ဒါက အမကြီးတယောက် ချက်လာတဲ့ ကြက်သားဟင်း...
ရုံးမှာ ချက်တဲ့ အုန်းထမင်း.. ရေကလွဲရင် ကျန်တာအကုန် ကိုယ့်ရဲ့ လက်မှန်းနဲ့ ချက်တာ..
မုန်လာဥနီသုပ်.. ပုဇွန်ခြောက်ကြော်.. ပန်းကန်ထဲကဟာက စီးတီးမတ်က သိပ်မကောင်းတဲ့ ငပိကြော်..
အအီပြေ ကြက်သွန်ချဉ်..
နာနတ်သီးကတော့ မကြိုက်ဘူး.. ဒီတိုင်း ဓါတ်ပုံ ရိုက်ချင်ရုံသက်သက်ပဲ....
အုန်းထမင်းကို တသက်လုံး မကြိုက်ခဲ့ဖူးဘူး... စားလည်း မစားဘူး.. အလှူမှာကျွေးလည်း အားမနာတမ်း မကြိုက်ဘူးပြောပြီး မစားဘူး.. အုန်းနို့ခေါက်ဆွဲတို့ .. တခြား အုန်းနို့ပါတဲ့ မုန့်တချို့ကြိုက်ပေမဲ့.. အုန်းနို့နံ့ကြီးနဲ့ ထမင်းကိုတော့ ခံစားလို့မရဘူး.. ပထမဆုံး လက်တည့်စမ်းလိုက်တဲ့ ကိုယ့်လက်ရာကို ကိုယ် စားကြည့်ပြီး အုန်းထမင်းကြိုက်သွားတယ်.. အုန်းနို့တွေ မဟားတရား မပါပဲ.. စားလို့ကောင်းတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော်ပါတယ်.. အင်တာနက်မှာ ချက်နည်း နဲနဲလိုက်ကြည့်တယ်.. အကုန်လုံးက နို့ဆီဘူး ၅လုံးချက်တို့ဘာတို့ရေးထားတာချည်းပဲ.. အချိုးလျှော့လိုက်တယ်.. သူများရေးထားတဲ့ အထဲက ရှိတဲ့ပစ္စည်းထည့်တယ်.. အုန်းထမင်းကောင်းကောင်းလေးတော့ ဖြစ်သွားတာပဲ.. :)
No comments:
Post a Comment