ရုံးမှာတော့ အုန်းထမင်းချက်တာနဲ့ဘာနဲ့ညာနဲ့.. ငါ့အိမ်မှာဆိုရင်တော့ ဗိုက်ဆာတယ်ပဲ အော်တတ်တယ်ဆိုပြီး မွေးသမိခင်က ပြောတာနဲ့ ဒီပိတ်ရက်မှာ အုန်းထမင်းချက်ဖြစ်တယ်..
လုပ်မယ်ဆိုရင် အစဆုံး ကွကိုယ် လုပ်ချင်တာမို့.. ပုဇွန်ခြောက်ကြော်ကိုပါ ကိုယ်တိုင်ကြော်တယ်..
အုန်းနို့နံ့ပါတယ်ဆိုရုံလောက်ပါတဲ့ အုန်းထမင်း..
အမွှေးနံ့သာတွေနဲ့ ကြက်သားဟင်း...
ပုဇွန်ခြောက်ကြော်..
ကြက်သွန်ချဉ်...
လူကြီးတွေကတော့ ကောင်းတယ်ပေါ့.. ငါ့သမီးလေးချက်တာ..ဆိုပြီး ပြောကြရှာပါတယ်...
နောက်ရက်ကျတော့ သာဂူပြင် ထပ်လုပ်ဖြစ်တယ်.. ပထမတခါလုပ်တုန်းက ဓါတ်ပုံမရလိုက်လို့ အခုမှပဲ သာဂူပြင် အကြောင်း စရတော့မယ်..
https://www.facebook.com/ChawSusFoodFriends ကရတဲ့ သာဂူပြင်လုပ်နည်းလေးအတိုင်းလုပ်တာပါ.. သာဂူပြင်ကိုလည်း အုန်းထမင်းနည်းတူ တသက်လုံး မစားခဲ့ဖူးဘူး... စားချင်စရာကောင်းတယ်လို့လည်း မထင်ခဲ့မိဘူး.. ဒါပေမဲ့ မချောစုရဲ့ ဓါတ်ပုံလေးကို တွေ့တော့ ဘယ်လိုမှ မနေနိုင်အောင် စားချင်တာနဲ့ သူချက်နည်းတင်ရင်တော့ဖြင့် လုပ်စားတော့မယ်ဆိုပြီး တေးထားလိုက်တယ်... အဲ့ဒါနဲ့ပဲ သာဂူပြင်ဇာတ်လမ်းက စတာပေါ့...
စလုပ်ထဲက မချောစုရဲ့နည်းအတိုင်း တသွေမတိမ်းလိုက်နာပြီး အချိန်အတွယ်ကစ လုပ်တော့ အတော်အဆင်ပြေပါတယ်.. မီးဖို အနေထားကွာတာကြောင့် သာဂူကျိုချိန်တို့ အာဗင်ထဲထည့်ချိန်တို့ ကွာပေမဲ့ အတော်အဆင်ပြေပြေလေးထွက်လာတယ်.. စားလို့ကောင်းလွန်းတာကြောင့် ကိုယ်တိုင်က ထပ်စားချင်တာတကြောင်း.. အကုန်လုံးက တောင်းဆိုတာတကြောင်းကြောင့်.. ပစ္စည်းတွေကျန်သေးတယ်ဆိုတာကို အကြောင်းပြုပြီး ထပ်လုပ်သည်ပေါ့.. ဒါလည်း မလောက်ပြန်ပါဘူး.. ရုံးကလူတွေက နဲနဲပဲစားရလို့ဆိုကာ.. ထပ်လုပ်ကျွေးရပါဦးမယ်.. ဘယ်လောက်ကောင်းလဲဆိုတာတော့ ပုံတွင်ရှု..
No comments:
Post a Comment