ့ အွန်လိုင်းကနေ မုန့်မှာ စားပါတယ်.. ဘာခရက်ဒစ်ကတ်မှမလိုဘဲ မှာလို့ရတယ်.. လာပို့တယ်.. Mac တွေက မှာလိုက်တာတာပါ.. website နာမည်တော့ မမှတ်မိတော့ဘူး..
ပြီးတော့ Promenada လို့ခေါ်တဲ့ resort mall ကိုသွားပါတယ်.. လှတပတလေးတွေ လုပ်ထားပေမင့် ခြောက်ခြောက်ကပ်ကပ်နဲ့ ဘာမှဝယ်စရာမရှိတာနဲ့ အဲ့မိုချိကိုပဲ ထပ်စားခဲ့တယ်.. အဲ့နေ့ညက ဘယ်မှာရှိမှန်းမသိတဲ့ဆိုင်ကို ရှာရင်းနဲ့ ဘာမှန်းမသိတဲ့ဆိုင်မှာ ၀င်စားမိတယ်.. ဆားဗစ်လည်း မကောင်း.. ကြာကလည်း ကြာ.. လှေလိုဟာကြီးပေါ်မှာ လှုပ်တုတ်တုတ်စားရတာဆိုတော့ စိတ်တိုတာနဲ့ပဲ ဘာပုံမှ မရိုက်ခဲ့ပါဘူး..
နောက်နေ့ကျတော့လည်း မရိုးနိုင်တဲ့ အဲ့ဆင်းဒ၀စ်နဲ့ ကာဖီပါပဲ.. ရောက်တုန်းလေး စားရတာကိုးး...
မနက်စာစားပြီးတော့ သူတို့ဆီက ရေပူစမ်းဆိုတာကို သွားကြပါတယ်.. ဝေးတော့ဝေးတယ်.. ၁-၂နာရီလောက်တော့ မောင်းရတယ်ထင်တယ်.. ပူပူလောင်လောင်မှာ ရေပူစမ်းသွားတာဆိုတော့ သိပ်တော့ မသာယာလှဘူးပေါ့.. ဆောင်းတွင်းဆိုရင်တော့ အဲ့ဒီ့ဘက်မယ် အရမ်းအေးတယ်တဲ့... အခုလည်း ပူနေပေမယ့် လူတွေတော့ အများကြီးပဲလေ.. သူတို့လိုကယ်လ်တွေပါပဲ.. အေးအေးလူလူ ထမင်းချိုင့်ထုပ်ပြီး လာအပန်းဖြေကြတာပါပဲ.. ထုံးစံအတိုင်း ရေပူစမ်းကြက်ဥတော့ စားခဲ့သည်ပေါ့... သူတို့ဆီက ကြက်ဥပြုတ်ခြင်းထဲမှာ ပဲငံပြာရည်ထုပ်လေးတခါတည်း ပေးထားတယ်.. အဲ့တာနဲ့တို့စားပေါ့.. ကိုယ်ကတော့ မကြိုက်တတ်လို့ ဆားတဘူးဝယ်ရတယ်.. ဆားကတော့ အထုပ်မရှိဘူးတဲ့လေ.. ကွကိုယ်ပဲ ဓါတ်ပုံရိုက်နေလို့ ဘေးပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ဖို့တော့ ဘယ်တော့မှသတိမရပါဘူး.. အပြန်ကြတော့မှ သူတို့ အ၀င်နားက ပန်းခြံလေးကို ဓါတ်ပုံရိုက်ခဲ့တယ်..
အဲ့ကအပြန် Huay Tung Tao Lake လို့ခေါ်တဲ့ တောင်ခြေလေးမှာရှိတဲ့ ကန်လေးကို သွားလည်ကြပါတယ်.. အသံဘယ်လိုထွက်ရမှန်းတော့မသိပါဘူး.. သူတို့ဆီက လိုကယ်လ်တွေ အသွားများတဲ့နေရာလေးပေါ့.. အဲ့ကန်ထဲမယ် ရေဆော့ကြပါတယ်.. နေရာလေးကတော့ အရမ်းသာသာယာယာလေးပါ... ဒေသခံမပါရင်တော့ အဆင်မပြေလောက်ဘူးထင်ပါတယ်.. အဲ့နားက ဆိုင်လေးတွေက အင်္ဂလိပ်စကားနားမလည်ကြပါဘူး..
မြို့ထဲကို ပြန်လာတော့ အေးအေးလူလူ အအေးသောက်ကြမယ်ဆိုတာနဲ့ ကာဖီရည်ထပ်သောက်ပါတယ်.. မန်းဂိုး ချိစ်ကိတ်ပါ.. စိမ့်စိမ့်ချိုချိုလေး.. သမီးတို့အကြိုက်မွန်းလိုက်ပါပဲ..
ညစာကို အင်ဒီးယန်းဆိုင်လေးမှာပဲ ထပ်စားပါတယ်.. Nan လို့ခေါ်တဲ့ နံပြားပါပဲ.. ထောပတ်နံပြား.. မွှေးမွှေး အိအိလေးပါ.. မရိုးနိုင်တဲ့ ဒံပေါက်နဲ့ ဒီဘက်က Chicken vindaloo လို့ခေါ်တဲ့ ကြက်သားဟင်းပါပဲ.. အနှစ်တစက်ကျံထိအောင် ကောင်းပါတယ်...
နောက်နေ့ကျတော့ မနက်စာစားလား မစားလား မမှတ်မိတော့ဘူး.. ဓါတ်ပုံမရှိတော့လို့... နေ့လည်စာ အုန်းနို့ခေါက်ဆွဲလိုဟာနဲ့ မုန့်ကြာစိအုန်းနို့လိုဟာမျိုးကိုစားတယ်.. ဈေးသည်က ကိုယ်ပြောတာပဲနားမလည်တာလား အကြောပဲမာတာလားမသိ.. အဲ့မုန့်ကြာစိထဲကို ရေခဲထည့်ပေးလို့ရလားဆိုတာကို မရဘူးဇွတ်ညင်းတယ်.. ဒါနဲ့ ကိုယ်ကလည်း အပူမစားချင်.. အာ့ကိုလည်း စားရမှဖြစ်မယ်ဆိုတော့ကာ..... အုန်းရည်တခွက်ဝယ်သောက်တယ်.. သူ့မုန့်ကြာစိမှာပြီး အုန်းရည်ထဲက ရေခဲဒေအားလုံးပစ်ထည့်ပြီး စားပလိုက်တယ်လေ.. Airport Plaza မှာပါ..
ဒီမှာကလည်း ဇာတ်လမ်းရှိတယ်.. ကိုယ်က ဒီ Airport plaza ဆိုတာကို လွန်ခဲ့တဲ့ ဘယ်နနှစ်ကမှန်းမသိရောက်ဖူးတယ်.. ခြောက်ခြောက်ကပ်ကပ်နဲ့ .. ဟိုမစုံဒီမစုံပေါ့.. ဒါပေသိ အမေက ဒီကို သိပ်သွားချင်တယ်.. ကိုယ်ကလည်း မစုံတော့ မသွားချင်ဘူးပေါ့.. ဒါနဲ့ Central festival ကိုပဲ ၂ရက်လောက်ရောက်တယ်ထင်တယ်.. ဒီကို နောက်ဆုံးပြန်ခါနီးရက်မှရောက်တော့ အချိန်ကလည်း မရှိတော့ ၀ယ်ချင်တာတွေကမကုန်နဲ့.. အမေဆိုတာ တဗျစ်တောက်တောက်.. အစတည်းက ငါလာမယ်ပြောရဲ့သားနဲ့ဘာညာပေါ့.. ကိုယ်ဆိုတာလည်း ဇက်ပုပြီး ဘာမှပြန်မပြောနိုင်ဘူးလေ.. အခုကြတော့ ဒါကြီးက ကြီးကျယ်ခမ်းနာပြီး ဆိုင်တွေက ဟို ဖက်စတေဗယ်လ် ဆိုတာကြီးထက်စုံ ဒိကောင့်ဒေကလည်း အကြီးကျယ်ချတောကိုး..
ညကျတော့ အဲ့မရိုးနိုင်တဲ့ အင်ဒီးယန်းစာလေးကို ထပ်စားပြန်ပါတယ်..
နောက်နေ့ကျတော့ ပြန်မဲ့ရက်.. မနက်စာ.. မိုခါးနဲ့ဆင်းဒ၀စ်..
လေဆိပ်ဆင်းခါနီးကျတော့ အချိန်ပိုနေလို့ လေဆိပ်နီးနီးနားနားက ဆိုင်လေးတခုမှာ စားကြတာ..
ဖတ်ထိုင်း..
သင်္ဘောသီးထောင်းလေး အစားပိတ်.. အာ့လို ဆိုင်ဒေက သင်္ဘောသီးထောင်းကို သိပ်ခံတွင်းမတွေ့ဘူး.. လမ်းဘေးလိုဟာမျိုးကမှ ပိုစားကောင်းသလိုပဲ.. ဒါတွေက နိုင်ငံခြားသား အကြိုက်ပြုပြင်ထားတဲ့စတိုင်မျိုး..
သံပုရာရည်နဲ့ လက်ဖက်ရည်..
ဖရဲသီးကကိုယ်သောက်တာ..
ဒီမုံ့ကြာစေ့လေးလည်း အစာပိတ်ပေါ့...
ကဲဒါပါပဲ.. ပြီးပါပြီ..
နောက်ထပ်ပုံတွေ ထပ်ရှိလာတာမို့ ဒီပို့စ်ကို အမြန်ပြီးအောင်ရေးလိုက်တာပါ....
ဒါမျိုးပုံတွေချည်းပဲ နောက်ပို့စ်တခုထပ်တင်ဦးမယ်.. :)

ဒီလိုတဲလေးတွေထဲမှာ ထိုင်စားရတာ..
သင်ပေါင်းပိုးနဲ့တူတယ်.. သင်ပေါင်းပိုးတော့မဟုတ်ဘူးး...
ဟင်းအရသာလေးတွေက ကောင်းတယ်ပြောရမယ်.. အကုန်အစပ်အဟပ်တည့်တယ်...မြို့ထဲကို ပြန်လာတော့ အေးအေးလူလူ အအေးသောက်ကြမယ်ဆိုတာနဲ့ ကာဖီရည်ထပ်သောက်ပါတယ်.. မန်းဂိုး ချိစ်ကိတ်ပါ.. စိမ့်စိမ့်ချိုချိုလေး.. သမီးတို့အကြိုက်မွန်းလိုက်ပါပဲ..
နောက်နေ့ကျတော့ မနက်စာစားလား မစားလား မမှတ်မိတော့ဘူး.. ဓါတ်ပုံမရှိတော့လို့... နေ့လည်စာ အုန်းနို့ခေါက်ဆွဲလိုဟာနဲ့ မုန့်ကြာစိအုန်းနို့လိုဟာမျိုးကိုစားတယ်.. ဈေးသည်က ကိုယ်ပြောတာပဲနားမလည်တာလား အကြောပဲမာတာလားမသိ.. အဲ့မုန့်ကြာစိထဲကို ရေခဲထည့်ပေးလို့ရလားဆိုတာကို မရဘူးဇွတ်ညင်းတယ်.. ဒါနဲ့ ကိုယ်ကလည်း အပူမစားချင်.. အာ့ကိုလည်း စားရမှဖြစ်မယ်ဆိုတော့ကာ..... အုန်းရည်တခွက်ဝယ်သောက်တယ်.. သူ့မုန့်ကြာစိမှာပြီး အုန်းရည်ထဲက ရေခဲဒေအားလုံးပစ်ထည့်ပြီး စားပလိုက်တယ်လေ.. Airport Plaza မှာပါ..
ဒီမှာကလည်း ဇာတ်လမ်းရှိတယ်.. ကိုယ်က ဒီ Airport plaza ဆိုတာကို လွန်ခဲ့တဲ့ ဘယ်နနှစ်ကမှန်းမသိရောက်ဖူးတယ်.. ခြောက်ခြောက်ကပ်ကပ်နဲ့ .. ဟိုမစုံဒီမစုံပေါ့.. ဒါပေသိ အမေက ဒီကို သိပ်သွားချင်တယ်.. ကိုယ်ကလည်း မစုံတော့ မသွားချင်ဘူးပေါ့.. ဒါနဲ့ Central festival ကိုပဲ ၂ရက်လောက်ရောက်တယ်ထင်တယ်.. ဒီကို နောက်ဆုံးပြန်ခါနီးရက်မှရောက်တော့ အချိန်ကလည်း မရှိတော့ ၀ယ်ချင်တာတွေကမကုန်နဲ့.. အမေဆိုတာ တဗျစ်တောက်တောက်.. အစတည်းက ငါလာမယ်ပြောရဲ့သားနဲ့ဘာညာပေါ့.. ကိုယ်ဆိုတာလည်း ဇက်ပုပြီး ဘာမှပြန်မပြောနိုင်ဘူးလေ.. အခုကြတော့ ဒါကြီးက ကြီးကျယ်ခမ်းနာပြီး ဆိုင်တွေက ဟို ဖက်စတေဗယ်လ် ဆိုတာကြီးထက်စုံ ဒိကောင့်ဒေကလည်း အကြီးကျယ်ချတောကိုး..
ညကျတော့ အဲ့မရိုးနိုင်တဲ့ အင်ဒီးယန်းစာလေးကို ထပ်စားပြန်ပါတယ်..
နောက်နေ့ကျတော့ ပြန်မဲ့ရက်.. မနက်စာ.. မိုခါးနဲ့ဆင်းဒ၀စ်..
လေဆိပ်ဆင်းခါနီးကျတော့ အချိန်ပိုနေလို့ လေဆိပ်နီးနီးနားနားက ဆိုင်လေးတခုမှာ စားကြတာ..
ဖတ်ထိုင်း..
သင်္ဘောသီးထောင်းလေး အစားပိတ်.. အာ့လို ဆိုင်ဒေက သင်္ဘောသီးထောင်းကို သိပ်ခံတွင်းမတွေ့ဘူး.. လမ်းဘေးလိုဟာမျိုးကမှ ပိုစားကောင်းသလိုပဲ.. ဒါတွေက နိုင်ငံခြားသား အကြိုက်ပြုပြင်ထားတဲ့စတိုင်မျိုး..
သံပုရာရည်နဲ့ လက်ဖက်ရည်..
ဖရဲသီးကကိုယ်သောက်တာ..
ဒီမုံ့ကြာစေ့လေးလည်း အစာပိတ်ပေါ့...
ကဲဒါပါပဲ.. ပြီးပါပြီ..
နောက်ထပ်ပုံတွေ ထပ်ရှိလာတာမို့ ဒီပို့စ်ကို အမြန်ပြီးအောင်ရေးလိုက်တာပါ....
ဒါမျိုးပုံတွေချည်းပဲ နောက်ပို့စ်တခုထပ်တင်ဦးမယ်.. :)
Subscribe to:
Posts (Atom)