ချစ်သူကိုလွမ်းတဲ့အကြောင်းပဲ....
ခရီးတခုထွက်ဖို့ မနေ့ညက အထုပ်ပိုးပြင်ရတယ်.. ချစ်သူသွားပြီးတဲ့နောက်ပိုင်း ဒါက ပထမဆုံးထွက်မဲ့ ခရီးလေ..
နောက်ဆုံးခရီးထွက်ခဲ့တာကို ပြန်သတိရမိလို့....
နောက်ဆုံးတခေါက် အထုပ်ပိုးပြင်တုန်းက ကိုယ့်ဟာကိုယ် တယောက်တည်း ခရီးသွားမှာဆိုပြီး ချစ်သူကို စိတ်ကောက်နေတာပေါ့....
စိတ်ကောက်တာကလည်း ဒင်းက သူ့သူငယ်ချင်းတွေနဲ့ ခရီးထွက်သွားလို့ပါ..
၁၁၅ မိုင်ရောက်မှ ၁၁၅မိုင်ရောက်နေပြီ ပြန်လာလို့မရတော့ပါဘူးဆိုတာကို ဖုန်းဆက်ပြောတယ်..
ဒီတိုင်းပြောရင်လည်း လွှတ်မှာမှမဟုတ်တာတဲ့..
ခုပြန်ပြော ခုစိတ်တိုပါတယ်...
အဲ့တုန်းက ပြတ်ဖို့ထိတောင် စဉ်းစားပြီးသားပါ.....
ငါ့ကို ဒီလိုလုပ်ရကောင်းမလားဆိုပြီး...
ဖြစ်ချင်တော့ ကိုယ်ကလည်း သွားစရာကိစ္စရှိနေတယ်.. အဲ့ကိစ္စကို စပြောတုန်းက မသွားရဘူး ပိုက်ဆံအလကားကုန်တယ် ဘာညာနဲ့ လူကို တားမြစ်ပါတယ်..
အကျယ်ကျယ် မဖြစ်ချင်တော့ ကဲ မသွားဘူးပေါ့..
အဲ့လိုနေရင်းက ဒင်းက မပြောမဆို လုပ်သွားတော့.. နေပေါ့.. ဒင်းနဲ့ပြတ်မယ်ဆိုပြီး တယောက်တည်း ခရီးသွားဖို့ အကုန်စီစဉ်ပါတယ်..
ကားလက်မှတ်လည်း ၀ယ်ပြီးသား..
မနက်ဖန်မနက်လိုသွားမယ်ဆို ဒီနေ့လို ညမှ ဒင်းပြန်ရောက်လာပြီး လိုက်ခဲ့မယ်တဲ့.....
မလိုက်နဲ့ တယောက်တည်းသွားမှာ ဘာညာနဲ့ တော့ ပြောသေးတယ်..
သိပ်မချော့ရပါဝူး.. ပြတ်မယ် ဘာညာဆိုပြီး ပြောနေပေမဲ့... ကားလက်မှတ်ရရင်လိုက်ခဲ့ပေါ့လို့ပြောလိုက်တာပေါ့....
မနက်ကျတော့လည်း ကားလက်မှတ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖုန်းဆက်လှမ်းမေးပြီး ဘွတ်ကင်တွေလုပ်....
ဘွတ်ကင်လုပ်ပြီး သိပ်မကြာ.. ဒင်းက ဖုန်းထပ်ဆက်လာ.. သူ့အိမ်က ကားနဲ့ သူကိုယ်တိုင်မောင်းပို့မယ်ဆိုပြီး.....
ဒါနဲ့ပဲ... ခရီးထွက်ဖြစ်ကြသည်ပေါ့..
အိမ်ကလူကြီးတွေကလည်း တယောက်တည်းသွားမယ်ဆိုတုန်းက အင်တင်ပါတင် လွှတ်ချင်သလိုလို မလွှတ်ချင်သလိုလို.. တားမရလို့ လွှတ်ရတဲ့ပုံမျိုး...
ဒင်းလိုက်ပို့မယ်လည်းဆိုရော.. ၀မ်းသာအားရနဲ့ တော်သေးတာပေါ့ ဘာညာနဲ့....
အဲ့ ဒင်းကလည်း မိဘတွေကို အဲ့လို အပိုင်ပေါင်းထားတော့ တော်ရုံတန်ရုံကိစ္စဆို ဒင်းလွန်တယ်လို့ကို မထင်ကြဘူး....
ဘာရယ်မဟုတ်ပါဘူး.. အထုပ်ထုပ်ရင်း မနှစ်က အဲ့အချိန်လေးကို သတိရမိလို့..
ချစ်သူနဲ့သွားခဲ့တဲ့ နေရာတွေကို ချစ်သူမပါဘဲ ထပ်ရောက်ရမှာကို တွေးကြောက်နေတယ်.. သေလောက်အောင် လွမ်းမိနေမလားဆိုတာကို..
တကယ်ဆို ခုသွားမဲ့နေရာတွေက ချစ်သူမပါဘဲလည်း မရေမတွက်နိုင်အောင် ရောက်ခဲ့ဖူးပြီးသားနေရာတွေလေ..
ကိုယ်ဆိုတာလည်း ..... ဘာမဟုတ်တာလေးကို အစွဲလမ်းကြီးလွန်းတယ်..
No comments:
Post a Comment