ခုတလော စိတ်တွေရှုပ်ရလွန်းတယ်..
တွေဝေ မပြတ်သားတဲ့ ကိုယ့်အတွေးတွေကြောင့် ကွကိုယ် တယောက်တည်း ရှုပ်နေတာ..
ဘာမှ ကြီးကြီးမားမားရယ်တော့လည်း မဟုတ်ပါဘူး......
ယောကျာ်းတွေရဲ့ သစ္စာမရှိတဲ့အကြောင်း.. အချောင်ရရင် ရသလို ဖောက်ပြန်တတ်တဲ့အကြောင်းတွေ ကြားရတော့ ယောက်ျားယူဖို့ကို အလိုလိုကြောက်မိတယ်....
ယောကျာ်းယူပြီးမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာကို မလိုလားသလို အကွဲအပြဲတွေလည်း မဖြစ်ချင်ဘူး...
အဲ့ဒါက ဦးနှောက်တခြမ်းကတွေးနေတယ်ဆို.. နောက်တခြမ်းက ကိုယ်ဟာ.. ချစ်သူမရှိတဲ့ ဘ၀မှာ ဘယ်လိုမှမနေနိုင်ဘူးဆိုပြီးတွေးမိတယ်...
အရှေ့က ပို့စ်တွေမှာ ရေးခဲ့ပြီးသလို ချစ်သူမရှိတဲ့ဘ၀က ကိုယ့်အတွက်ခက်ခဲလွန်းတယ်လေ..
ချစ်သူရှိတုန်းက ဘယ်လို စိတ်ညစ်စရာတွေဘဲ ကြုံရကြုံရ.. ကိုယ်ဟာ ခုလောက် စိတ်မညစ်တတ်ဘူး....
ခုတော့ စိတ်ညစ်စရာသေးသေးလေးရှိလာရင်တောင် သေမတတ် စိတ်ညစ်နေတတ်တယ်...
စကားစပ်လို့ပြောရမယ်ဆို.... ခုတလောလေးတင်ကပဲ.. ကိုယ့်ကို ချောက်ထဲ တွန်းချချင်သူတစုကြောင့် အတော်စိတ်ညစ်ခဲ့ရတယ်...
ကိုယ်မစဉ်းစားတတ်တာက.. ဘာလို့ သူတို့ ဒီလိုလုပ်လဲဆိုတာကို...
ကိုယ့်အလုပ်မှာ ကိုယ်အတတ်နိုင်ဆုံး တာဝန်ကျေအောင်ကိုယ်လုပ်တယ်... ကိုယ့်ကို ချောက်ချချင်သူ လူတစုကို ကိုယ်မပုတ်ခတ်ဖူးဘူး.. (ဘယ်သူ့ကိုမှ မပုတ်ခတ်ဘူး လို့ ကိုယ်မပြောပါဘူး)
ကိုယ်ဟာ သူတို့ထက် ရာထူးလည်း နိမ့်သလို လစာလည်း နဲတယ်..
ကိုယ့်ရဲ့ ပြိန်းတိန်းတိန်း ဥာဏ်လေး တထွာတမိုက်နဲ့တော့ ဒါဟာကိုယ့်ကို အကြောင်းမဲ့သက်သက် မနာလိုလို့ဘဲလို့ တွေးမိတယ်..
သူ့ဟာသူ အသက်ရှူနေလို့ကို ကြည့်မရပါဘူးဆိုတဲ့ သူတွေ ကိုယ့်မှာ ရှိပါတယ်.. ဒါပေမဲ့ ချောက်ချဖို့လောက်ထိတော့ ပိုးစိုးပက်စက် မစဉ်းစားမိဘူး.. အဲ့ကောင်မတော့ ကြည့်မရဘူးဟယ် ဆိုတာနဲ့ ပြီးသွားတာလောက်ပဲ...
ကိုယ့်ရုပ်ကလည်း ရွက်ကြမ်းရေကျိုရုပ်.. ခုနကပြောသလို ရာထူး လစာ အောက်ခြေကဟာကို ဘာကိုများ မနာလိုသလဲတော့ မသိ....
ချောက်ချချင်လောက်အောင် သောက်မြင်ကတ်တာဆိုရင်လည်း ဒါဟာ မနာလိုလွန်းလို့သာ ဒီလောက်ထိ သောက်မြင်ကတ်တာလို့ပဲ စွပ်စွဲတော့မယ်...
ထားတော့...
အဲ့လို စိတ်အခန့်မသင့်တာလေးတွေ ဖြစ်တော့လည်း ချစ်သူရှိမယ်ဆို ခုလောက် စိတ်ညစ်နေမှာ မဟုတ်ဘူးလို့ စဉ်းစားမိတယ်.. ချစ်သူရဲ့ ရင်ခွင်ထဲ ခဏလောက် မှေးလိုက်ရရင်၊ ချစ်သူမျက်နှာလေး ခဏလောက် မြင်လိုက်ရရင်၊ ချစ်သူနဲ့ ထမင်းတနပ်လောက် အတူတူ စားလိုက်ရရင်၊ ရုပ်ရှင်တကားလောက် အတူတူ ကြည့်လိုက်ရရင် ကိုယ် စိတ်ညစ်နေတာတွေက ဘာဆိုဘာမှ မဟုတ်တော့ သလို ဖြစ်သွားမှာပေါ့နော်......
နေမကောင်းကလဲဖြစ်သေးတယ်.. ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး.. ၀မ်းပျက်တာရယ်... အချိန်မှန် လာတဲ့ ဧည့်သည်ရယ်.. ခေါင်းမူးတာရယ် ပေါင်းလိုက်တော့ နေမကောင်းဘူးပေါ့.. အဲ့လိုအချိန်မှာ ချစ်သူရဲ့ ရင်ခွင်ကို ကိုယ်အရမ်းတမ်းတပါတယ်..... ချစ်သူသာ အနားမှာ ရှိနေရင် ကိုယ့်ဝေဒနာတွေ တ၀က်လောက် သက်သာမှာပါ....
ယောကျာ်းတွေ ဖောက်ပြန်တတ်တဲ့အကြောင်း ချစ်သူကို ကိုယ်ပြောတော့ ချစ်သူနဲ့ ကိုယ်နဲ့ ရန်ဖြစ်ကြတယ်... ချစ်သူကလည်း မိန်းမတွေသာ ဖောက်ပြန်တဲ့အကြောင်းပြန်ပြောတယ်... ပြောရင်းနဲ့ ရန်ဖြစ်ကြတယ်ပေါ့.....
အဲ့လိုဆိုတော့လည်း ချစ်သူမရှိလို့ မဖြစ်ဘူးဆိုတာက အလေးသာသွားပြန်ရော......
ကိုယ်ဟာ ဘယ်အရာကိုမှ မပြတ်သားတတ်တော့ဘူးထင်ပါရဲ့.....
No comments:
Post a Comment