မကောင်းတဲ့ ကျမရဲ့ အကျင့်လေးတွေအကြောင်းပါ...
ခုတလောလုပ်မိနေတာလေးတွေ...
တခုကတော့ ဘာကိစ္စကိုမှ မြိုသိပ်မထားတတ်တာ... စိတ်ထဲမှာ မကျေနပ်နေရင် ဟန်ဆောင်ပြီးတော့ဖြစ်ဖြစ်တောင် မသိချင်ယောင်မဆောင်နိုင်ဘူး.. ထုတ်ဖော်ပြလိုက် ပြောလိုက်ရမှကျေနပ်တယ်... ဘယ်ကိစ္စကိုမဆိုပါ..
လောလောလတ်လတ်ကတော့... ချစ်သူရဲ့သူငယ်ချင်းနဲ့တွေ့တော့ သူပြောလိုက်တဲ့စကားကို မကျေနပ်တာပါ.. (ချစ်သူရဲ့ သူငယ်ချင်းဆိုပေမဲ့ ကျမနဲ့လည်း အရင်တည်းက သူငယ်ချင်းပါ) အဲ့တယောက်နဲ့လည်း အရင်က ပြသနာဖြစ်ဖူးတော့ သူ့ကိုလည်း လုံးဝမကြည်ပါဘူး......
ပြောတာက "ဟိုကောင်ကြီး ဘာဖြစ်နေလဲကော နင်သိရဲ့လားတဲ့".. အဲ့စကားကို လုံးဝမကြိုက်တာပါ... မရင့်ကျက်ဘူး..ကလေးဆန်တယ်ပြောချင်ပြော.... ကျမဟာ စန်းစန်းတင့်ပါတယ်.. တကယ်တော့ ချစ်သူနဲ့ပတ်သက်လာရင် ဘယ်ကိစ္စမဆို ကျမကအရင်သိရတာပါ.. ချစ်သူရဲ့ အချိန်တော်တော်များများကိုလည်း ကျမရထားတာပါ.. ချစ်သူမှာ ကျမနဲ့ ဖုန်းပြောလို့ရပြီဆို အိပ်တောင် မအိပ်ဘဲ ဂျူတီချိန်နီးမှ နာရီဝက် တနာရီလောက်မှေးပီး ထထပြေးရတာပါ...... တခါတခါဆို လုံးဝမအိပ်ရဘဲ ဂျူတီတန်းဝင်ရတာတွေလည်းရှိတော့ ချစ်သူအကြောင်းကို ကျမသာလျှင်အသိဆုံးလို့ ကျမယူဆထားတာပါ... ဒါကို ဒင်းက ရာရာစစ ဒီစကားပြောစရာလားဆိုပြီး ပေါက်တာပါ..
အဲ့ဒါနဲ့ ပတ်သက်ပြီး အဲ့စကားကို စကြားကြားချင်းနေ့မှာ ချစ်သူကို တခါပြောပြီးပါပြီ.. မကျေနပ်ဘူးဆိုတဲ့ အကြောင်းကို..
ချစ်သူကတော့ စိတ်လျှော့ဖို့ ပြေရာပြေကြောင်းပြောပါတယ်..
ဒါလည်း မကျေနပ်ဘူး.. နောက် တပတ်လောက် ချစ်သူနဲ့ နောက်တခါ အဆက်သွယ်ပြန်ရတော့ ထပ်ပြောပါတယ်.. ဘယ်ကိစ္စမဆို ကျမသိချင်တယ်လို့.. သူများသိပြီးမှ ကျမသိရတယ်ဆို ရှင်နဲ့ ကျမနဲ့တော့ မလွယ်ဘူးတို့ ဘာတို့..... ပြောတော့ ချစ်သူကစိတ်တိုပါတယ်... နင် မပြီးနိုင်ဘူးလား.. ဒါမျိုးတွေနဲ့ ငါ့ကို စိတ်ညစ်အောင်လာမလုပ်နဲ့ဆိုပြီး.. နောက်ဆုံးတော့ ရန်ဖြစ်ကြသည်ပေါ့.....
အဲ့လို ကျမက ဘာကိုမှ စိတ်ထဲမှ မကျေနပ်တာကို မထားတတ်တာပါ... မကျေနပ်တာရှိနေရင် တနုံ့နုံ့နဲ့.... သူများဘာဖြစ်ဖြစ်.. ကျမ စိတ်ထဲမှာ ပေါ့သွားဖို့သာ အဓိကလို့ သဘောထားပြီး ရှေ့မကြည့် နောက်မကြည့် ပြောတတ်တာပါ.... ဒါက တခု..
နောက်တခုကလည်း အဲ့လိုပဲ.. ခပ်ရွတ်ရွတ်ပြောတာနဲ့လုပ်တာ.....
လောလောလတ်လတ်ဖြစ်ထားတဲ့ ချစ်သူနဲ့ ကိစ္စကိုပဲ ပြောပြပါ့မယ်..
ချစ်သူက သူ့အမေမွေးနေ့ မေ့သွားတယ်တဲ့.. စိတ်မကောင်းဘူးတဲ့ဆိုပြီး ပြောတယ်.....
ပြီးတော့ ဘယ်နေ့ဘယ်နေ့တွေက သူ့အမေနဲ့ သူ့အဖေရဲ့မွေးနေ့ဆိုပြီးပြောပါတယ်... အဲ့ဒါကို ရှင့်မွေးနေ့ မှတ်ထားပေးတာတောင် ကျေးဇူးတင်ဦးဆိုပြီး... ဂွတိုက်ပြီး ပြောပါတယ်....
တကယ်တော့ ကျမ ၂ရက်လုံးကို သိပါတယ်.. အဲ့ဒါကိုလည်း ချစ်သူစိတ်ကျေနပ်အောင် ပြောလို့ရရဲ့သားနဲ့ ကျမဟာ ရွတ်ပြီးတော့ အဲ့လို ဘုစကားကို ဆိုတတ်ပါတယ်...
လုံးဝကို အကျင့်မကောင်းတာပါ....
ဒီအကျင့်တွေကို ပြင်ဖို့စဉ်းစားပေမဲ့..... အတ္တကြီးလွန်းတဲ့ ကျမအတွက်တော့ တကယ့်ကို ပြင်ဖို့ခက်ပါတယ်....
အကျင့်ဆိုးများနဲ့ ကျွန်မ (၁)
No comments:
Post a Comment