ပို့စ်ရေးမတင်တာကြာလို့..
ကြာဆို ထူးထူးခြားခြားရေးစရာလဲမရှိဘူးလေ..
အရည်မရ အဖတ်မရ ဓါတ်ပုံတွေပဲရှိတော့ ဒါပဲတင်ပျဇီဦး..
ပဲပင်ပေါက် ပဲသွေး ပဲပြားကြော်...
ပဲသွေးကြော်..
ထမင်းနဲ့ ပဲပင်ပေါက်သုပ်..
ပဲပင်ပေါက်တထုပ်ကနေအစပြုပြီး ဒီလိုတွေဖြစ်သွားတော့တာပဲ... ပဲပင်ပေါက်ကိုလည်း တသက်နဲ့တကိုယ် လုံးဝမကြိုက်တဲ့ထဲပါတယ်... အစုံသုပ်ထဲမှာ အနည်းငယ်ပါတာကို မမှုပေမဲ့ ပဲပင်ပေါက်ကြော်တို့ ဟင်းချိုတို့ဆို လုံးဝ မစားဘူး.. ဘာကနေ ဘယ်လိုတွေ ဖြစ်တယ်မသိ.. အပမှီတာလည်း ဖြစ်နိုင်တယ်.. နေရင်းထိုင်ရင်း ပဲပင်ပေါက်ကို ကြိုက်သွားရာကနေ ခုလို ထမင်းနဲ့ပဲပင်ပေါက်ချည်းသက်သက်သုပ်စားတဲ့ဘ၀ပါရောက်သွားတယ်.. ချစ်သူကိုပြောပြတော့ အီဘိုလာထက် ထူးဆန်းတဲ့ရောဂါဖြစ်နေပြီဆိုပြီးပြောတယ်... အရင်တုန်းကတော့ ပဲပင်ပေါက်ပဲပြားဆိုတာနဲ့ ပတ်ပြေးနေတာတဲ့... ခုတော့ အားရင် ပဲပင်ပေါက်စားမယ်ဆိုတာချည်းပြောဖြစ်နေတယ်...
ဒါကတော့ သူများကျွေးလို့သွားစားဖြစ်တာ.. တယောက်တည်း စားတာမဟုတ်.. သူများတကာ စားတာတွေပါ ၀ါသနာအရ ဓါတ်ပုံရိုက်လာတာပါ.. Marry Brown ဆိုတဲ့ဆိုင်.. လုံးဝ မကြိုက်တဲ့ အထဲပါတယ်.. ဆိုင်စဖွင့်တုန်းက တခါရောက်တယ်.. ဒါလည်း ၀ါသနာအရပဲ.. ဆိုင်အသစ်ဆို ထွန့်ထွန့်လူးသွားချင်လှပါချည်ရဲ့ဆိုပြီး အတင်းဂျီကျပြီး ချစ်သူကို ပို့ခိုင်းတာ.. ဟိုလည်းရောက်ရော မကောင်းမကန်းတွေဆိုတော့ မစားချင်တော့ဘူးဖြစ်ပြန်ရော.. ကောင်းတယ်... နည်းတောင် နည်းသေးတယ်ဆိုပြီး အပြောခံရတာ မှတ်မိတယ်... အဲ့တခေါက်ပြီးတော့ နောက်ဘယ်တော့မှ သွားမစားဖြစ်ဘူး...
ဒါတွေကတော့ ANG'S ဆိုတဲ့ မလေးဆိုင်အသစ်ကပါ.. အိမ်ကိုလာပို့တယ်.. နီးလို့လားတော့ မသိဘူး.. ပို့ခ မယူသွားဘူး..
ကွကိုယ် အိမ်မှာလုပ်တဲ့ ဘလူးဘယ်ရီ စမူးသီး.. ဘလန်ဒါဆေးရမှာ ပျင်းလို့သာ.. မဟုတ်ရင် ဒါမျိုးလေးတွေ ခဏခဏလုပ်သောက်ချင်တာ..
နောက်ကဟာလေးကတော့ အိမ်ကကောင်... ငကဲ.. ငပေါလေး..
မထူးဆန်းတဲ့ ပန်းပွင့်ကြော်...
ဒါလေးက သိပ်ချစ်စရာကောင်းတဲ့ တီရာမိစုလေးပါ... ပျစ်နှစ်နေတာပဲ.. ကောင်းချက်.. La Vie En Rose ဆိုတဲ့ ဆိုင်က.. အဲ့ဆိုင်က စပါယ်ရှယ်ပူတင်းဆိုတာနဲ့ ဒီဟာလေးကို ထူးထူးခြားခြားကြိုက်မိဒယ်... တခြားဟာတွေကတော့ စွဲမက်စရာမရှိ..
No comments:
Post a Comment