Sunday, August 31, 2014
My weekend
ဒီပိတ်ရက်တော့ အရှုပ်တွေလုပ် အလုပ်တွေရှုပ်ရင်း ပြီးသွားသည်ပေါ့...
ဘာမှ မဟုတ်ပါဘူး.. စားစရာပုံတွေ တင်ချင်လို့ အကြောင်းရှာတာပါ..
စနေနေ့ဆိုတော့ နေ့လည်လောက်ထိအိပ်.. ရုံးက သူငယ်ချင်းတွေနဲ့ ချိန်းထားတော့ ၁၁ နာရီလောက်ထ... ရေမိုးချိုး .. ဖြီးလိမ်းအလှပြင်ပြီးတော့ ၁၂ ခွဲဘီ.. ၁နာရီချိန်းထားတာဆိုတော့.... ဘာမှမစားဘဲ အိမ်ကထွက်..
တော်ဝင်စင်တာရောက်တော့ ဘာမှမလုပ်သေးခင် စားကြရအောင်ဆိုပြီး မပြည့်နိုင်သော ၀မ်းတထွာကို ဖြည့်သည်ပေါ့.. ဒါနဲ့ ၀မ်းတထွာဆိုတာ ဘာကိုတိုင်းတာလဲတော့မသိဘူး.. ကိုယ့်ဗိုက်ကတော့ သူများတွေထက် ပိုကြီးမယ်ထင်တယ်... :P
တော်ဝင်စင်တာ အောက်ထပ်က ဆူရှီဟောက်စ်မှာ စားတယ်.. မဆိုးပါဘူး.. အဲ့ဆိုင်လေးက ဈေးလည်းသက်သာတယ်... အရင်ကတော့ စားဖြစ်တယ်.. နောက်ပိုင်း အဲ့တော်ဝင်စင်တာ အောက်ထပ်က ညှော်လွန်းလို့ မသွားဖြစ်ဘူး.. ချစ်သူနဲ့တုန်းကပေါ့..  အဲ့ဒါပဲလေ.. ချစ်သူကချစ်သူပဲ.. ဘယ်လောက်ဗိုက်ဆာနေနေ.. ကိုယ်ကအဲ့မှာ မစားချင်ဘူးဆို မစားချင်ဘူးပဲ.. ဘယ်လောက်စားသောက်ဆိုင်တွေပေါနေနေ.. တခြားနေရာကိုပဲ ပို့ခိုင်းတယ်.. သူကိုယ်တိုင်ကလည်း အဲ့အောက်ကဆိုင်တွေ မကြိုက်တာလည်း ပါမှာပေါ့... ထားတော့.. ခုတော့ သူများတွေနဲ့ဆိုတော့လည်း ဖြစ်သလိုပေါ့.. ဆူရှီဆိုင်ဆိုပေမဲ့ ကိုယ်က ဆူရှီလုံးဝ မစားတတ်ဘူး... အတူပါသူ နောက်တယောက်ကလည်း ဆူရှီမကြိုက်ဆိုတော့ အခြား ပေါက်တတ်ကရလေးတွေပဲ လျှောက်စားကြတယ်..
 ကန်စွန်းရွက်ကြော်
 ဒါကတော့ ဂဏန်းသားနဲ့ဆူရှီလို့ခေါ်မလားမသိ..
 ငါးထောပတ်ကင်.. ဒါကိုတော်တော်ကြိုက်တယ်.. ဒီဆိုင်ရောက်တိုင်းစားဖြစ်တယ်.. ၃၅၀၀ လို့ထင်တယ်..
 ပလာတူးငါးကင်တဲ့.. ဈေးပေါလို့မှာလိုက်တာ.. ၁၅၀၀ ပဲ..
 ကိုက်လန် ဆီးဖုကြော်.. ၂၀၀၀ လား ၂၅၀၀ လားပဲ..
 ဒါက ကင်းမွန်ကြော်.. ဒါလည်းပဲ ပေါတယ်.. ၁၀၀၀ လို့ထင်တာပဲ..
 ကြက်သားကြော်.. ၃၀၀၀ လို့ထင်အိ.. စကားမစပ်.. ကိုယ်က ကြက်သားကြော်ဆိုတဲ့ အရာကို အတော်ကြိုက်ပါတယ်.. ဒါလည်း ကွကိုယ်မသိပါဘူး.. ချစ်သူက ပြောတာပါ.. နင်က ကြက်သားကြော်ဆို အငမ်းမရတွေဖြစ်တယ်ပေါ့... အရင်ဘ၀က ဘာဖြစ်ခဲ့လဲမသိဘူးတဲ့... ဘာမှလည်း မဆိုင်ဘူး..
သူပြောပြီးနောက်ပိုင်းမှ ကွကိုယ် သတိထားကြည့်မိတော့ ဟုတ်တော့ ဟုတ်သလိုပဲ.. အာ့လို မုန့်နှစ်နဲ့ ကပ်ကြော်တာလဲကြိုက်တယ်.. ရိုးရိုး အိမ်မှာ ကြော်တာကိုလည်း ကြိုက်တယ်.... စီပီ ကြက်ကြော်ကောင်တာမှာ ရောင်းတဲ့ဟာတွေတော့ မကြိုက်ဘူး..
အဲ့၂ခုက အတူလာတာ.. ကြက်သားပြားကြော်ချက်ဆိုလား ဘာလား... အဲ့တန်ပူရာတွေပါ အဆစ်ပါတယ်.. ဘယ်လောက်လဲတော့ မသိ.. မကြိုက်လို့ မြည်းလည်း မမြည်းလိုက်ဘူး.. အဲ့လို ထမင်းကို အနှစ်တွေနဲ့ နယ်လိုက်ရင် ဆမ်းထားရင်ကို မစားတတ်တော့တာ.. ဂျီးထူပါတယ်.. ဘူမှ မပြောခင် ကွကိုယ်ပြောတာ..
စားပြီးသောက်ပြီးတော့ ရှော့ပင်းတယ်ပေါ့နော်.. တကယ်တော့ ဖိနပ်ဝယ်ဖို့.. အားကစားဖိနပ်.. သို့ပေမဲ့ ကြိုက်တာမတွေ့.. ဒါဆိုလည်း ၀ယ်ဖို့လာတယ်ဆိုမှ တခုခုတော့ ၀ယ်ရမယ်ဆိုပြီး အားကစားဘောင်းဘီဝယ်တယ်... ဘောင်းဘီဆိုတော့ ပိုတယ်မရှိပါဘူးလေဆိုပြီး ၂ထည်..  အဲ့မှာ တော်တော်များသွားတော့ ဘာမှ ထပ်မ၀ယ်ဘူးလို့ စိတ်တင်းသော်လည်း ဒီကောင့်ချနေသော အကျီင်္များကို မြင်တော့ မနေနိုင်.. ဟိုဟာဆွဲ ဒီဟာဆွဲနဲ့ တထည်တော့ပါလာတယ်.. ဒါတောင် ဒီကောင့်ချတယ် တန်တယ်ဆိုပြီး ၃ထည်ယူတာ.. ကောင်တာမှာ ပိုက်ဆံရှင်းတော့ မတန်တဆတွေဖြစ်နေရာ... ဟယ် ဒီကောင့်ချထားတာ မဟုတ်ဝူးလားဆိုတော့ အဲ့ဒါမပါဘူးတဲ့.. အေး မပါရင်လည်း မယူဘူးလို့.. အဲ့ဆို ဘာလို့ ရေးထားသေးလဲလို့ဆိုတော့ မဟုတ်ဘူးတဲ့ ကပ်ထားတဲ့ဈေးက အတည်တဲ့.. သူတို့က အဲ့ဒီ့အတန်းမှာ ၉၉၀၀ ဆိုပြီးရေးထားတာပါ... ဆိုတော့ တတန်းလုံးပါတယ်လို့ ဘယ်သူမဆိုထင်မှာပါ... အဲ့တော့ ထပ်ရန်တွေ့ပါတယ်... အဲ့ဒါဆို အဲ့လိုမရေးနဲ့ပေါ့လို့ပြောတော့ ၉၉၀၀ ကစတယ်လို့ရေးတာတဲ့.. သောက်ချိုးကမပြေပါဘူး..... ကိုယ့်ပါးစပ်နဲ့တွေ့တာပေါ့.. အဲ့မှာ သေချာလည်း ပြန်ဖတ်ကြည့်ဦးလို့.. starting from 9900 ဆိုပြီးရေးထားတာမှ ၉၉၀၀ က စတာလို့ပြောလို့ရတာလို့ ခပ်မာမာနဲ့စွာပါတယ်.. အဲ့တော့မှ အဲ့ကောင်တာက ကောင်မက ပုပ်သိုးသောမျက်နှာနဲ့ ပါးစပ်ပိတ်ပါတယ်.. ဟုတ်ကဲ့.. ဆိုင်ကတော့ သရက်သီးဆိုင်ပါ.. မန်းဂိုးပေါ့နော်..
အဲ့လို သောက်ချိုးမပြေလို့ နောက်မ၀ယ်ဘူးလား.. မဟုတ်ဘူး.. ၀ယ်မှာပါ.. ကောင်းကောင်းကန်းကန်း ၀ယ်စရာဆိုင်.. ဆိုဒ်စုံသောဆိုင် ရှားပါတယ်.. စိတ်ချပါ.. မနေပါဘူး... ထပ်လာဝယ်ဦးမှာပါ.. အဲ့တော့ အဲ့လို ကောင်မတွေမျက်နှာကိုကြည့် အကုသိုလ်တွေအလုံးနဲ့အရင်းနဲ့ အဆစ်ယူပြီး ပိုက်ဆံကုန်ခံဝယ်မှာပါ..
 အဲ့က ကိစ္စပြီးတော့ သူငယ်ချင်းတယောက်က အကျီင်္ချုပ်ဆိုင်လိုက်ပို့ပေးမယ်ပြောတော့ သူ့ကို သွားခေါ်ပြီး တောင်ဥက္ကလာကို ချီတက်ပါတယ်.. ရောက်တော့ အကျီင်္ချုပ်မဲ့သူက အကျီင်္ပြင်နေလို့တဲ့ ထွက်မလာပါဘူး.... ၄၅ မိနစ်လောက်ထိုင်စောင့်ရတယ်.. ကိစ္စမရှိပါဘူး.. သူငယ်ချင်းနဲ့ စကားပြောနေတာပဲလေ.. အမြဲတွေ့နေတာမဟုတ်တော့ ပြောစရာတွေပေါတာပဲ.. ထွက်လာပါတယ်.. အပျိုကြီးမမ ပဲများပြီးတော့.. သူငယ်ချင်းက ဟဲ့ အစပေးလိုက်လေဆိုတော့ အော်အေး ဒီမှာ အမ .. ဒါလေးဆိုတော့.. အဲ့ဒါတွေ ချုပ်ဘူးတဲ့.. ဒီမှာက ဆွဲသားတွေပဲတဲ့.. သေလိုက်လို့သာကွကိုယ်ပြောလိုက်ပါတယ်... သူငယ်ချင်းကလည်း မသိဘူးတဲ့.... သူ့ကိုတော့ အပြစ်မပြောတော့ပါဘူး... စေတနာနဲ့ပို့ပေးတာဆိုတော့...  အဲ့ဒါနဲ့ နောက်တဆိုင်က ကိုယ့်အိမ်နားမှာ ရှိတဲ့ဆိုင်ကို သူက ထပ်ပို့ပေးတယ်.. အဆင်ပြေတယ်ပေါ့.. ဒါနဲ့ အကျီင်္အပ်ခဲ့ရတယ်.. နောက်တော့ ကြေုးအိုးစား.. သူ့ကို ပြန်လိုက်ပို့ .. ဆီဝင်ထည့်..  ကိုယ့်အိမ်ရောက်တော့ ၁၀ နာရီလောက်ရှိနေပြီထင်တယ်... ဘာမှမလုပ်နိုင်.. ရေချိုး.. ရုပ်ရှင်လေးကြည့်ပြီး အိပ်.... ရုပ်ရှင်က Thanks for sharing ဆိုတဲ့ကားလေးပါ.. Sex addict ဖြစ်နေတဲ့ လူတွေရဲ့အကြောင်း.. သိပ်တော့မကြိုက်ဘူး.. မင်းသားကြိုက်လို့ ကြည့်လိုက်တာ...
နောက်ရက်ကျတော့ လုပ်စရာမရှိဘူးဆိုပြီး ၂နာရီလောက်မှထတယ်.. နိုးတော့လည်း လုပ်စရာတွေရှိတယ် ဖြစ်သွားပြန်ရော.. လက်သည်းခြေသည်း ညှပ်ချင်တယ်.. gym လည်းပြေးဆော့ချင်သေးတယ်.. ဟင်းကလည်း ချက်ချင်သေးတယ်... ဒါနဲ့ တွက်လိုက်တော့ gym သွားမယ်ဆို ဟင်းချက်တာနောက်ကျမယ်ဆိုပြီး အပျင်းတစ်ပြီး မသွားတော့ဘဲ လက်သည်းခြေသည်း သွားညှပ်.... ဈေးဝယ်.. အိမ်ရောက်တော့ ချက်မှာက ခရမ်းချဉ်သီး ငပိချက် နံနံပင်ကမရှိဆိုတော့ တခေါက်ထွက်ဝယ်.... ပြန်ရောက်တော့ ၇နာရီကျော်နေပြီး... အဲ့ဒါနဲ့ စချက်.. ပုဇွန်ခြောက်တွေများသွားတော့ ပြန်ဖယ်ထုတ်.. ထုတ်ထားတဲ့ ဟာတွေပုလင်းထဲ ပြန်မထည့်ချင်တော့ ရေခဲသေတ္တာကိုမွှေနှောက် .. မျှစ်ပုစိညှောင့်တောက် အထုပ်လေးတွေ့တော့ ကြော်ပလိုက်တယ်.. ပြီးတော့ ကိုယ်စားဖို့ အရွက်ကြော်တယ်...
 ထမင်းကလွဲရင် အကုန်စားတာမို့ ထမင်းမစားဘူး.. ပန်းပွင့်ကြော်စားတယ်..
ဒီ ၂ခွက် ရုံးထည့်မှာဆိုတော့ တခါတည်း ဗူးနဲ့ထည့်လိုက်တယ်..
နောက်တော့မပြီးသေးဘူး.. အများသူငါတောင်းဆိုချက်အရ သာကူပြင်ထပ်လုပ်တယ်.. သာကူပြင်လုပ်နေရင်း ချစ်သူဆီက ဖုန်းလာတော့ နင့်သာကူပြင်ဇာတ်လမ်းက မပြီးသေးဘူးလားတဲ့.. နောက်တော့ ခရမ်းချဉ်သီး ငပိချက်ချက်တာကိုသိတော့.. သူ့အတွက်တောင် ဘယ်တုန်းကမှ အဲ့လို ညကြီးမင်းကြီး ကြိုးကြိုးစားစား မလုပ်ပေးဖူးဘဲနဲ့တဲ့... ခုကျမှ ရုံးထည့်ဖို့ကို ကိုယ်တိုင် ပင်ပင်ပန်းပန်းချက်ပြုတ်နေရလားတဲ့...
"မနက် ၅ နာရီလောက်တွေ ထချက်ပေးခဲ့တာတွေ ရှင်ကမေ့နေပြီလား"
ညဘက်တွေ ဗိုက်ဆာလို့ တခုခု ထလုပ်ခိုင်းရင် ဘယ်တော့မှ မလုပ်ပေးဘူးတဲ့...သူပဲ အမြဲလုပ်ပေးရတယ်တဲ့..
"အော် ညဘက်ကြီး ဗိုက်ဆာလို့ ထမင်းသုပ်ပေးခဲ့တာတွေ ရှင်က ခုတော့မေ့ပြီပေါ့... "
ဒါကျတော့ မမေ့ပါဘူးတဲ့.. (ကိုယ့်မှာလည်း ပြောစရာက အဲ့တပေါက်ပဲရှိတာပါ.. သူဘာလုပ်ခိုင်းခိုင်း လုံးဝမထတမ်း အပျင်းထူတာပါ :P)
ဒါပေမဲ့ သင်္ကြန်တုန်းက ဘယ်သူကပဲ ထချက်ရတာလဲ.. ကြက်သားသုပ်တုန်းက အိပ်နေတာလေ.. အီးတောင် တချက်လှည့်မပေါက်ဘူးလေဆိုပြီး စကားနာတွေထိုးး.. မဆိုင်တာတွေပါထည့်ပြောပေါ့.... အဲ့ကြက်သားသုပ်တဲ့ကိစ္စကြောင့် မွေးသဖခင်က ချစ်သူအပေါ်မှာ အမှတ်တွေ အရမ်းပေးပါတယ်.. ကိုယ်က အိပ်ချင်လို့ဆိုပြီး သိုးနေအောင် အိပ်နေတဲ့ အချိန်မှာ ချစ်သူက ရွှေညောင်ပင် ကြက်သားသုပ်လိုဟာကို အိမ်မှာ သုပ်ဖို့ ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်နေခဲ့တာပါ.... ရခါနီးမှာ ကိုယ်ကနိုးထလာပြီး ပြီးပြီလား စားမယ်ဘာညာလုပ်တော့ ဒယ်ဒီက ညည်းအေ အဲ့လိုလုပ်စရာလား ဘာလားညာလားနဲ့... နောက်ပိုင်းကြုံတိုင်းလည်း အဲ့ဒါကိုပြောပြီး ကျေနပ်တာလား ဘာလားတော့မသိ... ခဏခဏပြောပါတယ်.. ဒါကို ချစ်သူကို ပြန်ပြောပေါ့..
"ရှင် အဲ့ဒီ့ ကြက်သားသုပ်လိုက်တဲ့အတွက်  father ကြီးက ရှင့်ကို ဘယ်လောက်တောင်အမှတ်တွေ ပေးနေလဲဆိုတာ ရှင်သိရဲ့လား.."
ဆိုပြီး ပြောတော့ ချစ်သူကလည်း အကျေနပ်ကြီးကျေနပ်ပေါ့..... ဒီလိုပဲ ချစ်သူနဲ့ ခဏတာ စကားပြောရတဲ့အချိန်လေးမှာ ကြည်နူးစရာလေးတွေပဲ ဖြစ်ချင်တာပါ.... အဲ့လို ကိစ္စသေးသေးလေးတွေ ပြန်ပြောရင် ကိုယ်ကတော့ ငါတို့ဒီလောက်တောင် ချစ်ကြတာပဲလို့ တွေးမိပြီး ကြည်နူးမိတယ်.. သူလည်း ဒီလိုပဲဖြစ်မှာပါလေ.. အဲ့မျိုးလေးတွေပြောတိုင်း သူရောကိုယ်ရော အကြီးကြီး ပြုံးပြီး ပီတိတွေဖြာကြတယ်ပေါ့... (စကိုက်ပိပြောကြတာပါ.. ဖုန်းထဲကနေ အပြုံးတွေမြင်တယ် ထင်နေမဆိုးလို့) ..  ဘာလိုလိုနဲ့ အတော်ရှည်နေပြီ.. ကဲကဲ.. သာဂူပြင်လေးတော့ ရှုလိုက်ပါဦး...
သာဂူပြင်ကို မြင်တော့ ရုံးကလူတွေက ထပ်ပြောကြပြန်ပါတယ်.. ကိုယ်က အကုန်လုပ်တတ်တာပဲနော်တဲ့.. သူတို့က မထင်ကြပါဘူး.. အရင်တခေါက်က ဘာချက်တုန်းကလည်း မသိဘူး.. တခါပြောကြသေးတယ်..
ကိုယ့်ပုံစံက အရမ်းကို ဆတ်ကော့လတ်ကော့ အပိုးမကျိုးတဲ့ပုံပေါက်နေလို့လားဟင်လို့ ပြန်မေးတော့... ဘာမှကို ချက်တတ်ပြုတ်တတ်မဲ့ပုံတော့ မပေါ်ဘူးတဲ့.... ကောင်းရော...
Friday, August 29, 2014
ကျေနပ်တယ်
လောကကြီးမှာ စားချင်တာလေးများ စားနေရရင် သိပ်ကျေနပ်စရာကောင်းတယ်... ဒီနေ့ သောကြာနေ့ဆိုတော့ လန့်ခ်ျအောက်ကြတာပေါ့.... ဒီဆိုင်လေးက ကိတ်မုန့်လေးတွေ ကြိုက်တယ်.. La Tartine တဲ့.. ပုလဲကွန်ဒိုမှာ ရှိတာပါ...
 အမေရီကားနိုးပါတဲ့..
ဒါကတော့ ကိုယ့်အကြိုက် ကပူးချီးနိုး...
 ဒါကို မစားရမဖြစ်လို့ဆိုပီး ဦးတည်ပြီးသွားတာပါ... တီရာမိဆုတဲ့..
 မက်ခရွန်ခေါ်သော မုန့်လေးများ.. ကိုယ်တော့ သိပ်မကြိုက်ပါ.. ရှာကီးစ်က ဟာကို ပိုကြိုက်တယ်..
 ကရမယ် ချောကလက်ဆိုလား မသိဘူး.. သူများစားတာ.. ဘာအရသာမှန်း သိပ်မသိလိုက်ဘူး.. အတုံးသေးတော့ နဲနဲလေးပဲ ဖဲ့မြည်းလိုက်တာ..
 ဘက်ဂေး ဆင်းဒ၀စ်.. ဒါလည်း သူများစားတာဆိုတော့ အရသာမသိလိုက်ပါ..
 ဒါက ဘေကင်နဲ့ချိစ်ဆင်းဒ၀စ်.. ကိုယ်စားတာပါ.. ကြိုက်တယ်..
 အိကလဲကဲ့သို့အလုံးလေးများ...
ဒါကလည်း ဆင်းဒ၀စ်ဘဲ.. မမြည်းလိုက်နိုင်ဘူး.. ဘယ်လိုမှမဆန့်တော့လို့..
ကော်ဖီတခွက်.. ဆင်းဒ၀စ်တခု.. တီရာမိဆု တတုံး စားပီးသကာလ အတော် စိတ်ကျေနပ်သွားတယ်..
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ.. လောကကြီးကလှပေမဲ့လည်း အချစ်ဆုံးမရှိတော့ မပြည့်စုံဘူးပေါ့နော်... လွမ်းလိုက်တာ... (ဆိုင်လားတော့မသိဘူး ... :P)
Sunday, August 24, 2014
မကျေမနပ် ရက်သတ္တပတ်
ဒီတပတ် ပိတ်ရက်တော့ အပျင်းတစ်ပြီး ဘာမှ မချက်ဖြစ်ဘူး...
အထူးသဖြင့် ချစ်သူနဲ့ ဖုန်းပြောလို့ရနေရင်.. ချစ်သူ ခေါ်တဲ့အချိန် အဆင်သင့်ဖြစ်နေအောင် ဘာမှ သိပ်မလုပ်ဘူး.. ဘယ်မှလည်း မသွားတော့ဘူး... ဒါတောင် ချစ်သူ အလုပ်အကိုင်တွေ အဆင်မပြေဘူးဆိုလို့ ဘုရားသွားဖြစ်သေးတယ်.. ကြုံလို့ ပြောဦးမယ်.. ခုတလောပိုပြီး သတိထားမိလာတာ.. အရင်ကတော့ ချစ်သူရှိနေတော့ လောကကြီးကိုမေ့နေခဲ့သလားမသိဘူး.. ကိုယ့်ဘေးကလူတွေ ဘာလုပ်လုပ် မမြင်ခဲ့ဘူးထင်တယ်.. ခုတလော တယောက်တည်း ဘုရားသွားဖြစ်တော့ လူတွေရဲ့ စရိုက်တွေကို မြင်လာမိတယ်.. ဘုရားရေသပ္ပယ်တာပါ... ဘယ့်နှယ့်.. ဘုရားရေသပ္ပယ်ပါတယ်ဆိုမှ သင်္ကြန်ရေပက်သလို.. ပန်းပင်ရေလောင်းသလို .. ကွကိုယ်ရေခပ်ချိုးသလို.. တဗြန်းဗြန်းခတ်ပြီး ပက်တာပါ.. ရေသပ္ပယ်တာနဲ့ကို မတူဘူး... ရေပက်နေတာ... နောက်က ဂြိုလ်တိုင်ကိုဆိုလည်း ထို့နည်းလည်းကောင်းပဲ.. အရှေ့ကနေလှမ်းလှမ်းပက်တာ... နားမလည်နိုင်ဘူး.. လူတွေကို.. ဘုရားသွားပါတယ်ဆိုမှ ကုသိုလ်မရ.. အကုသိုလ် အတုံးလိုက် အတစ်လိုက်ရတယ်.. သွသူပက်တာကို ပက်ချင်သလောက်ပက်ပါ.. သူ့ငရဲ ကိုယ့်ငရဲမဟုတ်ဘူး.. ဒါပေသိ.. အဲ့တဗြန်းဗြန်းခပ်တာတို့ ပက်တာတို့က ကိုယ့်ကိုလာလာစင်တော့ ရေတခါတသပ္ပယ်လိုက်ရင် ခန္ဒာကို တခြမ်းလောက်က ရေစိုနေပြီ...  ဘုရားလာတာလေဆိုပြီး မနည်းစိတ်ကိုလျှော့ရတယ်..
ထားတော့...
တနင်္ဂနွေနေ့ကျတော့ ညစာလေး ထွက်စားဖြစ်တယ်... ငါးဈေး (Manhattan fish market) မှာ စားဖို့ရာကို ၆နာရီမှာ ရီဇာ့ လှမ်းလုပ်တော့ မရတော့ပါဝူးတဲ့.. ၈နာရီလောက်မှ ရတော့မယ်ဆိုတာနဲ့ အသစ်ဖွင့်သော Parami Pizza ဆိုတဲ့ ပါရမီက ဆိုင်အသစ်လေးကို ရောက်သွားတယ်..
လူတွေကတော့ ကျိတ်ကျတ်တိုးပဲ.. နေရာမရလို့ သူများနဲ့ ပေါင်းထိုင်ရတယ်.. စားနေရင်းတန်းလန်းမှ တခြားဝိုင်းက လွတ်သွားလို့ ပြန်ပြောင်း.. အစားအသောက်က မဆိုးပါဘူး... သိပ်တော့ မကြိုက်ဘူး..
 Pork Milanese တဲ့.. နဲနဲလေး.. မာမီစားတာ.. အဲ့တပွဲနဲ့တော့ မ၀လောက်ဘူး... $10 ကျော်ကျော်တော့ပေးရတယ်.. အတိကျတော့ မမှတ်မိဘူး...
 ဒါကတော့ Beef lasagna... Cafe Dibar ကဟာပဲကြိုက်တယ်.. ဒါလည်း ၁၀ ကျော်ပဲ.. အတိကျ မသိတော့ဘူး...
 Rib-eye steak လို့ထင်တယ် နာမည်က.. မှတ်မှတ်ရရပဲ .. ဒါလေးကို $35 တောင်ပေးရတယ်.. ဒယ်ဒီဖားသားစားတာ...
 ဒါကတော့ အလကားပေးတာ..
ချိစ်လေးမျိုး ပါသော ပီဇာ.. အသားက အိတ်စထရာ ထည့်ခိုင်းရတာ.. ၁၀ ကျော်ကျော်ပဲ.. အတိကျတော့ မသိ..  မကြိုက်ဘူး ဒါကိုတော့.. တစိတ်ပဲ စားနိုင်တယ်.. တော်တော်များများက ပါဆယ်ဝယ်နေကြတော့ ကောင်းမလားလို့ ကိုယ်လည်း အိမ်ကို ပါဆယ်ထုပ်လာတာ..
ဝိုင် ပုလင်းဝက် ပါတယ်... လူကြီးတွေသောက်တာ..
လမန်နိတ်တခွက်ပါတယ်.. ဒါပဲ.. အဲ့သဟာကို $119 ကျတယ်.. နောက်ဘယ်တော့မှ သွားမစားဘူးလို့ ဆုံးဖြတ်ကြတယ်.. မတန်ဘူး.. အရသာတွေက ပျံလန်နေအောင် ကောင်းရင်တော့ မပြောပါဘူး.. သူလိုကိုယ်လိုကို အဲ့လောက် ဈေးကြီးတာတော့ မတန်ဘူးလို့ပဲ ပြောပျဇီ...
ဘာလိုလိုနဲ့ ဒီလိုပဲ တပတ်တော့ ပြီးသွားပြန်ပြီပေါ့...
Friday, August 22, 2014
Friday's Lunch
ဒီနေ့ သောကြာနေ့... စူပါဗိုက်ဆာက ဖျားလို့ရုံးမတက်ဘူးတဲ့.. ဒါနဲ့ ဘာလုပ်ကြရင်ကောင်းမလဲဆိုတော့လည်း.. လန့်ခ်ျအောက်မယ်ဆိုပြီး လမ်းထိပ်မှာရှိတဲ့ ကိုရီးယားဆိုင်ကို ချီတက်ကြတာပေါ့နော်... Han Kook Kwan ပါ.. အဲ့ဆိုင်ကိုကြိုက်တယ်... ကိုရီးယားဆိုရင် တခြားဆိုင်က ဟာတွေကို မကြိုက်ဘူး... ဆိုင်များများစားစားတော့လည်း မစားဖူးပါဘူး... ဒီဆိုင်ရယ်.. Her's ရယ်.. Arirang ရယ်လောက်ပဲ စားဖူးတာပါ.. အဲ့ထဲကမှ.. ဒီဆိုင်ကိုပဲကြိုက်တယ်... အရံဟင်းလေးတွေကစ.. အသားကင်အဆုံး အကုန်လုံးကြိုက်တယ်.. ငါးဥထမင်းသုပ်ကိုလည်း အရမ်းကြိုက်...
Thursday, August 21, 2014
တောသားကြီး
ဆိုင်ကြော်ငြာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီဆိုင်လေး စားကောင်းတယ်.. ဈေးလည်း တန်တယ်ပေါ့နော်.. ပုံတွေချည်းပဲ...
 အခေါက်ကင်... ပြောရမယ်ဆိုရင်တော့ အခေါက်ကင်ကကောင်းတော့ ကောင်းတယ် .. ဒါပေမဲ့ တခါနဲ့တခါ မတူဘူး.. လက်မမှန်ဘူးပေါ့နော်..
 ၀ါးပိုး.. ရန်ကုန်မှာ ရှားရှားပါးပါး ရတာဆိုတော့ ဈေးတော့ နဲနဲကြီးတယ်.. တသောင်းတဲ့...
 သုံးထပ်သားပေါင်း... တရုတ်မဆလာနံ့နဲနဲကဲတယ်...
 အာလူးထောင်းလုံးကြော်...
 မာလာဟင်း.. ရွှေလီ အကင်ဆိုင်က မာလာဟင်းကလွဲရင် ဘယ်ဆိုင်က မာလာဟင်းကိုမှ စားလို့မရဘူး.. ဒီမာလာဟင်းကိုတော့ ရွှေလီရဲ့နောက် နံပါတ် ၂ နေရာမှာ ထားလိုက်တယ်...
 မာလာငါးပေါင်း... ကောင်းတယ်..
 ပဲရွက်ကြော်...
ဝက်ခေါင်း တို့ဖူးသုပ်... အော်စွန်းတွေလည်း ပါတယ်..
ဓါတ်ပုံတွေက အတူသွားစားတဲ့ ရုံးကတယောက်ရိုက်ထားတာကို ယူထားတာပါ.. ကိုယ့်လက်ရာလောက်တော့ သဘောမကျဘူးပေါ့...  :P
ခုပ်ဖူဆိုင်နဲ့မောင်နှမဆိုလား.. ခွဲထွက်လာတယ်လို့ပြောတယ်... လက်ရာကတော့ ကောင်းပါတယ်.. အိမ်က လူကြီးတွေကတော့ ခုပ်ဖူဆိုင်နဲ့ပတ်သက်မှန်းတော့ မသိသေးဘူး.. ခုပ်ဖူကို ပိုကြိုက်တယ်လို့တော့ ပြောကြသည်ပေါ့... ဆိုင်အပြင်ဆင် အနေထားနဲ့ဆိုရင်တော့ ခုပ်ဖူက ပိုအဆင်ပြေတယ်.. စားရတာရော.. ကားပါကင်ရော.. ထားတော့.. ဒီဆိုင်လည်း သွသူတော့ ကောင်းပါတယ်.... ကိုယ်က ကိုယ်ကြိုက်တယ် စားလို့အဆင်ပြေတယ်ဆို.. ဘယ်ဆိုင်ကို ပိုကြိုက်လဲမေးရင် တမျိုးစီလို့ပဲဖြေတယ်.. ဒါမှ ဘယ်ဆိုင်သွားသွား လိုက်ရအောင်..
ပို့စ်ကို ပတ်ဘလစ်ရှ်လုပ်မယ်ဆိုပြီး ခေါင်းစဉ်ပြန်ကြည့်တော့မှ သတိရတယ်...  ဆိုင်နာမည်က တောသားကြီးတဲ့...
Wednesday, August 20, 2014
အဆင်မပြေတဲ့ ရက်သတ္တပတ်
ခုတလော စိတ်တွေရှုပ်ရလွန်းတယ်..
တွေဝေ မပြတ်သားတဲ့ ကိုယ့်အတွေးတွေကြောင့် ကွကိုယ် တယောက်တည်း ရှုပ်နေတာ..
ဘာမှ ကြီးကြီးမားမားရယ်တော့လည်း မဟုတ်ပါဘူး......
ယောကျာ်းတွေရဲ့ သစ္စာမရှိတဲ့အကြောင်း.. အချောင်ရရင် ရသလို ဖောက်ပြန်တတ်တဲ့အကြောင်းတွေ ကြားရတော့ ယောက်ျားယူဖို့ကို အလိုလိုကြောက်မိတယ်....
ယောကျာ်းယူပြီးမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာကို မလိုလားသလို အကွဲအပြဲတွေလည်း မဖြစ်ချင်ဘူး...
အဲ့ဒါက ဦးနှောက်တခြမ်းကတွေးနေတယ်ဆို.. နောက်တခြမ်းက ကိုယ်ဟာ.. ချစ်သူမရှိတဲ့ ဘ၀မှာ ဘယ်လိုမှမနေနိုင်ဘူးဆိုပြီးတွေးမိတယ်...
အရှေ့က ပို့စ်တွေမှာ ရေးခဲ့ပြီးသလို ချစ်သူမရှိတဲ့ဘ၀က ကိုယ့်အတွက်ခက်ခဲလွန်းတယ်လေ..
ချစ်သူရှိတုန်းက ဘယ်လို စိတ်ညစ်စရာတွေဘဲ ကြုံရကြုံရ.. ကိုယ်ဟာ ခုလောက် စိတ်မညစ်တတ်ဘူး....
ခုတော့ စိတ်ညစ်စရာသေးသေးလေးရှိလာရင်တောင် သေမတတ် စိတ်ညစ်နေတတ်တယ်...
စကားစပ်လို့ပြောရမယ်ဆို.... ခုတလောလေးတင်ကပဲ.. ကိုယ့်ကို ချောက်ထဲ တွန်းချချင်သူတစုကြောင့် အတော်စိတ်ညစ်ခဲ့ရတယ်...
ကိုယ်မစဉ်းစားတတ်တာက.. ဘာလို့ သူတို့ ဒီလိုလုပ်လဲဆိုတာကို...
ကိုယ့်အလုပ်မှာ ကိုယ်အတတ်နိုင်ဆုံး တာဝန်ကျေအောင်ကိုယ်လုပ်တယ်... ကိုယ့်ကို ချောက်ချချင်သူ လူတစုကို ကိုယ်မပုတ်ခတ်ဖူးဘူး.. (ဘယ်သူ့ကိုမှ မပုတ်ခတ်ဘူး လို့ ကိုယ်မပြောပါဘူး)
ကိုယ်ဟာ သူတို့ထက် ရာထူးလည်း နိမ့်သလို လစာလည်း နဲတယ်..
ကိုယ့်ရဲ့ ပြိန်းတိန်းတိန်း ဥာဏ်လေး တထွာတမိုက်နဲ့တော့ ဒါဟာကိုယ့်ကို အကြောင်းမဲ့သက်သက် မနာလိုလို့ဘဲလို့ တွေးမိတယ်..
သူ့ဟာသူ အသက်ရှူနေလို့ကို ကြည့်မရပါဘူးဆိုတဲ့ သူတွေ ကိုယ့်မှာ ရှိပါတယ်..  ဒါပေမဲ့ ချောက်ချဖို့လောက်ထိတော့ ပိုးစိုးပက်စက် မစဉ်းစားမိဘူး.. အဲ့ကောင်မတော့ ကြည့်မရဘူးဟယ် ဆိုတာနဲ့ ပြီးသွားတာလောက်ပဲ...
ကိုယ့်ရုပ်ကလည်း ရွက်ကြမ်းရေကျိုရုပ်.. ခုနကပြောသလို ရာထူး လစာ အောက်ခြေကဟာကို ဘာကိုများ မနာလိုသလဲတော့ မသိ....
ချောက်ချချင်လောက်အောင် သောက်မြင်ကတ်တာဆိုရင်လည်း ဒါဟာ မနာလိုလွန်းလို့သာ ဒီလောက်ထိ သောက်မြင်ကတ်တာလို့ပဲ စွပ်စွဲတော့မယ်...
ထားတော့...
အဲ့လို စိတ်အခန့်မသင့်တာလေးတွေ ဖြစ်တော့လည်း ချစ်သူရှိမယ်ဆို ခုလောက် စိတ်ညစ်နေမှာ မဟုတ်ဘူးလို့ စဉ်းစားမိတယ်.. ချစ်သူရဲ့ ရင်ခွင်ထဲ ခဏလောက် မှေးလိုက်ရရင်၊ ချစ်သူမျက်နှာလေး ခဏလောက် မြင်လိုက်ရရင်၊ ချစ်သူနဲ့ ထမင်းတနပ်လောက် အတူတူ စားလိုက်ရရင်၊ ရုပ်ရှင်တကားလောက် အတူတူ ကြည့်လိုက်ရရင် ကိုယ် စိတ်ညစ်နေတာတွေက ဘာဆိုဘာမှ မဟုတ်တော့ သလို ဖြစ်သွားမှာပေါ့နော်......
နေမကောင်းကလဲဖြစ်သေးတယ်.. ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး.. ၀မ်းပျက်တာရယ်... အချိန်မှန် လာတဲ့ ဧည့်သည်ရယ်.. ခေါင်းမူးတာရယ် ပေါင်းလိုက်တော့ နေမကောင်းဘူးပေါ့.. အဲ့လိုအချိန်မှာ ချစ်သူရဲ့ ရင်ခွင်ကို ကိုယ်အရမ်းတမ်းတပါတယ်..... ချစ်သူသာ အနားမှာ ရှိနေရင် ကိုယ့်ဝေဒနာတွေ တ၀က်လောက် သက်သာမှာပါ....
ယောကျာ်းတွေ ဖောက်ပြန်တတ်တဲ့အကြောင်း ချစ်သူကို ကိုယ်ပြောတော့ ချစ်သူနဲ့ ကိုယ်နဲ့ ရန်ဖြစ်ကြတယ်... ချစ်သူကလည်း မိန်းမတွေသာ ဖောက်ပြန်တဲ့အကြောင်းပြန်ပြောတယ်... ပြောရင်းနဲ့  ရန်ဖြစ်ကြတယ်ပေါ့.....
အဲ့လိုဆိုတော့လည်း ချစ်သူမရှိလို့ မဖြစ်ဘူးဆိုတာက အလေးသာသွားပြန်ရော......
ကိုယ်ဟာ ဘယ်အရာကိုမှ မပြတ်သားတတ်တော့ဘူးထင်ပါရဲ့.....
Tuesday, August 19, 2014
ပိတ်ရက် ဟင်းချက်
ရုံးမှာတော့ အုန်းထမင်းချက်တာနဲ့ဘာနဲ့ညာနဲ့.. ငါ့အိမ်မှာဆိုရင်တော့ ဗိုက်ဆာတယ်ပဲ အော်တတ်တယ်ဆိုပြီး မွေးသမိခင်က ပြောတာနဲ့ ဒီပိတ်ရက်မှာ အုန်းထမင်းချက်ဖြစ်တယ်..
လုပ်မယ်ဆိုရင် အစဆုံး ကွကိုယ် လုပ်ချင်တာမို့.. ပုဇွန်ခြောက်ကြော်ကိုပါ ကိုယ်တိုင်ကြော်တယ်..
 အုန်းနို့နံ့ပါတယ်ဆိုရုံလောက်ပါတဲ့ အုန်းထမင်း..
 အမွှေးနံ့သာတွေနဲ့ ကြက်သားဟင်း...
 ပုဇွန်ခြောက်ကြော်..
ကြက်သွန်ချဉ်...
လူကြီးတွေကတော့ ကောင်းတယ်ပေါ့.. ငါ့သမီးလေးချက်တာ..ဆိုပြီး ပြောကြရှာပါတယ်...
နောက်ရက်ကျတော့ သာဂူပြင် ထပ်လုပ်ဖြစ်တယ်.. ပထမတခါလုပ်တုန်းက ဓါတ်ပုံမရလိုက်လို့ အခုမှပဲ သာဂူပြင် အကြောင်း စရတော့မယ်..
https://www.facebook.com/ChawSusFoodFriends ကရတဲ့ သာဂူပြင်လုပ်နည်းလေးအတိုင်းလုပ်တာပါ.. သာဂူပြင်ကိုလည်း အုန်းထမင်းနည်းတူ တသက်လုံး မစားခဲ့ဖူးဘူး... စားချင်စရာကောင်းတယ်လို့လည်း မထင်ခဲ့မိဘူး.. ဒါပေမဲ့ မချောစုရဲ့ ဓါတ်ပုံလေးကို တွေ့တော့ ဘယ်လိုမှ မနေနိုင်အောင် စားချင်တာနဲ့ သူချက်နည်းတင်ရင်တော့ဖြင့် လုပ်စားတော့မယ်ဆိုပြီး တေးထားလိုက်တယ်... အဲ့ဒါနဲ့ပဲ သာဂူပြင်ဇာတ်လမ်းက စတာပေါ့...
စလုပ်ထဲက မချောစုရဲ့နည်းအတိုင်း တသွေမတိမ်းလိုက်နာပြီး အချိန်အတွယ်ကစ လုပ်တော့ အတော်အဆင်ပြေပါတယ်.. မီးဖို အနေထားကွာတာကြောင့် သာဂူကျိုချိန်တို့ အာဗင်ထဲထည့်ချိန်တို့ ကွာပေမဲ့ အတော်အဆင်ပြေပြေလေးထွက်လာတယ်.. စားလို့ကောင်းလွန်းတာကြောင့် ကိုယ်တိုင်က ထပ်စားချင်တာတကြောင်း.. အကုန်လုံးက တောင်းဆိုတာတကြောင်းကြောင့်.. ပစ္စည်းတွေကျန်သေးတယ်ဆိုတာကို အကြောင်းပြုပြီး ထပ်လုပ်သည်ပေါ့.. ဒါလည်း မလောက်ပြန်ပါဘူး.. ရုံးကလူတွေက နဲနဲပဲစားရလို့ဆိုကာ.. ထပ်လုပ်ကျွေးရပါဦးမယ်.. ဘယ်လောက်ကောင်းလဲဆိုတာတော့ ပုံတွင်ရှု..