တပတ်တပတ် စနေ တနင်္ဂနွေ ၂ရက်က လုံးဝမလောက်ဘူး..
အရင်တပတ်ကလည်း လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူး.... ထုံးစံအတိုင်း စနေကို တနေကုန်အိပ်.. ညနေပိုင်းမှာ ယောက္ခမနဲ့ (ယောက္ခမ-ဆွန်း တူ ဘီ) ညစာထွက်စားဖြစ်တယ်.... ပီဇာ ကွန်ပနီမယ်.. ပြီးတော့ ဆိုင်ဖွင့်ပွဲတခုသွားတယ်.. ဒါနဲ့ပဲ တရက်ကုန်သွားတယ်.. တနင်္ဂနွေကျတော့လည်း မထချင်ပြန်ဘူး... ညနေစောင်းလောက်ထ.. ရေမိုးချိုးပြီး ဈေးဝယ်ရသေးတာ.. တပတ်စာ စားဖို့သောက်ဖို့ကို.. တခါတခါတော့ ကွကိုယ်သနားတယ်.. ထမင်းဘူး အဆင်သင့်လေးဆွဲပြီး ရုံးလာချင်တယ်.. အဲ့လို ကုသိုလ်ကံက ပါမလာတာတော့ မဟုတ်ဘူး.. ကုန်သွားခဲ့ပြီးပေါ့နော်.. အဲ့တော့ တပတ်လုံး စားဖို့ကို ကွကိုယ်စီစဉ်ပြီး ၀ယ်ခြမ်းရတယ်.. မနက်စောစောထပြီး ကိုယ့်ထမင်းချိုင့်ကိုယ်ထည့်ဖို့လောက်ထိတော့ ဇ မရှိဘူးလေ.. အဲ့တော့ တပတ်စာလောက်မှန်းပြီး ကြက်သားပြုတ်ထားလိုက်တယ်.. အရွက်ဝယ်တယ်.. တပတ်လုံး နေ့လည်စာ အဲ့ဟာကို စားရတယ်.. မနက်စာလည်း ထို့နည်းလည်းကောင်းပဲ.. ချစ်သူမရှိတည်းက ကိုယ့်မနက်စာတွေဟာ ပျင်းရိညည်းငွေ့ဖွယ်အတိဖြစ်နေခဲ့တယ်.. ပေါင်မုန့်.. စီရီယယ်... ဒါနဲ့ပဲ လုံးလည်ချာလည်လိုက်နေတယ်.. အစကတော့ အီကြာကွေး အသုပ် ဘာညာ စားသေးတယ်.. နောက်ပိုင်း စားလို့မရတော့ဘူးဆိုတော့လည်း မစားဘူးပေါ့.. အလုပ်ရှုပ်သက်သာတယ်ပဲ ဖြည့်တွေးပါတယ်.. ထားပါတော့.. ဈေးဝယ်တာပြောရင်းနဲ့ ရှည်တာ..
အဲ့ဒါဈေးဝယ်ပြီးတော့ အိမ်ကလူကြီးတွေနဲ့ ညစာထွက်စားတယ်.. ငါဈေးမှာ.. အဖေက ပထမဆုံးရောက်ဖူးတာ.. မကြိုက်ဘူးတဲ့.. ဆားဗစ်နဲ့ စားစရာကို လက်ခံလို့ရပေမဲ့ ပတ်ဝန်းကျင်မကောင်းဘူးပေါ့.. ကလေး စရိုက်လေးတွေနဲ့ တွေ့ခဲ့တယ်လေ.. ပြီးတော့ အုန်းအုန်းထ ဆူညံနေတော့ နောက်ဘယ်တော့မှ မလာတော့ဘူးတဲ့....
ဒါနဲ့ပဲ တနင်္ဂနွေတရက်ကုန်သွားပြီး ၅ ရက်တာ အချိန်ဇယားထဲပြန်ရောက်ပြန်ရော..
ဒီတပတ်ကျတော့လည်း စနေ နေ့လည်ကို လေ့ကျင့်ခန်းသွားလုပ်.. ပြန်ရောက်တော့ ရေမိုးချိုးပြီး ညနေစာ ထွက်စားတယ်.. Choke dee ဆိုတဲ့ဆိုင်မယ်.. အဲ့နာမည်ကြီး အသည်းယားလွန်းလို့... ပထမဆုံးရောက်ဖူးတာပဲ... သိပ်အကြိုက်ကြီးတော့ မဟုတ်ဘူး.... ကွကိုယ်ဆိုရင် နောက်တခါ စားဖြစ်တော့မယ်မထင်ဘူး... ပြန်ရောက်တော့ ရုပ်ရှင်လေး ၁ခွေလောက်ကြည့်ပြီး အိပ်..
တနင်္ဂနွေကျတော့.. မနက်ဘက် အဖေ့ကို လေယာဉ်ကွင်းလိုက်ပို့.. အဲ့လို လိုက်ပို့တိုင်း သွားကြိုတိုင်း.. လေယာဉ်ကွင်းကို ရောက်ရတိုင်း ချစ်သူကို ကြိုရမဲ့ရက် မြန်မြန်ရောက်ချင်ပြီလို့ပဲတွေးမိတယ်.. သိပ်မလိုတော့ပါဘူးလေ.. နောက်လထဲမှာ ကြိုရတော့မှာပါ.. ခစ်ခစ်ခစ်...
အဖွားအိမ်ကို သွားစရာရှိတယ်.. လေယာဉ်ကွင်းက တန်းသွားရင် ရပေမဲ့ ဘာမှ မ၀ယ်ရသေးတော့ ၀ယ်ပြီးမှသွားမယ်လေဆိုပြီး ဓာတ်ဆီအရင်ဝင်ထည့်တယ်.... လေဆိပ်ကနေ ဟံသာဝတီ ဆီဆိုင်.. အဲ့ကနေ ရန်ကင်းစင်တာမယ် အသီးအနှံဝင်ဝယ်တယ်.. တကယ်က လိုင်စင်ပုံ ရိုက်ချင်လို့ ရန်ကင်းစင်တာ သွားတာ... (ဒါကိုရှင်းပြရတာ နောက်တခါ စီးတီးမတ်သွားတယ်ဆိုပြီး ထပ်ပြောရဦးမှာမို့.... ) ပြီးတော့ ဆရာစံလမ်းမှာ အဖွားအတွက်ရော ကိုယ့်အတွက်ပါ မုန့်ဝင်ဝယ်တယ်.. လိုချင်တဲ့ ပေါင်မုန့်မရသေးလို့ ညနေလာယူမယ်ဆိုပြီး ထပ်မှာခဲ့သေးတယ်... အဲ့ကနေ ဓမ္မစေတီ စီးတီးမတ်.. ဘာသွားလုပ်တုန်းဆို ပိုက်ဆံသွားရောင်းတယ်.. ကြုံနေတော့ အဖွားအတွက် ရှားကီးစ်ကနေ ရေခဲမုန့်လေးဝယ်သေးတယ်.. မနက်ထဲကနေ ဘာမှမစားရသေးတဲ့ကိုယ့်ပါးစပ်လေးကို သနားလို့ ခွေးပူလေးတခုဝယ်ကျွေးတယ်.. ဟော့ဒေါ့ပေါ့. ၄၃၀၀ တဲ့.. ရွေးစရာမရှိလို့ စားတာပါ.. ဈေးကြီးတယ်လို့ထင်ပါတယ်..
အဲ့ကနေ အဖွားအိမ် သမိုင်းခေါ်လား ဘာလား ပါရမီ စိန်ဂေဟာ အကျော်နားကို သွားတယ်... အဖွားအိမ်မှာ စကားရောဖောရော ဟိုရွှီးဒီရွှီး တံမြက်စည်းလေး တချက်၂ချက်လှဲ ၀ယ်လာတဲ့ အသီးနှံလေးရေဆေးပြီး ရေခဲသေတ္တာထဲထည့်.. အဲ့ဒါလေး လုပ်ပြီးပြန်လာ.. လမ်းရောက်တော့ ချစ်သူဆီကဖုန်းလာတယ်... ခဏစကားပြောပြီး ဖုန်းကျသွားတယ်.. အဲ့မှာ အမြန်ဆုံးနှုန်းနဲ့ မောင်းလာပြီး အိမ်ပြန်.. အိမ်ပြန်ရောက်တော့ ဘယ်လိုပင်ပြန်ခေါ်သော်ငြား သူ့ဖုန်းက ခေါ်လို့မရတော့.. နာရီဝက်လား တနာရီလား ဖုန်းခေါ်အပြီးမှာ မရဘူးသေချာတော့ လုပ်ဖွယ်ရာရှိသည်များကို ဆက်လက်လုပ်ဆောင်ဖို့ အပြင်ပြန်ထွက်.. တချိန်လုံး ပြုတ်ထွက်သော ရွှံ့ကာကိုတပ်ဖို့.. မနက်က အဖေကပြောလိုက်တယ် .. ရွံ့ကာတခုပြုတ်နေတယ် .. သွားတပ်လိုက်တဲ့.. ဆိုင်ရောက်တော့ လေးခုလုံးမရှိရှာတော့ဘူး.. ဆိုင်ကလည်း တချိန်လုံးပြုတ်ထွက်နေတာ တပ်လို့မရတော့ဘူးတဲ့.. ဆိုင်မှာ စကူနဲ့ဖောက်မှရတော့မတဲ့.. ဂလိုဆိုလည်း နေပေါ့.. ဒါနဲ့ပဲ တော်ဝင်စင်တာမှာ ၀ယ်စရာရှိတာသွားဝယ်တယ်.. အားကစားဘောင်းဘီလေး တထည်.. ရိုးရိုး တီရှပ်လေးတထည်ဝယ်တယ်.. နှုတ်ခမ်းနီ အနီရဲရဲကို လိုချင်နေတာကြာပြီ.. ၀ယ်မယ်ဝယ်မယ်နဲ့ ခုမှပဲဝယ်ဖြစ်တော့တယ်..
အိုင်းလိုင်နာက လက်ဆောင်ရတာ.. ၀ယ်တဲ့အမောင့်တိုင်း လက်ဆောင်ပြန်ရတာ.. တန်ဖိုးတူတဲ့ဟာ ကြိုက်တာယူလို့ရသတဲ့..
တော်ဝင်သွားမှာဆိုတော့ မာမီက တော်ဝင်နားက Cafe House ဆိုတဲ့ဆိုင်က ဖက်ထုပ်စားမယ်တဲ့.... ဈေးဝယ်ပြီးတော့ ဖက်ထုပ်ဝင်ဝယ်... အိမ်ကိုဝင်ပို့.. သူငယ်ချင်းတွေနဲ့ ချိန်းထားတော့ ကန်တော်ကြီးထဲက ကွေ့သယိုဆိုင်မှာ သွားစားကြပေါ့.. ကိုယ့်ထုံးစံအတိုင်း ဆိုင်အသစ်ဆို ထွန့်ထွန့်လူးတယ်လေ..
အမှန်က ဒီငါးကို တယောက်က ဖေ့ဘုတ်မှာ တင်ထားတာကို တွေ့တာနဲ့ ဒီဆိုင်ကိုသွားမယ်ဖြစ်သွားတာ...
ငါးဆားကင်.. ငါးကို အဲ့လိုဆားနဲ့ကင်တာကို အရမ်းကြိုက်တာ.. ခု ဒီဆိုင်က ငါးကတော့ မလတ်လို့ လုံးဝစားမကောင်းဘူး.. ငါးလတ်လို့ရှိရင် အရမ်းကောင်းတယ်.. ကောင်းတယ်ဆိုတာထက် ကိုယ်ကြိုက်တယ်.. ချစ်သူကတော့ အရသာမရှိဘူးတဲ့.. မကြိုက်ဘူးပေါ့ ပြောချင်တာက...
ကွေ့သယိုကတော့ ကောင်းတယ်လို့ပြောရမယ်.. အမှန်တော့ တခါမှ မစားဖူးဘူး.. ကွေ့သယိုဆိုတာကို.. ညှပ်ခေါက်ဆွဲဖတ်ကို မကြိုက်တတ်ဘူး.... ဒါမဲ့ ခုတလော ဘာဖြစ်နေမှန်းမသိဘူး.. အဲ့လို တသက်လုံး မစားဖူးတာတွေကို စားနေတာ..
ပဲကြာဇံသုပ်.. ကိုယ့်အကြိုက်မဟုတ်ဘူး... ဘာမှန်းမသိတဲ့ အနံ့တခုပါတယ်...
ကြက်အစာသွပ်ကင်တဲ့.. မဆိုးပါဘူး.. ပုဇွန်ကော်ပြန့်တပွဲပါသေးတယ်.. ဓါတ်ပုံမရိုက်ခဲ့မိဘူး.. စုစုပေါင်း ၂၅၅၀၀ ကျတယ်.. မတန်ဘူးလားလို့...
ဖက်ထုပ်ပေါင်း.. အမေ့အတွက်ဝယ်ရင်းနဲ့ ပါဆယ်ဆွဲလာတာ.. အမေကတော့ ဖက်ထုပ်ကြော်စားတာ..
အဲ့ကအပြန် ဓမ္မစေတီလမ်းက စီးတီးမတ်မယ် ဈေးဝင်ဝယ်ရသေးတယ်.. ထုံးစံအတိုင်း တပတ်စာ စားသောက်ရန်.. အပြန် ဆရာစံလမ်းမှာ နေ့လည်က မှာထားတဲ့မုန့် ၀င်ယူ.. ပြန်ရောက်တော့ မောပန်းနေပြီ.... ရေချိုးပြီး အိပ်တာပဲ... ညသန်းခေါင်ကျော်မှ ချစ်သူဆီက ဖုန်းရတယ်... နေ့လည်က ခရက်ဒစ်ကုန်သွားတာ ဖုန်းအ၀င်ပါ လက်ခံလို့မရတော့တာတဲ့.. ခုက သူများဖုန်းက ၀ိုင်ဖိုင်လွှင့်ပေးထားလို့ဆိုပြီး ခဏပဲပြောလိုက်ရတာပါ... အလွမ်းတောင် မပြေဘူး...
ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်သူပြန်လာတော့မယ်ဆိုတော့ ကိုယ့်မနက်တွေက နဲနဲပြန်ပြီး အသက်ဝင်လာသလိုလို.. ပျော်နေသလိုလို.... သူ့အတွက်ကိုယ်က အားဆေးတုံးကြီးတဲ့.. ပြောပုံက..
ကိုယ့်အတွက်တော့ သူက Happy pill လေးပါ.....
ခုတလော.. အလုပ်ကနေလည်း အရမ်းထွက်ချင်နေတယ်..
ရှူးဂါး ကုတ်တက်စကားတွေကို စိတ်ထဲကမပါဘဲ အလိုလျောက်ထွက်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့သြတယ်.. ချီးကျူးရမလား ကွကိုယ်ရွံရှာရမလား မသိဘူး...
တကယ်တော့ long distance relationship ဆိုတာပင်ပန်းလွန်းပါတယ်.. အဝေးတနေရာမှာ စားရေးသောက်ရေးခက်ခဲတဲ့နေရာမှာ သူစိမ်းတွေကြားမှာ အလုပ်လုပ်ရတဲ့ချစ်သူ ပင်ပန်းသထက်ပိုပင်ပန်းမဆိုးလို့ ချစ်သူနဲ့စာအသွားအပြန်လုပ်ရင် ကိုယ့်ရဲ့မကြည်လင်တဲ့လေသံတွေ စာထဲပါသွားမှာတောင် ကိုယ်စိုးရိမ်ပြီး စာတစောင်ကို ၃ခေါက်လောက် ပြန်ဖျက်ပြီးရေးရတယ်..
ဒီမှာရှိနေရင် ကွကိုယ် စူပုပ်ပုပ် ဆူအောင့်အောင့် ချစ်သူ စိတ်ညစ်မလား စိတ်ပျက်မလား တခါမှ ရှည်ရှည်ဝေးဝေးမတွေးပေမင့် ခုကျတော့ အဲ့လို အသေးမွှားလေးကစ ဂရုစိုက်တတ်နေတော့ ပိုပင်ပန်းတယ်..
ဘယ်လိုပဲဖြစ်ဖြစ် အနားမှာ ချစ်သူရှိမယ်ဆို ဒလောက်ထိပင်ပန်းလိမ့်မယ်မထင်ဘူးလေ.. ခစ်ခစ်ခစ်.. ဆိုင်လား မဆိုင်လားတော့မသိဘူး.. ဖြစ်ချင်တာပြောတာပဲလေ....
No comments:
Post a Comment