Monday, September 29, 2014

အရည်မရ အဖတ်မရ ပို့စ်

ပို့စ်ရေးမတင်တာကြာလို့..
ကြာဆို ထူးထူးခြားခြားရေးစရာလဲမရှိဘူးလေ..
အရည်မရ အဖတ်မရ ဓါတ်ပုံတွေပဲရှိတော့ ဒါပဲတင်ပျဇီဦး..
 ပဲပင်ပေါက် ပဲသွေး ပဲပြားကြော်...
 ပဲသွေးကြော်..

ထမင်းနဲ့ ပဲပင်ပေါက်သုပ်..

ပဲပင်ပေါက်တထုပ်ကနေအစပြုပြီး ဒီလိုတွေဖြစ်သွားတော့တာပဲ... ပဲပင်ပေါက်ကိုလည်း တသက်နဲ့တကိုယ် လုံးဝမကြိုက်တဲ့ထဲပါတယ်... အစုံသုပ်ထဲမှာ အနည်းငယ်ပါတာကို မမှုပေမဲ့ ပဲပင်ပေါက်ကြော်တို့ ဟင်းချိုတို့ဆို လုံးဝ မစားဘူး.. ဘာကနေ ဘယ်လိုတွေ ဖြစ်တယ်မသိ.. အပမှီတာလည်း ဖြစ်နိုင်တယ်.. နေရင်းထိုင်ရင်း ပဲပင်ပေါက်ကို ကြိုက်သွားရာကနေ ခုလို ထမင်းနဲ့ပဲပင်ပေါက်ချည်းသက်သက်သုပ်စားတဲ့ဘ၀ပါရောက်သွားတယ်.. ချစ်သူကိုပြောပြတော့ အီဘိုလာထက် ထူးဆန်းတဲ့ရောဂါဖြစ်နေပြီဆိုပြီးပြောတယ်... အရင်တုန်းကတော့ ပဲပင်ပေါက်ပဲပြားဆိုတာနဲ့ ပတ်ပြေးနေတာတဲ့... ခုတော့ အားရင် ပဲပင်ပေါက်စားမယ်ဆိုတာချည်းပြောဖြစ်နေတယ်...



ဒါကတော့ သူများကျွေးလို့သွားစားဖြစ်တာ.. တယောက်တည်း စားတာမဟုတ်.. သူများတကာ စားတာတွေပါ ၀ါသနာအရ ဓါတ်ပုံရိုက်လာတာပါ.. Marry Brown ဆိုတဲ့ဆိုင်.. လုံးဝ မကြိုက်တဲ့ အထဲပါတယ်.. ဆိုင်စဖွင့်တုန်းက တခါရောက်တယ်.. ဒါလည်း ၀ါသနာအရပဲ.. ဆိုင်အသစ်ဆို ထွန့်ထွန့်လူးသွားချင်လှပါချည်ရဲ့ဆိုပြီး အတင်းဂျီကျပြီး ချစ်သူကို ပို့ခိုင်းတာ.. ဟိုလည်းရောက်ရော မကောင်းမကန်းတွေဆိုတော့ မစားချင်တော့ဘူးဖြစ်ပြန်ရော.. ကောင်းတယ်... နည်းတောင် နည်းသေးတယ်ဆိုပြီး အပြောခံရတာ မှတ်မိတယ်... အဲ့တခေါက်ပြီးတော့ နောက်ဘယ်တော့မှ သွားမစားဖြစ်ဘူး...





ဒါတွေကတော့ ANG'S ဆိုတဲ့ မလေးဆိုင်အသစ်ကပါ.. အိမ်ကိုလာပို့တယ်.. နီးလို့လားတော့ မသိဘူး.. ပို့ခ မယူသွားဘူး..

ကွကိုယ် အိမ်မှာလုပ်တဲ့ ဘလူးဘယ်ရီ စမူးသီး.. ဘလန်ဒါဆေးရမှာ ပျင်းလို့သာ.. မဟုတ်ရင် ဒါမျိုးလေးတွေ ခဏခဏလုပ်သောက်ချင်တာ..
နောက်ကဟာလေးကတော့ အိမ်ကကောင်... ငကဲ.. ငပေါလေး..

မထူးဆန်းတဲ့ ပန်းပွင့်ကြော်...


ဒါလေးက သိပ်ချစ်စရာကောင်းတဲ့ တီရာမိစုလေးပါ... ပျစ်နှစ်နေတာပဲ.. ကောင်းချက်.. La Vie En Rose ဆိုတဲ့ ဆိုင်က.. အဲ့ဆိုင်က စပါယ်ရှယ်ပူတင်းဆိုတာနဲ့ ဒီဟာလေးကို ထူးထူးခြားခြားကြိုက်မိဒယ်... တခြားဟာတွေကတော့ စွဲမက်စရာမရှိ..

Friday, September 12, 2014

အကျင့်ဆိုးများနဲ့ ကျွန်မ (၂)

မကောင်းတဲ့ ကျမရဲ့ အကျင့်လေးတွေအကြောင်းပါ...
ခုတလောလုပ်မိနေတာလေးတွေ...
တခုကတော့ ဘာကိစ္စကိုမှ မြိုသိပ်မထားတတ်တာ... စိတ်ထဲမှာ မကျေနပ်နေရင် ဟန်ဆောင်ပြီးတော့ဖြစ်ဖြစ်တောင် မသိချင်ယောင်မဆောင်နိုင်ဘူး.. ထုတ်ဖော်ပြလိုက် ပြောလိုက်ရမှကျေနပ်တယ်... ဘယ်ကိစ္စကိုမဆိုပါ..
လောလောလတ်လတ်ကတော့... ချစ်သူရဲ့သူငယ်ချင်းနဲ့တွေ့တော့ သူပြောလိုက်တဲ့စကားကို မကျေနပ်တာပါ.. (ချစ်သူရဲ့ သူငယ်ချင်းဆိုပေမဲ့ ကျမနဲ့လည်း အရင်တည်းက သူငယ်ချင်းပါ) အဲ့တယောက်နဲ့လည်း အရင်က ပြသနာဖြစ်ဖူးတော့ သူ့ကိုလည်း လုံးဝမကြည်ပါဘူး......
ပြောတာက "ဟိုကောင်ကြီး ဘာဖြစ်နေလဲကော နင်သိရဲ့လားတဲ့".. အဲ့စကားကို လုံးဝမကြိုက်တာပါ... မရင့်ကျက်ဘူး..ကလေးဆန်တယ်ပြောချင်ပြော.... ကျမဟာ စန်းစန်းတင့်ပါတယ်.. တကယ်တော့ ချစ်သူနဲ့ပတ်သက်လာရင် ဘယ်ကိစ္စမဆို ကျမကအရင်သိရတာပါ.. ချစ်သူရဲ့ အချိန်တော်တော်များများကိုလည်း ကျမရထားတာပါ.. ချစ်သူမှာ ကျမနဲ့ ဖုန်းပြောလို့ရပြီဆို အိပ်တောင် မအိပ်ဘဲ ဂျူတီချိန်နီးမှ နာရီဝက် တနာရီလောက်မှေးပီး ထထပြေးရတာပါ...... တခါတခါဆို လုံးဝမအိပ်ရဘဲ ဂျူတီတန်းဝင်ရတာတွေလည်းရှိတော့ ချစ်သူအကြောင်းကို ကျမသာလျှင်အသိဆုံးလို့ ကျမယူဆထားတာပါ... ဒါကို ဒင်းက ရာရာစစ ဒီစကားပြောစရာလားဆိုပြီး ပေါက်တာပါ..
အဲ့ဒါနဲ့ ပတ်သက်ပြီး အဲ့စကားကို စကြားကြားချင်းနေ့မှာ ချစ်သူကို တခါပြောပြီးပါပြီ.. မကျေနပ်ဘူးဆိုတဲ့ အကြောင်းကို..
ချစ်သူကတော့ စိတ်လျှော့ဖို့ ပြေရာပြေကြောင်းပြောပါတယ်..
ဒါလည်း မကျေနပ်ဘူး.. နောက် တပတ်လောက် ချစ်သူနဲ့ နောက်တခါ အဆက်သွယ်ပြန်ရတော့ ထပ်ပြောပါတယ်.. ဘယ်ကိစ္စမဆို ကျမသိချင်တယ်လို့.. သူများသိပြီးမှ ကျမသိရတယ်ဆို ရှင်နဲ့ ကျမနဲ့တော့ မလွယ်ဘူးတို့ ဘာတို့.....  ပြောတော့ ချစ်သူကစိတ်တိုပါတယ်... နင် မပြီးနိုင်ဘူးလား.. ဒါမျိုးတွေနဲ့ ငါ့ကို စိတ်ညစ်အောင်လာမလုပ်နဲ့ဆိုပြီး.. နောက်ဆုံးတော့ ရန်ဖြစ်ကြသည်ပေါ့.....
အဲ့လို ကျမက ဘာကိုမှ စိတ်ထဲမှ မကျေနပ်တာကို မထားတတ်တာပါ... မကျေနပ်တာရှိနေရင် တနုံ့နုံ့နဲ့.... သူများဘာဖြစ်ဖြစ်.. ကျမ စိတ်ထဲမှာ ပေါ့သွားဖို့သာ အဓိကလို့ သဘောထားပြီး ရှေ့မကြည့် နောက်မကြည့် ပြောတတ်တာပါ.... ဒါက တခု..
နောက်တခုကလည်း အဲ့လိုပဲ.. ခပ်ရွတ်ရွတ်ပြောတာနဲ့လုပ်တာ.....
လောလောလတ်လတ်ဖြစ်ထားတဲ့ ချစ်သူနဲ့ ကိစ္စကိုပဲ ပြောပြပါ့မယ်..
ချစ်သူက သူ့အမေမွေးနေ့ မေ့သွားတယ်တဲ့.. စိတ်မကောင်းဘူးတဲ့ဆိုပြီး ပြောတယ်.....
ပြီးတော့ ဘယ်နေ့ဘယ်နေ့တွေက သူ့အမေနဲ့ သူ့အဖေရဲ့မွေးနေ့ဆိုပြီးပြောပါတယ်... အဲ့ဒါကို ရှင့်မွေးနေ့ မှတ်ထားပေးတာတောင် ကျေးဇူးတင်ဦးဆိုပြီး... ဂွတိုက်ပြီး ပြောပါတယ်....
တကယ်တော့ ကျမ ၂ရက်လုံးကို သိပါတယ်.. အဲ့ဒါကိုလည်း ချစ်သူစိတ်ကျေနပ်အောင် ပြောလို့ရရဲ့သားနဲ့ ကျမဟာ ရွတ်ပြီးတော့ အဲ့လို ဘုစကားကို ဆိုတတ်ပါတယ်...
လုံးဝကို အကျင့်မကောင်းတာပါ....
ဒီအကျင့်တွေကို ပြင်ဖို့စဉ်းစားပေမဲ့..... အတ္တကြီးလွန်းတဲ့ ကျမအတွက်တော့ တကယ့်ကို ပြင်ဖို့ခက်ပါတယ်....
အကျင့်ဆိုးများနဲ့ ကျွန်မ (၁)

Monday, September 8, 2014

စားစားသောက်သောက်

ဒီပိတ်ရက်ကတော့ အိပ်ရေးလေးတောင်မှ ၀အောင်မအိပ်လိုက်ရအောင် ဘာတွေမှန်းမသိရှုပ်နေတာ..
စနေနေ့မနက်ကလည်း အစောကြီး သူများ မွေးနေ့ မနက်စာကျွေးတာကို ၇နာရီလောက်ထပြီး အားကြိုးမာန်တက် တဖြဲနဖြဲ သွားစား.. ဆိုင်ကမှောင်လို့ ဓါတ်ပုံရိုက်မယူခဲ့ရဘူး... အဲ့ကအပြန် သာကေတကို နာရေးအိမ် မုန့်သွားပေး.... ရွှေပုစွန်ရောက်လက်စနဲ့ဆိုတော့ ယောက္ခမအတွက် မုန့်ဝယ်ပြီး အပြန် ယောက္ခမအိမ်ဝင်ပေး.. ဖခမည်းတော်က ကြာဇံဆီချက်စားချင်တယ်ဆိုတော့ ဈေးဝင်ဝယ်.. ကားကျပ်တာနဲ့ပဲ ၁နာရီကျော်မှ အိမ်ပြန်ရောက်တော့တယ်.. ရောက်တာနဲ့ ကြာဇံဆီချက်လုပ်ဖို့ပြင်ဆင်ပြီး ရတော့ ၃နာရီထိုးနေပြီ.. ကိုယ်လည်း ကတိုက်ကရိုက် နဲနဲစား.. ရေချိုးပြီး ၀ိတ်လုစ် သင်တန်းကို ချီတက်.. အဲ့ကအပြန် gym ကိုဆက်သွား.. အိမ်ပြန်ရောက်တော့ ၉နာရီထိုးပေါ့... ဒါလည်း မမောနိုင် မပန်းနိုင် သာဂူပြင် ထပ်လုပ် .. အိမ်အတွက် တဗန်း.. ယောက္ခမအတွက် တဗန်း...... အဲ့ဒါနဲ့ပဲ ည ၁နာရီကျော်ရော...
ကြာဇံဆီချက်..

မရိုးနိုင်တဲ့သာဂူပြင်.. နောက်ထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်.. သူများကိုကျွေးချင်တာနဲ့ ကိုယ်ပါရောပြီး စားမိနေလို့..

နောက်နေ့ကျတော့ သူငယ်ချင်းတယောက်ကနယ်မှာနေနေရာကနေ ပြန်ရောက်လာတော့ သူငယ်ချင်းတွေဆုံကြမယ်ဆိုပြီး ၇နာရီထိုးထဲက အိပ်ယာထပြီး ၉နာရီလောက် လမ်းပေါ်ရောက်နေပြီ.... ယောက္ခမအိမ်ကို ညကလုပ်ထားတဲ့ သာဂူပြင်ဝင်ပေး... ဟက်ပီးမှာ အော်စွန်းသုပ်နဲ့ ကောက်ညှင်းပေါင်းဝင်စားတယ်.. ဗိုက်ဆာနေလို့ ဓါတ်ပုံမရိုက်မိပြန်ဘူး...
ဒါနဲ့ သူငယ်ချင်းတယောက်အိမ်မှာစတည်းချပြီး အာလူးဖုတ်ရင်း .. သူ့အိမ်ကကျွေးတဲ့ ခေါက်ဆွဲကြော်စား.. နောက် ၃နာရီလောက်ကျတော့ အပြင်ပြန်ထွက်ကျရင်း.. ညနေမှာ မြကျွန်းသာထဲက Sabai DMZ ဆိုတဲ့ဆိုင်မှာ ၀ါးတီးဆွဲကြပေါ့... ကောက်တေးလေး တယောက်တခွက်ဆီမော့ကြ.. ဆိုင်လေးက ကန်ဘေးလေးမှာဆိုတော့ သာသာယာယာလေးပေါ့.. မိုက်တယ်..












နောက် အချိုတည်းဦးမယ်ဆိုပြီး ပုလဲကွန်ဒိုမှာ အသစ်ဖွင့်တဲ့  Snow Factory ဆိုတဲ့ဆိုင်ကို ချီတက်.. ဆိုင်ကကျိတ်ကျိတ်တိုးပါပဲ.. ခုတလော ရန်ကုန်မှာ ဘာဆိုင်ဖွင့်ဖွင့် အောင်မြင်နေသလားပဲ.. အသစ်အဆန်းဆို ကိုယ်အပါအ၀င် လူတွေဟာ ထွန့်ထွန့်လူးနေကြတယ်.. ရေခဲကို တန်ဆာဆင်ထားတာပေါ့နော်.. စားလို့ကောင်းတယ်..


 ချောကလက်နဲ့ဟာ..
 ဒါက ဘက်စ်ဆဲလားဆိုလား.. အုန်းသီးနဲ့.. ဘေးကခွက်ကလေးက အုန်းနို့..
စတော်ဘယ်ရီနဲ့..
အဲ့ဆိုင်က ကာဖီရေ..

အပြန်ကျတော့ ဘုရင့်နောင်ရယ် ၈မိုင်ရယ် ကန်တော်ကလေးရယ် သူငယ်ချင်းတွေလိုက်ပို့လိုက်တာ.. ကိုယ်အိမ်ပြန်ရောက်တော့ ၉နာရီလား ၁၀နာရီလားပဲ.. အော်.. အိမ်က ဘာဂါဆိုပြီးလှမ်းမှာတော့ ၀င်ဝယ်ရသေးတာ.. အိမ်လည်းရောက်ရောဘာမှမလုပ်နိုင်တော့ဘူး.. ရေမိုးချိုး ဖေ့ဘုတ်လေးသုံးပြီး အိပ်ပေါ့..... ဒါနဲ့ပဲ ကိုယ့်ပိတ်ရက်လေးဟာ တရေးမှ ကောင်းကောင်း မအိပ်လိုက်ရပဲ ပြီးသွားရှာလေသတည်းပေါ့.... အဲ့တော့ ဘာဖြစ်သလဲ... နောက်နေ့မနက်ကျတော့ မထချင်တော့ဘူးလေ.. အကျင့်ကမကောင်းတာများ.. နေ့လည်ဘက်ကလည်း ဘယ်လိုပဲဖြစ်ဖြစ် ခွင့်ယူရမဲ့ကိစ္စရှိနေတော့ တမနက်လေးတော့ မသွားတော့ဘူးဆိုပြီး ရုံးကို မသွားတော့ဘူး.... နေ့လည်လောက်မှထ.. ရေမိုးချိုး.. ကိစ္စရှိတာလေးသွားပြီးတော့ ကတိုက်ကရိုက် အကျီင်္ပြန်လာလဲပြီး ၀ိတ်လုစ်သင်တန်းသွား... ပင်ပန်းတယ်လို့ထင်နေတာကြောင့် gym ကိုမသွားတော့ဘဲ အိမ်ပြန်လာ.. စားသောက်ပြီးတော့ ချစ်သူများ ဖုန်းဆက်လေမလားလို့ ထိုင်စောင့်ရင်း ရုပ်ရှင်လေးကြည့်ဖြစ်တယ်... ရုပ်ရှင်သာပြီးသွားတယ်.. ချစ်သူလည်း ဖုန်းမဆက်ဘူး.... အဲ့လို ဖုန်းဆက်ရမဲ့နေ့မှာ မဆက်ရင် မျိုးစုံ စိတ်တွေပူနေတတ်တာ သူမသိဘူးထင်ပါရဲ့..... ထားတော့.. ခု ပြောရင်းနဲ့တောင် စိတ်တွေထပ်ပူနေတယ်.. ဖုန်းဆက်ဖို့ အခွင့်အရေးမပေးလို့နေမှာပါလေလို့ ကွကိုယ်နှစ်သိမ့်နေတယ်..
ရုပ်ရှင်က Divergent တဲ့.. မိုက်တယ်.. sci-fi ပေါ့နော်.. မင်းသားကိုတော့ ပထမဆုံးကြည့်ဖူးတာပဲ.. အတော်ခိုက်သွားပါတယ်.. :P


Thursday, September 4, 2014

လူဖြစ်ရတဲ့ဒုက္ခ

တခါတလေကျရင် လောကကြီးမှာ ဖြစ်ချင်တာတွေ အရမ်းများနေတော့ စိတ်တွေပါရှုပ်လာတယ်.. (လောကကြီးမှာဆိုတာ ထည့်ပြောနေကျစကားသာဖြစ်ပါတယ်.. ထူးထူးခြားခြား ဆိုလိုချင်တဲ့ အဓိပ္ပါယ်မပါပါ)
ဒီစာကြောင်းကို ချရေးလိုက်တော့လည်း ဖြစ်ချင်တာတွေကသပ်သပ် စိတ်ရှုပ်တာတွေကသပ်သပ် ဖြစ်နေပြန်တယ်.. ဖြစ်ချင်တာတွေကြောင့် စိတ်ရှုပ်နေတာမဟုတ်ပြန်ဘူး...
စိတ်ရှုပ်တယ်ဆိုတာထက် ခုတလော စိတ်မမှန်တာပါ.. ခုတလောလဲ ဟုတ်ချင်မှ ဟုတ်မှာပါ.. တသက်လုံး မမှန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ..
တနေ့ရွှေ .. တနေ့ငွေ.. ခုဆီထမင်း.. ခုစာကလေးကြော်.. ဘာတွေဖြစ်နေမှန်းကို မသိဘူး.. မတည်ငြိမ်ဘူး ပြောရအောင်လည်း ကိုယ့်အသက်က မြီးကောင်ပေါက်မဟုတ်ပြန်ဘူး..
စိတ်ရှုပ်တာကို စဉ်းစားကြည့်တော့လည်း ဒီယောကျာ်းယူဖို့ ကိစ္စပဲပေါ့.. ပီးယား ပရက်ရှာ ပြောရမလား ဘာလား.. စကားလုံးကြီးကြီးတွေပေါ့.. ဒီယောကျာ်းကိုပဲ ယူလိုက်ရတော့မှာလား... တသက်လုံးပဲ အပျိုကြီး လုပ်နေရမှာလားဆိုတဲ့ ဟာကို စဉ်းစားမိတယ်... ချစ်သူသာသိရင် စိတ်မကောင်းတာရော စိတ်တိုတာရော အကုန်ဖြစ်ပါလိမ့်မယ်... ဒါပေမဲ့ တကယ်ပဲ စဉ်းစားမိတယ်... ယောကျာ်းယူဖို့ကို တွန့်ဆုတ်စေတဲ့ တခုတည်းသော အကြောင်းရာက ချစ်သူရဲ့ အပေါင်းသင်းမင်တဲ့ စိတ်တခုတည်းကြောင့်ဆိုရင် လူတိုင်းက ကိုယ့်ကို ဘယ့်နှာဂျီးတုန်းဆိုပြီး ကြည့်ကြလိမ့်မယ် ထင်ရဲ့... ဒါပေမဲ့ တကယ်ပါ.... အဲ့တခုကြောင့် ကိုယ့်စိတ်တွေက မတည်မငြိမ်တွေဖြစ်နေတယ်.. ဒီယောကျာ်းကို ယူလိုက်ပြီးမှ ငါဟာ တသက်လုံး စိတ်ချမ်းသာနေရပါ့မလားဆိုပြီး တွေးပူနေတယ်.. အတ္တတွေလည်း သိပ်ကြီးနေမိမှန်း ကိုယ့်ဟာကိုယ် သိပေမဲ့ အဲ့အတ္တတွေကို မလျှော့နိုင်ပြန်ဘူး.. ပိုင်ဆိုင်ချင်စိတ်တွေပဲများနေတယ်..
သူငယ်ချင်းတယောက်ကပြောတယ်.. ဘာပေးနိုင်လဲဆိုတာပဲစဉ်းစားပြီး ဘာမှမမျှော်လင့်ပဲချစ်တာ ပိုအဆင်ပြေလိမ့်မယ်တဲ့.....
ဒါက ကိုယ့်ရဲ့ ယောက်ျားယူချင်တဲ့စိတ်ကိုေ၀၀ါးစေတဲ့ အခြမ်း..
နောက်တခုကတော့ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေကို မြင်တော့လည်း ငါတယောက်တည်း အထီးကျန်နေလို့ မဖြစ်ပြန်ဘူးဆိုတဲ့ စိတ်..
နောက် ကိုယ့်ကို အရမ်းချစ် အရမ်းသည်းခံ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ချစ်သူကို လက်လွှတ်လိုက်ဖို့မဖြစ်နိုင်ဘူးဆိုတာကလည်း တစိတ်တဒေသ...
ခုလောလောဆယ်ကျတော့လည်း... ကိုယ့်အတွက်နဲ့ ကိစ္စတော်တော်များများကို ပြောင်းလဲပေးခဲ့တဲ့ ချစ်သူဆိုပြီး သတိချပ်မိပြန်ရော....
ကိုယ့်ရင်းနှီးတဲ့သူငယ်ချင်းတွေက ရည်းစားဖြစ်ခါစက သူတို့ကြားရတဲ့ ကိုယ့်ရဲ့ ညည်းချင်းတွေနဲ့ ခုနောက်ပိုင်း ကိုယ်ပြောတဲ့စကားတွေက လုံးဝကွဲပြားနေတော့ အထူးတဆန်းတွေဖြစ်နေကျတယ်.. ကိုယ်ဘယ်လိုတွေလုပ်လို့ ချစ်သူပြောင်းလဲသွားလဲဆိုတာကို တအံ့တသြမေးကြတဲ့အထိကို ချစ်သူက ကိုယ့်အတွက်ပြောင်းလဲပေးနိုင်ခဲ့တယ်......
ကိုယ်မကြိုက်ဘူးဆိုတဲ့ကိစ္စတွေကို ကိုယ့်စိတ်ကြိုက်မဖြစ်တောင် ကိုယ်စိတ်မဆင်းရဲရအောင် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ပေးတယ်...
ပင်ပန်းလွန်းနေတဲ့ချစ်သူကို ဂျီမကျမိအောင် သတိထားပေမဲ့.. ဖျောက်မရတဲ့ကိုယ့်အကျင့်ကြောင့် တခါတလေမှာ ဂျီကျပြီး ဆိုးမိတယ်... အဲ့လိုအခါတွေမှာတောင် ချစ်သူက ကိုယ့်အပေါ်မှာ သည်းခံပြီး ချော့မော့ပြောဆိုရှာတယ်...
မနေ့ကလည်း သူ့သူငယ်ချင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ကျမတော့ တသက်လုံးအဆင်ပြေမှာ မဟုတ်ဘူးဆိုတဲ့စကားကို အလိုက်ကန်းဆိုးမသိစွာ ပြောမိတယ်..
တကယ်ဆို ခုတလော ချစ်သူက အလုပ်မှာ အဆင်မပြေလို့ စိတ်ဖိစီးမှုတွေများနေမှန်းသိသိကြီးနဲ့ ကိုယ် အဲ့လို မလုပ်သင့်ပါဘူး.... ဒါကိုလည်း ပြောပြီးဆိုပြီးမှသာ စဉ်းစားမိတယ်.... ကိုယ်ဟာ အတော်ဆိုးပါတယ်.. အဲ့ဒါကိုလည်း ချစ်သူက ကိုယ့်ကို စိတ်လျှော့ဖို့သာ တွင်တွင်ပြောပြီး တစက်လေးတောင် စိတ်မဆိုးရှာဘူး.... နောက်ဆုံးမှသာ ကိုယ့်မှာ အဲ့လိုလုပ်လိုက်မိလို့ စိတ်မကောင်းတွေဖြစ်လို့.....
 နောက်ဆုံးကိုယ်ဆုံးဖြတ်မိတာ ပေါ့ပေါ့နေ ပေါ့ပေါ့စားသင့်တယ်လို့.. ဘာကိုမှ အလေးနက်မထားဘဲနဲ့လေ.. ဒါဟာကိုယ့်စရိုက်ပေါ့... ချစ်သူပြောနေကျအတိုင်းဆို ဖြစ်စေချင်လို့ ပြောတာကတခု နားလည်သွားတာကတခု... စကားပြောရင် အရူးကို စကားပြောသလို.. တခုချင်း ပြောရတယ်..တဲ့..
ထားတော့.. ဒါက စိတ်ရှုပ်နေရတဲ့ အကြောင်းရင်းပေါ့..
ဖြစ်ချင်တာတွေ အရမ်းများတာကလည်း တကြောင်းပေါ့နော်...
ခုလောလောဆယ် ကိုယ့်မှာ မနက် ၇း၃၀ အိမ်ကထွက်ပြီး ၅နာရီမှာ ရုံးဆင်းလို့ရတဲ့ တပတ် ၅ရက် အလုပ်တခုရှိတယ်.. အဲ့ဒါပြီးရင် ကိုယ်လှဖို့ပဖို့ရာ လ့ကျင့်ခန်းကိုလည်း ပြေးလုပ်ချင်သေးတယ်..... (အိမ်မှာဆိုမလုပ်ဖြစ်မဆိုးလို့ gym မှာ ကွကိုယ် ကော်မစ်တန့်ပေးတဲ့အနေနဲ့ ပိုက်ဆံသွင်းထားတယ်... )..
ဒါကို မကျေနပ်သေးဘူး... ၄လ ၀ိတ်လုစ် ပရိုဂရမ်ကိုလည်း စပ်စပ်ဆော့ဆော့ ၀င်လုပ်ချင်သေးတယ်.. အရမ်းကို ပိန်ချင်နေပြီလေ... အဲ့ဒီ့ဟာက တပတ်ကို ၄ရက် ... အဲ့ကအပြန်တွေရယ်.. ကျန်တဲ့ ၃ရက်ရယ်ကို gym သွားမယ်ဆိုတဲ့ ကြီးမားသော ရည်ရွယ်ချက်နဲ့... လောလောဆယ်တော့ ပရိုဂရမ်က မနေ့ကမှ စတာဆိုတော့ ဘယ်လိုလာဦးမလဲမသိ.. ပုံမှန်ကတော့ ရုံးကအပြန် တခါတည်း gym ကိုတန်းသွား.. အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးပြီ.... (ဒါက အချိန်တွေပေါမနေဘူးဆိုတာကိုပြောချင်တာ..... ) အရမ်းလှချင်တော့ တခြားအပို လေ့ကျင့်ခန်းလေးတွေကိုတောင် အိမ်မှာ ထပ်လုပ်ချင်သေးတယ်.. (ဒလောက်လုပ်နေတာ အရမ်းလှနေတယ်လို့မထင်ပါနဲ့ ၀မြဲဝဆဲမို့ ကြိုးစားနေတာပါ)..  ပိန်ဖို့ကို လောလောဆယ် နံပါတ်၁နေရာမှာ ထားထားတော့ သင်တန်းတခုတက်ချင်တာကိုတောင် ခဏအောင့်ထားရတယ်.. အဲ့သင်တန်းမှာ ကားပါကင်အဆင်မပြေတော့ တက်ဖို့ အာသီသနဲနဲ လျော့သွားတာလည်း ပါတာပေါ့လေ...  ဒီကြားထဲကမှ ရှိသမျှလူတွေကို တာဝန်ကျေချင်တာ... ကိုယ့်ကိုယ်ကိုရောပေါ့... ပိတ်ရက်လေးမှာ အိပ်ရေးဝအောင် အိပ်ချင်သေးတာ.... အိမ်ကမိဘတွေကို ပိတ်ရက်မှာ တနပ်စာလောက်ဖြစ်ဖြစ် ချက်ပေးချင်တာ..... မလုပ်ဖူးသေးတဲ့မုန့်တွေ ဟင်းတွေ စမ်းချက်ကြည့်ချင်တာ.. ကိုယ်တို့အိမ်နဲ့ အတော်ဝေးဝေးမှာရှိတဲ့နေရာမှာ နေတဲ့ အဖွားဆီကို မှန်မှန်လေး သွားချင်တာ.....  ယောက္ခမအိမ်ဘက်ကိုလည်း တတ်နိုင်သလောက် မကြာခဏဆိုသလို ရောက်ချင်တာ... သူငယ်ချင်းတွေနဲ့လည်း ကြုံရင်ကြုံသလို ဟန်းအောက်ရသေးတာ.... (ဒါလည်း သူငယ်ချင်းစုံအောင် အချိန်မပေးနိုင်လို့ ငြိုငြင်တဲ့သူက ငြိုငြင်ရဲ့) .. တရက်တခေါက်လောက်တော့ မေတ္တာသုတ်လေးရွတ်ချင်သေးတာ (အလွတ်မရလို့ စာအုပ်ကြည့်ရွတ်ရတာမို့ သွားရင်းလာရင်း ရွတ်မရပါ)... မျက်နှာလေး ကြည့်ပျော်ရှုပျော်ဖြစ်အောင် စကင်းကဲလေးတွေအတွက် အချိန်ပေးချင်သေးတာ..... ကောင်းနိုးရာရာ စာအုပ်လေးတွေလည်း ဖတ်ချင်သေးတာ.. (ကိုယ်စာအုပ်မဖတ်ဖြစ်တာ ချစ်သူနဲ့တွဲခဲ့တဲ့ ၃နှစ်တာကာလတခု လောက်ရှိပါတယ်.. အများဆုံးဖတ်ဖြစ်ခဲ့ရင် ၅ အုပ်ထက်မပိုဘူး)... ရုပ်ရှင်ကားလေးတွေ သွားရွေးဝယ်ပြီး အေးအေးဆေးဆေးကြည့်ချင်သေးတာ... ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေချည်းပဲစုပြီး စီဒီလေးတချပ်လုပ်ချင်သေးတာ..... ကိုယ့်အိမ်ကခွေးလေးနဲ့ဆော့ဖို့အချိန်ပေးချင်တာ...
ဒါမျိုးတွေပေါ့.. ဖြစ်ချင်တာတွေချည်းပဲ.. ဒီကြားတဲ ရုတ်တရက်ထထပေါ်လာတဲ့ သာရေး နာရေးမှန်သမျှကို မပျက်ကွက်ချင်တာ...
အကုန်လုံးကို ပြည့်စုံအောင်လိုက်လုပ်ဖို့ဆိုတာ တကယ့်ကိုမလွယ်တာပဲ.... ခုပြောခဲ့တဲ့ လုပ်ချင်တာတွေထဲက တော်တော်များများအတွက် အချိန်လည်းမပေးနိုင်သေးသလို လုပ်လည်း မလုပ်နိုင်သေးဘူး... အိမ်ပြန်ရောက်တိုင်းမှာ ပင်ပန်းပြီး အင်အားမရှိတော့သလိုမျိုးတွေဖြစ်ပြီး ဘာကိုမှ ထမလုပ်နိုင်ဘူး...
ချစ်သူရှိတုန်းကတော့ ကိုယ့်မှာလုပ်ချင်တာ ဘာမှမရှိသလိုပဲ.. ချစ်သူနဲ့ အတူရှိချင်တာကလွဲရင် တခြားဘာမှ မသိသလို.. လောကကြီးတခုလုံးကို မေ့နေခဲ့တာလေ.. ကိုယ်ဖြစ်ချင်တာတွေအကုန်လုံးကို မေ့နေရလောက်အောင်ကို ချစ်သူကို ကိုယ်ချစ်ပါတယ်....
ဘာမှမဟုတ်တဲ့ တကယ့်ကို ရောက်တတ်ရာရာပို့စ်ပါ......