ဆိုင်ကြော်ငြာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီဆိုင်လေး စားကောင်းတယ်.. ဈေးလည်း တန်တယ်ပေါ့နော်.. ပုံတွေချည်းပဲ...
အခေါက်ကင်... ပြောရမယ်ဆိုရင်တော့ အခေါက်ကင်ကကောင်းတော့ ကောင်းတယ် .. ဒါပေမဲ့ တခါနဲ့တခါ မတူဘူး.. လက်မမှန်ဘူးပေါ့နော်..
ဝါးပိုး.. ရန်ကုန်မှာ ရှားရှားပါးပါး ရတာဆိုတော့ ဈေးတော့ နဲနဲကြီးတယ်.. တသောင်းတဲ့...
သုံးထပ်သားပေါင်း... တရုတ်မဆလာနံ့နဲနဲကဲတယ်...
အာလူးထောင်းလုံးကြော်...
ဝက်လျှာ - ၀က်နားရွက် မာလာသုပ်... ဟိုဘက်ထောင့်က ဖက်ထုပ်ပေါင်း...
မာလာဟင်း.. ရွှေလီ အကင်ဆိုင်က မာလာဟင်းကလွဲရင် ဘယ်ဆိုင်က မာလာဟင်းကိုမှ စားလို့မရဘူး.. ဒီမာလာဟင်းကိုတော့ ရွှေလီရဲ့နောက် နံပါတ် ၂ နေရာမှာ ထားလိုက်တယ်...
မာလာငါးပေါင်း... ကောင်းတယ်..
ပဲရွက်ကြော်...
ဝက်ခေါင်း တို့ဖူးသုပ်... အော်စွန်းတွေလည်း ပါတယ်..
ဓါတ်ပုံတွေက အတူသွားစားတဲ့ ရုံးကတယောက်ရိုက်ထားတာကို ယူထားတာပါ.. ကိုယ့်လက်ရာလောက်တော့ သဘောမကျဘူးပေါ့... :P
ခုပ်ဖူဆိုင်နဲ့မောင်နှမဆိုလား.. ခွဲထွက်လာတယ်လို့ပြောတယ်... လက်ရာကတော့ ကောင်းပါတယ်.. အိမ်က လူကြီးတွေကတော့ ခုပ်ဖူဆိုင်နဲ့ပတ်သက်မှန်းတော့ မသိသေးဘူး.. ခုပ်ဖူကို ပိုကြိုက်တယ်လို့တော့ ပြောကြသည်ပေါ့... ဆိုင်အပြင်ဆင် အနေထားနဲ့ဆိုရင်တော့ ခုပ်ဖူက ပိုအဆင်ပြေတယ်.. စားရတာရော.. ကားပါကင်ရော.. ထားတော့.. ဒီဆိုင်လည်း သွသူတော့ ကောင်းပါတယ်.... ကိုယ်က ကိုယ်ကြိုက်တယ် စားလို့အဆင်ပြေတယ်ဆို.. ဘယ်ဆိုင်ကို ပိုကြိုက်လဲမေးရင် တမျိုးစီလို့ပဲဖြေတယ်.. ဒါမှ ဘယ်ဆိုင်သွားသွား လိုက်ရအောင်..
ပို့စ်ကို ပတ်ဘလစ်ရှ်လုပ်မယ်ဆိုပြီး ခေါင်းစဉ်ပြန်ကြည့်တော့မှ သတိရတယ်... ဆိုင်နာမည်က တောသားကြီးတဲ့...
No comments:
Post a Comment