ပြောရင်းဆိုရင်း... ရှော့ပင်း ထွက်တယ်ဆိုတဲ့အကြောင်းရောက်... ရောက်တော့ တော်ဝင်တွေ မော်တင်တွေသွားတော့ ဘူနဲ့သွားသလဲတဲ့.. တယောက်တည်းပေါ့လို့ဖြေတော့.. တယောက်တည်း သိပ်အဆင်ပြေနေတယ်ပေါ့တဲ့... ချက်ချင်းလက်ငင်း ထိုင်ငိုချင်လောက်အောင် ဖြစ်သွားတယ်... တယောက်တည်း ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ ချစ်သူရယ်... ကိုယ့်ရဲ့ ညည်းချင်းတွေကြားရင် ချစ်သူ ပင်ပန်းရတဲ့ကြားထဲ တပူပေါ် နှစ်ပူဆင့်မှာစိုးလို့ မပြောတာပဲရှိတာပါ... တယောက်တည်း ဘ၀က အဆင်မပြေတဲ့အကြောင်း ချစ်သူကို ညည်းမပြချင်ဘူး..... တခါတလေတော့ ရုံးကလူတွေရှေ့မှာ ညည်းမိတယ်... ချစ်သူမရှိတော့ ရုံးမှာပဲ မနက်စာ စားဖြစ်တယ်... ရုံးကိုလည်း အစောကြီးလာရတော့ လူတွေကမေးကြတယ်ပေါ့...
မနက်အစောကြီးရောက်ရတဲ့အကြောင်း.. ဒီတော့ ချစ်သူမှမရှိတာ.. ပါကင်ရဖို့ အစောကြီးလာရတဲ့အကြောင်း ချစ်သူသာရှိရင် ဒီလိုအဖြစ်မျိုးတွေ မရှိဘူးဆိုတဲ့အကြောင်း ညည်းမိတယ်...
မနက်စာစားတော့လည်း... အများကြီးစားလို့ဆိုပြီး ထူးဆန်းသော အကြည့်နဲ့ ကြည့်... အများကြီးစားတယ်နော်ဆိုပြီး ပြောတဲ့သူတွေကြောင့် ထပ်ညည်းမိတယ်.. ချစ်သူသာရှိရင် ကိုယ်စားတာ ချစ်သူပဲသိတာ... ခုတော့ တလောကလုံးကလူတွေသိပြီဆိုပြီး.. ချစ်သူမရှိတဲ့ဘ၀ဘယ်လောက်ဆိုးကြောင်း ညည်းမိတယ်...
ဒါလေးတွေက တကယ့်သေးသေးလေးတွေပါ ချစ်သူရယ်... အဲ့ဒါတွေကို အကုန်အဆင်ပြေအောင် ကိုယ့်ဟာကိုယ် ကြိုးစားပြီး နေနေပါတယ်...
ကိုယ့်ရဲ့နေ့စဉ်ဘ၀ထဲမှာ ချစ်သူက ၃ပုံ၂ပုံပါပါတယ်.... ကျန်တဲ့ အချိန်က ရုံးတက်ရတဲ့အချိန်.... အဲ့လို နေရာတကာ ချစ်သူရဲ့ ဂရုစိုက်မှုအောက်မှာနေရင်းက ခုလိုမျိုး တယောက်တည်း ပြန်နေနိုင်အောင် ကိုယ်မနည်း ကြိုးစားနေရတာပါ.....

ကိုယ် အသက်အရွယ်ရလာထဲက ဘာကိုမှ သိပ်မဆုတောင်းမိဘူး..... ဒါပေမဲ့ ဆု ဆိုတာမျိုးက ပြည့်တတ်တယ်ဆိုရင်တော့ ကိုယ်ဆုတောင်းချင်ပါတယ်.... ကိုယ်ချစ်တဲ့သူတွေနဲ့ ဘယ်လို ပုံစံမျိုးနဲ့မှ မကွေကွင်းရပါစေနဲ့လို့......
No comments:
Post a Comment