တည်တည်တံ့တံ့ စာများကို ရေးလိုစိတ်ရှိသော်ငြားလည်း.. မရေးတတ်တာကတကြောင်း.. ရေးစရာအကြောင်းအရင်းကို မတွေးတတ်တာတကြောင်းကြောင့် ရေးဖြစ်မည် မဟုတ်ပါ.. ဒီလိုပဲ ပေါက်ပန်းလေးဆယ် ပေါက်တတ်ကရတွေသာ တွင်တွင်ရေးပါမယ်.. တယ်တော်တဲ့ငါ.. ကိုယ့်အကြောင်းကိုယ်သိလို့ ဘလော့နာမည်တောင် ရောက်တတ်ရာရာလို့ ပေးခဲ့မိတယ်.. အမြော်မြင်ရှိချက်..
မိုးတွေရွာလွန်းလို့ စိတ်ညစ်တယ်.. သွားစရာလာစရာရှိ ကောင်းကောင်းမွန်မွန် မသွားလာရဘူး.. ပိတ်ရက်မှာ မိုးအေးအေးလေးနဲ့ ကွေးချင်သော်ငြား... စီးတော်ယာဉ်က ရွှံ့ကာလေးဟာ မည်သို့မည်ပုံ ဖြစ်သည်မသိ .. ပြုတ်နေလေသည်.. လမ်းသွားရင် ပြုတ်ကျမဆိုးလို့ ဖြုတ်ထားပြီး အဲ့သဟာကို သွားတပ်ဖို့ရာ.. အပြင်ကို မဖြစ်မနေထွက်ရဖို့ဖန်လာတော့သည်ပေါ့... အိပ်ယာထဲမှာနေလို့ကတော့ တော်ရုံတန်ရုံ ဗိုက်ဆာတာလောက်ကို မမှုရေးချ မမှု.. အပြင်ထွက်ရမယ်ဆိုတော့လည်း ညည်းညည်းညူညူလုပ်ပြီး မိုးရွာထဲထွက်ရဦးမယ် ဘာညာဆိုပြီး... ဗိုက်ကလည်း ဆာသေးတယ်ပေါ့... ဒါနဲ့ပဲ.. တကိုယ်တော် မနက်စာမကျ နေ့ခင်းစာမကျ ဘိုဆန်ဆန်ဆို ဘရန့်ခ်ျပေါ့နော်.. စားတယ်ပေါ့.. စားချင်တာက နန်းကြီးသုပ်.. ဖူဂျီက နန်းကြီးသုပ်.. နန်းကြီးသုပ်ကြိုက်သူများကတော့ ဘာလို့ အဲ့ဆိုင်ကဟာကိုများ အကောင်းလုပ်ပြီး စားသတုန်းလို့ ပြောချင်ပြောကြပါလိမ့်မယ်.. ကိုယ်ကတော့ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်.. အဲ့လို နန်းကြီးသုပ်မစစ်တဲ့ နန်းကြီးသုပ်ကိုပဲကြိုက်တယ်.. စိန်ပန်းခိုင်.. ခင့်လက်ရာ.. ဦးကြည်.. တခုမှမကြိုက်.. ထားတော့.. နန်းကြီးသုပ်ရလားဆိုတော့ မရတော့ဘူးတဲ့.. ဘယ်ရတော့မှာလဲ .. ဘရိတ်ဖတ်စ်ရောင်းတဲ့ဟာကို နေ့ခင်း ၂ နာရီကျော်လောက်မှ လာမေးနေတာကို... ကဲ.. ဂလိုဆို.. ပလာတာကောဆိုတော့.. ပြည်ပလာတာလားတဲ့... ဟုတ်တယ် အဲ့ဒါတပွဲ.. ခပူချီးနိုးလေးတခွက်ပေါ့... စင်နမန်တွေဖြူးမလာနဲ့နော်ဆိုပြီး အထွန့်တက်.. ၀ိုင်ဖိုင်လေးသုံး.. စားပွဲထိုးတွေဖြတ်လျှောက်ရင် တခြားလူတွေ ဘာတွေများစားလဲ ထပ်ငမ်း.. မီနူးကိုလည်း ဖင်ပြန်ခေါင်းပြန် ကြည့်.. ပလာတာနဲ့မှ မ၀ရင် ဘာစားရမလဲဆိုတာ.. လူဆိုတာ အဲ့လို ပလန်နဲ့သာ အလုပ်လုပ်သင့်တယ်လေ.. ဒါနဲ့ ပေါ့ပေါ့ပါးပါး စားစရာလေးရှာတော့ ဖက်ထုပ်ပြုတ်တွေ့.. အဲ့အချိန်မှာပဲ.. ပလာတာကရောက်လာတော့ ကြည့်ရတာ ၀မဲ့လမ်းမမြင်.. ဖက်ထုပ်ပြုတ်တပွဲပေးပါပေါ့.. ဒါနဲ့ပဲ.. ပလာတာလေးစား.. ဖက်ထုပ်ပြုတ်လေး စား.. ကော်ကော်လေးသောက်နဲ့ စည်စိမ်ရစ်ပီးသကာလ.. ရွှံ့ကာတပ်ဖို့အရေး ချီတက်ရပြန်ပေါ့...
ကားဆေးနေကျဆိုင်ကိုရောက်တော့ ရွှံကာပြုတ်သွားလို့ တပ်ချင်လို့ပါပေါ့.. သူတို့ကလည်း ခဏ၀င်စောင့်ပေါ့.. ဒါနဲ့ တပ်ပြီးသကာလ.. သူတို့က နောက်တဖက်ကိုလည်း မပြုတ်ရအောင် လုပ်ပေးချင်လို့တူပါရဲ့.. နောက်တဖက်ကို ကြည့်တော့ မရှိရှာတော့ဘူး.. နောက်တဖက်မရှိတော့ဘူး.. အမဆီမှာရှိလားဆိုတော့ .. မသိဘူးပေါ့.. ဘယ်အချိန်ကမရှိမှန်းတောင်မသိ.. အဲ့လို အူလည်လည်တွေလုပ်တော့.. ရေကြီးတုန်း ပါသွားတာဖြစ်မယ်ဆိုပြီး သူတို့ကလည်း ထင်ကြေးပေးပေါ့.. ဒါဆိုလည်း တပ်ပေးဆိုတော့ ပစ္စည်းရှိဘူးတဲ့တော်.. နောက်တပတ်လောက်မှတဲ့.. ထားတော့ .. ခုဘီလောက်တုန်းဆိုတော့ .. ပေးစရာမလိုဝူးတဲ့.. အို.. ပျော်တာ.. ဒါဆို.. နောက်တပတ်မှလာခဲ့မယ်ဆိုပြီး ၀မ်းသာအားရပြန်လာ..
ဘယ်လိုပင် အဆင်ပြေသော်ငြားလည်း.. (ညည်းပါရစေဦး.. မပါမဖြစ် ညည်းချင်းလေး).. ချစ်သူသာရှိရင် ကိုယ်က ဒါမျိုးတွေ လိုက်လုပ်နေစရာမလိုပါ.. အဲ့နေ့ကလို မိုးအေးအေးနဲ့ဆို.. ချစ်သူရင်ခွင်ထဲမှာ အေးအေးဆေးဆေးကွေး.. ဗိုက်ဆာရင် တခုခုထလုပ်စား... ရုပ်ရှင်လေးကြည့်ရင်း ပြန်ခွေ.. ကားပျက်ရင်.. ရုံးဖွင့်ရက်မှ ရုံးလိုက်ပို့ပြီး အပြန် ကိုကို ၀င်ပြင်လိုက်ဆို.. ဒန်း (done) ပေါ့နော်... အဲ့ဒါမျိုးတွေတွေး.. မိုးကရွာ.. လောကကြီးကဆွေးစရာကြီးပေါ့ကွာ..
No comments:
Post a Comment