တခါတလေကျရင် လောကကြီးမှာ ဖြစ်ချင်တာတွေ အရမ်းများနေတော့ စိတ်တွေပါရှုပ်လာတယ်.. (လောကကြီးမှာဆိုတာ ထည့်ပြောနေကျစကားသာဖြစ်ပါတယ်.. ထူးထူးခြားခြား ဆိုလိုချင်တဲ့ အဓိပ္ပါယ်မပါပါ)
ဒီစာကြောင်းကို ချရေးလိုက်တော့လည်း ဖြစ်ချင်တာတွေကသပ်သပ် စိတ်ရှုပ်တာတွေကသပ်သပ် ဖြစ်နေပြန်တယ်.. ဖြစ်ချင်တာတွေကြောင့် စိတ်ရှုပ်နေတာမဟုတ်ပြန်ဘူး...
စိတ်ရှုပ်တယ်ဆိုတာထက် ခုတလော စိတ်မမှန်တာပါ.. ခုတလောလဲ ဟုတ်ချင်မှ ဟုတ်မှာပါ.. တသက်လုံး မမှန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ..
တနေ့ရွှေ .. တနေ့ငွေ.. ခုဆီထမင်း.. ခုစာကလေးကြော်.. ဘာတွေဖြစ်နေမှန်းကို မသိဘူး.. မတည်ငြိမ်ဘူး ပြောရအောင်လည်း ကိုယ့်အသက်က မြီးကောင်ပေါက်မဟုတ်ပြန်ဘူး..
စိတ်ရှုပ်တာကို စဉ်းစားကြည့်တော့လည်း ဒီယောကျာ်းယူဖို့ ကိစ္စပဲပေါ့.. ပီးယား ပရက်ရှာ ပြောရမလား ဘာလား.. စကားလုံးကြီးကြီးတွေပေါ့.. ဒီယောကျာ်းကိုပဲ ယူလိုက်ရတော့မှာလား... တသက်လုံးပဲ အပျိုကြီး လုပ်နေရမှာလားဆိုတဲ့ ဟာကို စဉ်းစားမိတယ်... ချစ်သူသာသိရင် စိတ်မကောင်းတာရော စိတ်တိုတာရော အကုန်ဖြစ်ပါလိမ့်မယ်... ဒါပေမဲ့ တကယ်ပဲ စဉ်းစားမိတယ်... ယောကျာ်းယူဖို့ကို တွန့်ဆုတ်စေတဲ့ တခုတည်းသော အကြောင်းရာက ချစ်သူရဲ့ အပေါင်းသင်းမင်တဲ့ စိတ်တခုတည်းကြောင့်ဆိုရင် လူတိုင်းက ကိုယ့်ကို ဘယ့်နှာဂျီးတုန်းဆိုပြီး ကြည့်ကြလိမ့်မယ် ထင်ရဲ့... ဒါပေမဲ့ တကယ်ပါ.... အဲ့တခုကြောင့် ကိုယ့်စိတ်တွေက မတည်မငြိမ်တွေဖြစ်နေတယ်.. ဒီယောကျာ်းကို ယူလိုက်ပြီးမှ ငါဟာ တသက်လုံး စိတ်ချမ်းသာနေရပါ့မလားဆိုပြီး တွေးပူနေတယ်.. အတ္တတွေလည်း သိပ်ကြီးနေမိမှန်း ကိုယ့်ဟာကိုယ် သိပေမဲ့ အဲ့အတ္တတွေကို မလျှော့နိုင်ပြန်ဘူး.. ပိုင်ဆိုင်ချင်စိတ်တွေပဲများနေတယ်..
သူငယ်ချင်းတယောက်ကပြောတယ်.. ဘာပေးနိုင်လဲဆိုတာပဲစဉ်းစားပြီး ဘာမှမမျှော်လင့်ပဲချစ်တာ ပိုအဆင်ပြေလိမ့်မယ်တဲ့.....
ဒါက ကိုယ့်ရဲ့ ယောက်ျားယူချင်တဲ့စိတ်ကိုေ၀၀ါးစေတဲ့ အခြမ်း..
နောက်တခုကတော့ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေကို မြင်တော့လည်း ငါတယောက်တည်း အထီးကျန်နေလို့ မဖြစ်ပြန်ဘူးဆိုတဲ့ စိတ်..
နောက် ကိုယ့်ကို အရမ်းချစ် အရမ်းသည်းခံ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ချစ်သူကို လက်လွှတ်လိုက်ဖို့မဖြစ်နိုင်ဘူးဆိုတာကလည်း တစိတ်တဒေသ...
ခုလောလောဆယ်ကျတော့လည်း... ကိုယ့်အတွက်နဲ့ ကိစ္စတော်တော်များများကို ပြောင်းလဲပေးခဲ့တဲ့ ချစ်သူဆိုပြီး သတိချပ်မိပြန်ရော....
ကိုယ့်ရင်းနှီးတဲ့သူငယ်ချင်းတွေက ရည်းစားဖြစ်ခါစက သူတို့ကြားရတဲ့ ကိုယ့်ရဲ့ ညည်းချင်းတွေနဲ့ ခုနောက်ပိုင်း ကိုယ်ပြောတဲ့စကားတွေက လုံးဝကွဲပြားနေတော့ အထူးတဆန်းတွေဖြစ်နေကျတယ်.. ကိုယ်ဘယ်လိုတွေလုပ်လို့ ချစ်သူပြောင်းလဲသွားလဲဆိုတာကို တအံ့တသြမေးကြတဲ့အထိကို ချစ်သူက ကိုယ့်အတွက်ပြောင်းလဲပေးနိုင်ခဲ့တယ်......
ကိုယ်မကြိုက်ဘူးဆိုတဲ့ကိစ္စတွေကို ကိုယ့်စိတ်ကြိုက်မဖြစ်တောင် ကိုယ်စိတ်မဆင်းရဲရအောင် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ပေးတယ်...
ပင်ပန်းလွန်းနေတဲ့ချစ်သူကို ဂျီမကျမိအောင် သတိထားပေမဲ့.. ဖျောက်မရတဲ့ကိုယ့်အကျင့်ကြောင့် တခါတလေမှာ ဂျီကျပြီး ဆိုးမိတယ်... အဲ့လိုအခါတွေမှာတောင် ချစ်သူက ကိုယ့်အပေါ်မှာ သည်းခံပြီး ချော့မော့ပြောဆိုရှာတယ်...
မနေ့ကလည်း သူ့သူငယ်ချင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ကျမတော့ တသက်လုံးအဆင်ပြေမှာ မဟုတ်ဘူးဆိုတဲ့စကားကို အလိုက်ကန်းဆိုးမသိစွာ ပြောမိတယ်..
တကယ်ဆို ခုတလော ချစ်သူက အလုပ်မှာ အဆင်မပြေလို့ စိတ်ဖိစီးမှုတွေများနေမှန်းသိသိကြီးနဲ့ ကိုယ် အဲ့လို မလုပ်သင့်ပါဘူး.... ဒါကိုလည်း ပြောပြီးဆိုပြီးမှသာ စဉ်းစားမိတယ်.... ကိုယ်ဟာ အတော်ဆိုးပါတယ်.. အဲ့ဒါကိုလည်း ချစ်သူက ကိုယ့်ကို စိတ်လျှော့ဖို့သာ တွင်တွင်ပြောပြီး တစက်လေးတောင် စိတ်မဆိုးရှာဘူး.... နောက်ဆုံးမှသာ ကိုယ့်မှာ အဲ့လိုလုပ်လိုက်မိလို့ စိတ်မကောင်းတွေဖြစ်လို့.....
နောက်ဆုံးကိုယ်ဆုံးဖြတ်မိတာ ပေါ့ပေါ့နေ ပေါ့ပေါ့စားသင့်တယ်လို့.. ဘာကိုမှ အလေးနက်မထားဘဲနဲ့လေ.. ဒါဟာကိုယ့်စရိုက်ပေါ့... ချစ်သူပြောနေကျအတိုင်းဆို ဖြစ်စေချင်လို့ ပြောတာကတခု နားလည်သွားတာကတခု... စကားပြောရင် အရူးကို စကားပြောသလို.. တခုချင်း ပြောရတယ်..တဲ့..
ထားတော့.. ဒါက စိတ်ရှုပ်နေရတဲ့ အကြောင်းရင်းပေါ့..
ဖြစ်ချင်တာတွေ အရမ်းများတာကလည်း တကြောင်းပေါ့နော်...
ခုလောလောဆယ် ကိုယ့်မှာ မနက် ၇း၃၀ အိမ်ကထွက်ပြီး ၅နာရီမှာ ရုံးဆင်းလို့ရတဲ့ တပတ် ၅ရက် အလုပ်တခုရှိတယ်.. အဲ့ဒါပြီးရင် ကိုယ်လှဖို့ပဖို့ရာ လ့ကျင့်ခန်းကိုလည်း ပြေးလုပ်ချင်သေးတယ်..... (အိမ်မှာဆိုမလုပ်ဖြစ်မဆိုးလို့ gym မှာ ကွကိုယ် ကော်မစ်တန့်ပေးတဲ့အနေနဲ့ ပိုက်ဆံသွင်းထားတယ်... )..
ဒါကို မကျေနပ်သေးဘူး... ၄လ ၀ိတ်လုစ် ပရိုဂရမ်ကိုလည်း စပ်စပ်ဆော့ဆော့ ၀င်လုပ်ချင်သေးတယ်.. အရမ်းကို ပိန်ချင်နေပြီလေ... အဲ့ဒီ့ဟာက တပတ်ကို ၄ရက် ... အဲ့ကအပြန်တွေရယ်.. ကျန်တဲ့ ၃ရက်ရယ်ကို gym သွားမယ်ဆိုတဲ့ ကြီးမားသော ရည်ရွယ်ချက်နဲ့... လောလောဆယ်တော့ ပရိုဂရမ်က မနေ့ကမှ စတာဆိုတော့ ဘယ်လိုလာဦးမလဲမသိ.. ပုံမှန်ကတော့ ရုံးကအပြန် တခါတည်း gym ကိုတန်းသွား.. အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးပြီ.... (ဒါက အချိန်တွေပေါမနေဘူးဆိုတာကိုပြောချင်တာ..... ) အရမ်းလှချင်တော့ တခြားအပို လေ့ကျင့်ခန်းလေးတွေကိုတောင် အိမ်မှာ ထပ်လုပ်ချင်သေးတယ်.. (ဒလောက်လုပ်နေတာ အရမ်းလှနေတယ်လို့မထင်ပါနဲ့ ၀မြဲဝဆဲမို့ ကြိုးစားနေတာပါ).. ပိန်ဖို့ကို လောလောဆယ် နံပါတ်၁နေရာမှာ ထားထားတော့ သင်တန်းတခုတက်ချင်တာကိုတောင် ခဏအောင့်ထားရတယ်.. အဲ့သင်တန်းမှာ ကားပါကင်အဆင်မပြေတော့ တက်ဖို့ အာသီသနဲနဲ လျော့သွားတာလည်း ပါတာပေါ့လေ... ဒီကြားထဲကမှ ရှိသမျှလူတွေကို တာဝန်ကျေချင်တာ... ကိုယ့်ကိုယ်ကိုရောပေါ့... ပိတ်ရက်လေးမှာ အိပ်ရေးဝအောင် အိပ်ချင်သေးတာ.... အိမ်ကမိဘတွေကို ပိတ်ရက်မှာ တနပ်စာလောက်ဖြစ်ဖြစ် ချက်ပေးချင်တာ..... မလုပ်ဖူးသေးတဲ့မုန့်တွေ ဟင်းတွေ စမ်းချက်ကြည့်ချင်တာ.. ကိုယ်တို့အိမ်နဲ့ အတော်ဝေးဝေးမှာရှိတဲ့နေရာမှာ နေတဲ့ အဖွားဆီကို မှန်မှန်လေး သွားချင်တာ..... ယောက္ခမအိမ်ဘက်ကိုလည်း တတ်နိုင်သလောက် မကြာခဏဆိုသလို ရောက်ချင်တာ... သူငယ်ချင်းတွေနဲ့လည်း ကြုံရင်ကြုံသလို ဟန်းအောက်ရသေးတာ.... (ဒါလည်း သူငယ်ချင်းစုံအောင် အချိန်မပေးနိုင်လို့ ငြိုငြင်တဲ့သူက ငြိုငြင်ရဲ့) .. တရက်တခေါက်လောက်တော့ မေတ္တာသုတ်လေးရွတ်ချင်သေးတာ (အလွတ်မရလို့ စာအုပ်ကြည့်ရွတ်ရတာမို့ သွားရင်းလာရင်း ရွတ်မရပါ)... မျက်နှာလေး ကြည့်ပျော်ရှုပျော်ဖြစ်အောင် စကင်းကဲလေးတွေအတွက် အချိန်ပေးချင်သေးတာ..... ကောင်းနိုးရာရာ စာအုပ်လေးတွေလည်း ဖတ်ချင်သေးတာ.. (ကိုယ်စာအုပ်မဖတ်ဖြစ်တာ ချစ်သူနဲ့တွဲခဲ့တဲ့ ၃နှစ်တာကာလတခု လောက်ရှိပါတယ်.. အများဆုံးဖတ်ဖြစ်ခဲ့ရင် ၅ အုပ်ထက်မပိုဘူး)... ရုပ်ရှင်ကားလေးတွေ သွားရွေးဝယ်ပြီး အေးအေးဆေးဆေးကြည့်ချင်သေးတာ... ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေချည်းပဲစုပြီး စီဒီလေးတချပ်လုပ်ချင်သေးတာ..... ကိုယ့်အိမ်ကခွေးလေးနဲ့ဆော့ဖို့အချိန်ပေးချင်တာ...
ဒါမျိုးတွေပေါ့.. ဖြစ်ချင်တာတွေချည်းပဲ.. ဒီကြားတဲ ရုတ်တရက်ထထပေါ်လာတဲ့ သာရေး နာရေးမှန်သမျှကို မပျက်ကွက်ချင်တာ...
အကုန်လုံးကို ပြည့်စုံအောင်လိုက်လုပ်ဖို့ဆိုတာ တကယ့်ကိုမလွယ်တာပဲ.... ခုပြောခဲ့တဲ့ လုပ်ချင်တာတွေထဲက တော်တော်များများအတွက် အချိန်လည်းမပေးနိုင်သေးသလို လုပ်လည်း မလုပ်နိုင်သေးဘူး... အိမ်ပြန်ရောက်တိုင်းမှာ ပင်ပန်းပြီး အင်အားမရှိတော့သလိုမျိုးတွေဖြစ်ပြီး ဘာကိုမှ ထမလုပ်နိုင်ဘူး...
ချစ်သူရှိတုန်းကတော့ ကိုယ့်မှာလုပ်ချင်တာ ဘာမှမရှိသလိုပဲ.. ချစ်သူနဲ့ အတူရှိချင်တာကလွဲရင် တခြားဘာမှ မသိသလို.. လောကကြီးတခုလုံးကို မေ့နေခဲ့တာလေ.. ကိုယ်ဖြစ်ချင်တာတွေအကုန်လုံးကို မေ့နေရလောက်အောင်ကို ချစ်သူကို ကိုယ်ချစ်ပါတယ်....
ဘာမှမဟုတ်တဲ့ တကယ့်ကို ရောက်တတ်ရာရာပို့စ်ပါ......
No comments:
Post a Comment